Connect with us

Europe

Brexit အချိန်ရွှေ့ဆိုင်းရန် ဗြိတိန်အတည်ပြု


လန်ဒန်၊ မတ် ၂၈ ရက်(ဆင်ဟွာ)

မူလ သတ်မှတ်ထားသည့် မတ် ၂၉ ရက် Brexit အချိန်ကို ရွှေ့ဆိုင်းရန် ဗြိတိန်အောက်လွှတ်တော်က မတ် ၂၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် Brexit နောက်ဆုံးကန့်သတ်ချိန်ကို အတိအကျသတ်မှတ်ထားခြင်းမရှိသေးကြောင်းသိရသည်။

မတ် ၂၇ ရက် ဗြိတိန်လွှတ်တော်မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၄၄၁ မဲ ၊ ကန့်ကွက်မဲ ၁၀၅မဲဖြင့် မူလ သတ်မှတ်ထားသည် Brexit အချိန်ကို ဥပဒေအရ ပယ်ဖျက်ပေးခဲ့သည်။

ဗြိတိန် အောက်လွှတ်တော်တွင် Brexit အချိန်ရွှေ့ဆိုင်းရန် မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်စဉ်(ဆင်ဟွာ)

ဗြိတိန် အောက်လွှတ်တော်တွင် Brexit အချိန်ရွှေ့ဆိုင်းရန် မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်စဉ်(ဆင်ဟွာ)

ထိုမတိုင်မီက ဗြိတိန်ဝန်ကြီးချုပ်ထရီဇာမေ၏ Brexitအချိန် ရွှေ့ဆိုင်းရန် လျှောက်ထားချက်ကို ဥရောပသမဂ္ဂက သဘောတူခဲ့ပြီး ရွေးချယ်ရန်နည်းလမ်းနှစ်ခုပေးခဲ့ကြောင်း သိရသည်။ Brexit သဘောတူညီချက်ကို ဗြိတိန်လွှတ်တော်က အတည်ပြုမည်ဆိုပါက Brexitကန့်သတ်ချိန်ကို မေလ ၂၂ ရက်အထိ ရွှေ့ဆိုင်းခွင့်ပေးမည်ဖြစ်ပြီး ပယ်ချခဲ့မည်ဆိုပါက ဗြိတိန်အနေဖြင့် ဧပြီ ၁၂ ရက် မတိုင်မီ ရွေးချယ်မှုအသစ်တစ်ခုကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဥရောပကောင်စီဥက္ကဋ္ဌ Donald Tuskက ရွေးချယ်မှုအသစ်တစ်ခုဆိုသည်မှာ သဘောတူညီချက်ကို ခွင့်ပြုခြင်းဖြစ်နိုင်သလို သဘောတူညီချက်မဲ့လည်းဖြစ်နိုင်ကြောင်း သို့မဟုတ် အချိန်ရွှေ့ဆိုင်းခြင်း ၊ Brexit ဖျက်သိမ်းခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရအနေဖြင့် မတ် ၂၉ ရက်တွင် ယခင်က နှစ်ကြိမ်ပယ်ချခံထားရသည့် Brexit သဘောတူညီချက်ကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် တင်ပြနိုင်ကြောင်း ဗြိတိန် Brexitရေးရာ အတွင်းဝန် Stephen Barclayက မတ် ၂၇ ရက်တွင် ဆိုသည်။ ထိုနေ့တွင်ပင် ဝန်ကြီးချုပ်ထရီဇာမေက Brexit သဘောတူညီချက်ကို လွှတ်တော်က အတည်ပြုခဲ့မည်ဆိုလျှင် Brexit ပြီးနောက် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ဆိုသည်။

ထရီဇာမေ၏ ပြောကြားချက်တွင် Brexit သဘောတူညီချက်ကို လွှတ်တော်တွင် အတည်ပြုနိုင်ဖွယ် အခြေအနေ အနည်းငယ်ရှိကြောင်း ၊ သို့သေ်ာလည်း အတားအဆီးအနှောက်အယှက်များကို အများကြီးရှိနေဆဲဖြစ်မည်ဟု ဗြိတိန်မီဒီယာအချို့က ယူဆကြသည်။ မြောက်အိုင်ယာလန် ဒီမိုကရက်တစ် ညီညွတ်ရေးပါတီ (DUP)ပါတီခေါင်းဆောင် Arlene Fosterက Brexit သဘောတူညီချက်သည် မြောက်အိုင်ယာလန် ဒေသ ဥရောပသမဂ္ဂသတ်မှတ်ချက်၏ထိန်းချုပ်မှုကို ခံရဖွယ်ရှိကာ ဗြိတိန်မှ ခွဲထွက်သွားနိုင်သောကြောင့် ၎င်း သဘောတူညီချက်ကို ဆက်လက် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ထပ်မံပြောကြားထားသည်။

လွှတ်တော်၏လုပ်ထုံးလုပ်နည်းများအရ ပယ်ချခံထားရသည့် Brexitသဘောတူညီချက်တွင် အကြောင်းအရာလက်တွေ့ပြောင်းလဲမှုမရှိပါက တတိယအကြိမ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန်တင်သွင်းခြင်းကို လက်ခံမည်မဟုတ်ကြောင်း ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ John Bercowက မတ် ၂၇ ရက်တွင် ထပ်မံပြောကြားခဲ့သည်။ (Xinhua)