ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်၌၂၀၁၉ ခုနှစ် မြန်မာရိုးရာသြင်္ကန်ကာလအတွင်း လမ်းလျှောက်သြင်္ကန်ပွဲများသို့ လာရောက်လည်ပတ်သူများပြားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက် မဟာသြင်္ကန်ပွဲတော် အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။
နေပြည်တော်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် နေပြည်တော်သြင်္ကန်ဖွင့်ပွဲကို ဧပြီ ၁၃ ရက် သြင်္ကန်အကြိုနေ့ ညနေ ၅ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်မဏ္ဍပ် နေပြည်တော် မြို့တော်ခန်းမရှေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူ၄ဦးသေဆုံးပြီး ၃၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။ယခုနှစ် သြင်္ကန်နှင့်ပတ်သက်၍ မှုခင်းဖြစ်ပွားမှုမှာ ယာဉ်နာကျင် (၂)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄)ဦး၊ ဒဏ်ရာ ရရှိသူ (၉)ဦးရှိကြောင်း၊...
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ယခုနှစ် ရန်ကုန်သြင်္ကန်တွင် ယခင်နှစ်များနှင့်မတူဘဲ လမ်းလျှောက် သြင်္ကန် ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်မြို့လယ် အချက်အချာဖြစ်သည့် မြို့တော် ခန်းမအနီးတစ်ဝိုက်နှင့် ကမ်းနားလမ်းတစ်လျှောက် တွင် ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
နေပြည်တော်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ယခုနှစ် မန္တလေး မဟာသြင်္ကန်ကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ကျင်းပခြင်း၊ မဏ္ဍပ်များ အရွယ်အစားရော အရေအတွက် လျှော့ချခြင်း၊ ၂၆ ဘီလမ်းတစ်လျှောက် လမ်းလျှောက် သြင်္ကန်အသွင်ပြောင်းခြင်း၊ လူငယ်သြင်္ကန်ကို ၆၂ လမ်း မနော်ရမ္မံအရပ်တွင် သီးခြား ခွဲထားခြင်း စသည့် ပြောင်းလဲမှုများအရ...
ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) သြင်္ကန် ပွဲတော် တစ်လျှောက် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစား နိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး အပြည့်အဝဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) မဟာသြင်္ကန် ကာလအတွင်း မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သတိပြုရန် နှိုးဆော်ချက် ၅ချက်အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်အား ကျုံးပတ်လည်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၁၅ ခုနှင့်အတူ ကျုံးတောင်ဘက်ခြမ်း၌ ကျင်းပမည့် လမ်းလျှောက် သြင်္ကန်ပွဲတော် တွင် ရေကစားမဏ္ဍပ် ၃ဝ ကျော်ပါဝင်၍ ပျော်ရွှင်စွာဆင်နွှဲသွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ၂၀၁၇ ခုနှစ် သြင်္ကန် ကာလ အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက် နစ်နာမှု မရှိစေရေး ၊ ယာဉ်အန္တရာယ် မဖြစ်ပွားစေရေး တို့အတွက် စည်းကမ်းချက် ၁၀ ချက်အား တိကျစွာ လိုက်နာကြရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တိုက်တွန်း...