နေပြည်တော်၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း သို့မြန်မာနိုင်ငံက ဝင်ရောက်ရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက အတည်ပြုခဲ့သည်။
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) အာဆီယံ နိုင်ငံ ခေါင်းဆောင်များသည် လူကုန်ကူးမှု တိုက်ဖျက်ရေး ပထမဆုံး ဒေသတွင်း ဥပဒေ မူဘောင်အား နိုဝင်ဘာလ ၂၁ ရက်က လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ဇူလိုင်၂၁ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာ၌ ၂၀၁၅ ခုနှစ် တွင်ရေးဆွဲခဲ့သည့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို ပြန်လည် ပြင်ဆင်ခြင်း နှင့် နည်းဥပဒေ ရေးဆွဲခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း ယနေ့ ထုတ်ပြန်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာတွင် ပါရှိသည်။