Connect with us

Culture & Entertainment

ရန်ကုန်မြို့တော်ခန်းမ အနီးတစ်ဝိုက်နှင့် ကမ်းနားလမ်းတစ်လျှောက် တွင် လမ်းလျှောက် သြင်္ကန်ကျင်းပရန် စီစဉ်

၂၀၁၇ ခုနှစ်သင်္ကြန်တွင် ရေပက်ကစားနေကြသူတို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ယခုနှစ် ရန်ကုန်သြင်္ကန်တွင် ယခင်နှစ်များနှင့်မတူဘဲ လမ်းလျှောက် သြင်္ကန် ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်မြို့လယ် အချက်အချာဖြစ်သည့် မြို့တော် ခန်းမအနီးတစ်ဝိုက်နှင့် ကမ်းနားလမ်းတစ်လျှောက် တွင် ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ယခင်နှစ်များနှင့်မတူဘဲ ရန်ကုန်သြင်္ကန်တွင် လမ်းလျှောက်သြင်္ကန် အစီအစဉ်နှင့် စီးပွားဖြစ် မဏ္ဍပ်များ ပြန်လည်ခွင့်ပြုပေးလာမည်ဖြစ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်နေ ကြောင်း သိရသည်။

ရန်ကုန်မြို့ မြို့တော်ခန်းမ ဗဟိုမဏ္ဍပ်ကြီးကို ခြံရံကာ အနီးတစ်ဝိုက်တွင် လမ်းလျှောက်သြင်္ကန် ပွဲတော်ကျင်းပရန် ပြင်ဆင်ထားသည့်အပြင် ကမ်းနားလမ်းတစ်လျှောက်ကိုလည်း အခြေအနေ ပေါ်မူတည်၍ တိုးချဲ့ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကုမ္ပဏီများမှ သြင်္ကန်မဏ္ဍပ်များ တည်ဆောက် နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

ယခုနှစ် သြင်္ကန်ပွဲတော်တွင် ယခင်နှစ်များက ခွင့်ပြုခြင်းမရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် သြင်္ကန်ပွဲတော်အတွက် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကာ မြို့တော်စည်ပင်၏ ရေပေးဝေနိုင်သည့် အခြေအနေ များအရ မဏ္ဍပ်များကို ခွင့်ပြုချထားပေးသွားမည်ဟု ၎င်းက ပြောကြားသွားခဲ့သည်။

ယခုနှစ် ရန်ကုန်သြင်္ကန်တွင် ရန်ကုန်မြို့တော် အတွင်း အချက်အချာ ကျသည့် နေရာများ အပါအဝင် ဖျော်ဖြေရေးသီးသန့် မဏ္ဍပ်များ၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် တွဲဖက်ထားသော မဏ္ဍပ်စုစုပေါင်း ၁ဝဝ နီးပါး ခွင့်ပြုပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ရိပ်သာလမ်း(ပြည်လမ်းမှ အင်းလျားကြား နှင့် ကမ္ဘာအေးဘုရားလမ်းမှ ဆရာစံလမ်းကြား) အပါအဝင် ရန်ကုန်မြို့တွင်း နေရာအနှံ့ ပါဝင် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ကုမ္ပဏီအဖွဲ့အစည်း များအနေဖြင့် သီးခြား မိမိတို့ခြံဝင်းနေရာများတွင် ပြုလုပ်လိုသည့် အစီအစဉ်ရှိပါကလည်း တင်ပြ လျှောက်ထားနိုင်ပြီး မတ် ၂၅ ရက်တွင် မဏ္ဍပ် တည်ဆောက်ခွင့် လျှောက်လွှာများ ပိတ်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် စီးပွားဖြစ်မဏ္ဍပ်များ ပြန်လည် ခွင့်ပြုလာသော်လည်း ယခင်က စည်ကားခဲ့သည့် အင်းလျားလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးစေတီ လမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်များ ခွင့်ပြုပေး ထားခြင်းမရှိကြောင်း သိရသည်။ အထူး သဖြင့် ယခုနှစ်တွင် စတင်ကျင်းပမည့် လမ်းလျှောက် သြင်္ကန်နှင့် စတုဒိသာ မဏ္ဍပ်များက အများပြည်သူ အတွက် ဆွဲဆောင်ရာဖြစ်လာနိုင်သည်ဟု ရန်ကုန် မြို့ခံများက မျှော်လင့်ကြသည်။ ယင်းအပြင် ရန်ကုန် လမ်းလျှောက် သြင်္ကန်နှင့် စတုဒိသာကျွေးမွေးမည့် နေရာများအဖြစ် မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီး မြေပဒေသာကျွန်း၊ ကန်တော်မင်ပန်းခြံ၊ သခင်မြ ပန်းခြံ နေရာတို့တွင်လည်း သတ်မှတ်ထားမှုရှိသည် ဟု ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117