Connect with us

Asia

မော်လ်ဒိုက် တွင် H1N1ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေ၍ ဆော်ဒီဘုရင် ၏ ခရီးစဉ်အား ခေတ္တရွှေ့ဆိုင်းထား

ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇဇ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မေးလ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

မော်ဒိုက်နိုင်ငံတွင် H1N1ရောဂါပိုး လျင်မြန်စွာပြန့်ပွားနေ၍ မော်လ်ဒိုက်နိုင်ငံသို့ မတ်လ ၁၈ ရက်တွင် စတင်သွားရောက်လည်ပတ်မည့် ဆော်ဒီဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇဇ် ၏ ခရီးအစီအစဉ်အား ခေတ္တရွှေ့ဆိုင်းထားခဲ့ကြောင်း မော်လ်ဒိုက်အစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် မတ်လ ၁၇ ရက်က ဖော်ပြခဲ့သည်။

အစိုးရက ဆော်ဒီဘုရင်၏ ခရီးစဉ် နှောင့်နှေးခဲ့ရကြောင်း နှင့် မည်သည့်အချိန်တွင် မော်လ်ဒိုက်နိုင်ငံသို့ လာရောက်မည်ကို ပြောကြားခဲ့ခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။

မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး Mohamed Assim က မော်လ်ဒိုက်ခရီးစဉ်အတွက် နေ့ရက်အသစ် စီစဉ်ပြီးသည်နှင့် အများပြည်သူသို့ကြေညာပေးသွားမည်ဖြစ်ကြောင်း မတ် ၁၇ ရက်ကပြောကြားခဲ့သည်။

မော်လ်ဒိုက်၏ သန္တာကျောက်တန်းကျွန်းများ အနက် တစ်ကျွန်းအား ဆော်ဒီတော်ဝင်မိသားစုသို့ရောင်းချခဲ့ကြောင်း မော်လ်ဒိုက်နိုင်ငံ၏ အတိုက်အခံပါတီများ က စွပ်စွဲခဲ့ပြီး ဆော်ဒီဘုရင်လာရောက်လည်ပတ်ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ (Xinhua)