ဝူဟန့်၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ မြို့သုံးမြို့မှလွဲ၍ ကျန်မြို့များအားလုံးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူအသစ်မရှိကြောင်း၊ အချို့မြို့များ၌ ၁၂ ရက်ဆက်တိုက် ကူးစက်မှုလုံးဝမရှိမှတ်တမ်းကို ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မတ် ၄ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ ယာယီဆေးရုံများကို ဖြည်းဖြည်းချင်းလျှော့ချသွားရန်နှင့် ရောဂါအတွက် သတ်မှတ်ထားသော ဆေးရုံအရေအတွက်ကိုလည်း လျှော့ချသွားရန် မျှော်လင့်ထားကြောင်း ဒေသခံအာဏာပိုင်များက မတ် ၃ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ COVID-19 ရောဂါကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို စာနာ ထောက်ထားသည့်အနေဖြင့် လည်းကောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု မြှင့်တင်ရေး အတွက် လည်းကောင်း ၊ နှစ်နိုင်ငံ...
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှ တရုတ်တိုင်းရင်းဆေး ကုသရေးဝန်ထမ်း ၂,၂၂၀ ဦးကို ဟူပေပြည်နယ်သို့ စေလွှတ်ထားရာ COVID-19 အတည်ပြုလူနာ ကုသရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား တိုင်းရင်းဆေးဝါး စီမံခန့်ခွဲမှုဦးစီးဌာန ကုသရေးအဖွဲ့အဖွဲ့ခေါင်းဆောင်နှင့် တရုတ်နိုင်ငံ အင်ဂျင်းနီးယားရင်း အကယ်ဒမီ(CAE)ပညာရှင်၊ တရုတ်တိုင်းရင်းဆေးသိပံ္ပ အကယ်ဒမီ...
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဒေသအသီးသီးမှ ဟူပေပြည်နယ်သို့ အားပေးကူညီဆောင်ရွက်ရန် စေလွှတ်ထားသော ဆေးကုသရေးဝန်ထမ်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ည ၂၄ နာရီအထိ စုစုပေါင်း ၂၁၇ ဖွဲ့ ရှိပြီဖြစ်ပြီး အဖွဲ့ဝင် ၂၅,၆၃၃ ဦးရှိကြောင်း၊ ၎င်းအရေအတွက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်...
ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး၌ ရောက်ရှိနေသောင်တင်နေသော ဟူပေဒေသခံ ၁၃၁ ဦးအား စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားပြီးနောက် ပြည်ပ၌ ရောက်ရှိနေသော ဟူပေဒေသခံ ၁၉၉ ဦးအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ပတမအသုတ်အဖြစ် စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုအား တားဆီးရန်အတွက် ဟူပေပြည်နယ်သို့ နိုင်ငံတစ်ဝှမ်းမှ ဆေးဘက် ဝန်ထမ်းပေါင်း ၆,၀၀၀ နီးပါး စေလွှတ်ခဲ့ကြောင်း ကျန်းမာရေးအရာရှိတစ်ဦးက ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။