Connect with us

Culture & Entertainment

၂၀၁၉ ခုနှစ် သြင်္ကန်အကြိုနေ့၌ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

၂၀၁၉ ခုနှစ် သင်္ကြန်အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက် မဟာသြင်္ကန်ပွဲတော် အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။

အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “၁၃၈၁ခုနှစ်ကို ကြိုဆိုကျမယ့် နှစ်သစ်အခါဖြစ်ပါတယ်၊ နှစ်သစ်မှာ ရန်ကုန်မြို့တော်သူမြို့တော်သားအားလုံးနဲ့ မြန်မာနိုင်ငံသားအားလုံး ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ်ကို ကြိုဆိုနိုင်ပါစေ ဆန္ဒပြုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန် အဘက်ဘက်ကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ စိန်ခေါ်မှုများ၊ အခက်အခဲများကို ရင်ဆိုင်နေကြဆဲဖြစ်ပြီး နှစ်ဟောင်းကိုပြန်လည်သုံးသပ်ပြီး နှစ်သစ်ကိုမင်္ဂလာအပေါင်းနှင့် ပြည့်စုံရန် ကြိုဆိုရန်အတွက် ဆောင်ရွက်နေမှုများကို ပြန်လည်သုံးသပ်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

၂၀၁၉ ခုနှစ် သြင်္ကန်အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ရှေ့ဆက်ပြီး နိုင်ငံဖွံ့ဖြိုးရန်အတွက် ပြင်ဆင်ကြရမည်ဖြစ်ပြီး လာမည့်နှစ်သစ်တွင် မြန်မာနိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသည့် တိုင်းပြည်ဖြစ်ရန် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ယင်းနောက် မေမေများအဖွဲ့၊ ဘဘင်အဖွဲ့တို့နှင့် အကအဖွဲ့များက ရိုးရာ အက ယိမ်းအဖွဲ့များဖြင့် ကပြ ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117