Connect with us

Politics & Security

လူကုန်ကူးမှု တိုက်ဖျက်ရေး ဒေသတွင်း တရားဝင် သံန္နိဠာန် အာဆီယံ အတည်ပြု

၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်များက လူကုန်ကူးမှု တိုက်ဖျက်ရေး ပထမဆုံး ဒေသတွင်း ဥပဒေ မူဘောင်အား လက်မှတ်ရေးထိုးခဲ့ကြသည် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အာဆီယံ နိုင်ငံ ခေါင်းဆောင်များသည် လူကုန်ကူးမှု တိုက်ဖျက်ရေး ပထမဆုံး ဒေသတွင်း ဥပဒေ မူဘောင်အား နိုဝင်ဘာလ ၂၁ ရက်က လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။

အထူးသဖြင့် အမျိုးသမီးနှင့် ကလေးများအား လူကုန်ကူးမှု တိုက်ဖျက် ခြင်းဆိုင်ရာ အာဆီယံ ကြေညာ စာတမ်း (ACTIP) သည် နိုင်ငံရေး သဘောတရားနှင့် ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက် ရေးအပေါ် အဖွဲ့ဝင် နိုင်ငံများ၏ သဘောထား များအား အထင်အရှား ပြသရာလည်း ရောက်ကြောင်း ယင်းကြေညာ စာတမ်းအား ခေါင်းဆောင် များ လက်မှတ် ရေးထိုးပြီးနောက် ထုတ်ပြန်သည့် ကြေညာစာတမ်း၌ ဖော်ပြထားသည်။

ACTIP ၏ ရည်ရွယ်ချက်ထဲတွင် အဖွဲ့ဝင်နိုင်ငံများ အကြား လူကုန်ကူးမှု တိုက်ဖျက်ခြင်း၊ ကာကွယ်ခြင်းနှင့် နစ်နာသူများအား ထောက်ပံ့ပေးခြင်းနှင့် လူကုန်ကူးသူများအား ထိရောက်သည့် ပြစ်ဒဏ်များနှင့် တရားစီရင်ရေး များ ချမှတ်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရန် စသည်တို့ ပါဝင်သည်။

အာဆီယံ ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ် ဂျကာတာ၌ ပြုလုပ်သည့် ၁၈ ကြိမ်မြောက် ထိပ်သီး အစည်း အဝေးတွင် ACTIP အား စတင်ခဲ့ပြီး လုပ်ငန်းများအား အရေးတကြီး လုပ်ဆောင်ခဲ့သည်။

ACTIP သည် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ခိုက်ရေး အာဆီယံ ကြေညာစာတမ်း ထုတ်ပြန်ပြီးနောက် ဒုတိယမြောက် ကြေညာစာတမ်း တစ်ခုလည်း ဖြစ်သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် ACTIP အား ၁၃ ကြိမ်မြောက် အာဆီယံ နိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်း ကောင်စီ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၁၉၆၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အာဆီယံ၌ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများ ပါဝင်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117