ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်သရုပ်ဆောင် ဝမ်ရှင်းအမှု၌ ပါဝင်ပတ်သက်မှုရှိသော သံသယရှိသူ တရုတ်နိုင်ငံသား ၁၀ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။ ဖမ်းဆီးခံရသည့် သံသယရှိသူ...
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်ကာ ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားနှင့် လူကုန်ကူးမှုကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် အပြင်းအထန် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကော်ကျားခွန်းက ဇန်နဝါရီ ၁၇ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) ………………………………………….....
ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) လူပေါင်း ၁သိန်းနီးပါးသည် အဓမ္မ လုပ်အားခိုင်းစေရန် အမေရိကန်နိုင်ငံသို့ နှစ်စဉ် လူမှောင်ခိုကူးခြင်းခံနေရသည်။ အမေရိကန်တွင် ကြီးမားသည့်ပြဿနာများဖြစ်သည့်လူကုန်ကူးမှုနှင့် အဓမ္မလုပ်အားခိုင်းစေမှု ကိန်းဂဏန်းအချက်အလက်များမှ တစ်ဆင့် လေ့လာကြည့်နိုင်သည်။ အမေရိကန်နိုင်ငံသည် လက်ရှိ အချိန်အထိ သမိုင်းတစ်လျှောက် ကျွန် ကုန်ကူးခြင်း လုပ်ဆောင်သည့် မူလအရင်းအမြစ်ဖြစ်ကြောင်း...
ရန်ကုန် ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)ဆင်ဟွာသတင်းဌာန အနေဖြင့် လတ်တလောရက်ပိုင်းအတွင်း “Myanmar woman’s rural life in China” ဟူသည့် ခေါင်းစဉ်ဖြင့် ဗီဒီယိုသတင်းတစ်ပုဒ်ဖော်ပြခဲ့ပြီး ဗီဒီယိုတွင် မြန်မာအမျိုးသမီးတစ်ဦး၏ ရှုထောင့်ဖြင့် တရုတ်နိုင်ငံ၏ဆင်းရဲနွမ်းပါမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်အပေါ် အမြင်အား ရိုက်ကူးတင်ဆက်ခဲ့ပါသည်။
ရန်ကုန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ အလေးထားကြိုးပမ်းဆောင်ရွက်ချက်များအား ထင်ဟပ်မှုမရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း လူကုန်ကူးမှု အမှုပေါင်း ၂၃မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူကုန်ကူးမှုပေါင်း ၁၈ မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွင်း လူကုန်ကူးမှု ကိုးမှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၁၁ဦးကို ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာအရ ကျင်းပမည့် ရှစ်ကြိမ်မြောက် မြန်မာ-တရုတ်လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဒီဇင်ဘာလ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးမှု...
ရန်ကုန်၊ဇူလိုင်၂၁ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာ၌ ၂၀၁၅ ခုနှစ် တွင်ရေးဆွဲခဲ့သည့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို ပြန်လည် ပြင်ဆင်ခြင်း နှင့် နည်းဥပဒေ ရေးဆွဲခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း ယနေ့ ထုတ်ပြန်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာတွင် ပါရှိသည်။