Connect with us

Europe

Brexit အချိန် ဗြိတိန်ရွှေ့ဆိုင်းရန် ဆုံးဖြတ်မည်ဆိုပါက စဉ်းစားပေးမည်ဖြစ်ကြောင်း ပြင်သစ်၊ဂျာမနီ နှစ်နိုင်ငံက ဆို


ပါရီ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

Brexit အချိန် ဗြိတိန်ရွှေ့ဆိုင်းရန် ဆုံးဖြတ်မည်ဆိုပါက စဉ်းစားပေးမည်ဟု ပြင်သစ် သမ္မတ မိုက်ခရွန် နှင့် ဂျာမနီ ဝန်ကြီးချုပ်အန်ဂျလာမာကဲ က ဖေဖော်ဝါရီ ၂၇ တွင် ပါရီမြို့၌ ပြောကြားခဲ့ ကြောင်း သိရ သည်။

ပြင်သစ်သမ္မတမိုက်ခရွန် သည် ပါရီမြို့သို့လာရောက်လည်ပတ်သော ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာမာကဲနှင့် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြင်သစ်သမ္မတမိုက်ခရွန် က “ဗြိတိန် အနေနဲ့ အချိန်ပိုလိုအပ်မယ်၊တောင်းဆိုချက်ကလည်း လျော်ညီမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ Brexit အချိန် ရွှေ့ဆိုင်းပေးဖို့ စဉ်းစားမှာပါ” ဟု ပြောကြားခဲ့သည်။ သို့သော် Brexit သဘောတူညီချက်ကို ပြန်လည်ဆွေးနွေးညှိနှိုင်းမည်မဟုတ်ကြောင်း ၊ ယခုအချိန်သည် ဗြိတိန်၏ရွေးချယ်ဆုံးဖြတ်ရမည့် အချိန်ဖြစ်ကြောင်း ၎င်းက အလေးအနက်ထားပြောကြားခဲ့သည်။

ပြင်သစ် သမ္မတ မိုက်ခရွန် နှင့် ဂျာမနီ ဝန်ကြီးချုပ်အန်ဂျလာမာကဲတို့ ပြင်သစ်နိုင်ငံ ပါရီမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဂျာမနီ ဝန်ကြီးချုပ်အန်ဂျလာမာကဲကလည်း သမ္မတမိုက်ခရွန် ၏ အဆိုကို ထောက်ခံခဲ့ပြီး ၎င်းက ဗြိတိန်အနေဖြင့် Brexitအတွက် အချိန်လိုအပ်မည်ဆိုလျှင် ရွှေ့ဆိုင်းပေးရန် စဉ်းစားပေးမည်ဖြစ် သော်လည်း ဖြေရှင်းရန်နည်းလမ်းကိုမူ ရှာဖွေရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ မိုက်ခရွန် နှင့် ဝန်ကြီးချုပ်အန်ဂျလာမာကဲ၏ တွေ့ဆုံဆွေးနွေးမှုတွင် ဥရောပကောင်စီ အစည်းအဝေး ၊ ဗြိတိန်၏ Brexit ၊ အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေး စသည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ပြင်သစ်သမ္မတအိမ်တော်၏ သတင်းများအရ သိရသည်။ မတ်လ လွှတ်တော်မဲခွဲဆုံးဖြတ်မှုတွင် Brexitသဘောတူညီချက်ကို အတည်မပြုပယ်ချခဲ့မည်၊ သဘောတူညီချက်မဲ့ နုတ်ထွက်ခြင်းကိုလည်း ငြင်းပယ်ခဲ့မည်ဆိုလျှင် Brexit အချိန်ကို ရွှေ့ဆိုင်းရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယခင်သဘောတူညီချက်အရ ဗြိတိန်သည် ဥရောပသမဂ္ဂမှ မတ်လ ၂၉ ရက်တွင် တရားဝင် နုတ်ထွက် မည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117