Connect with us

Social, Education & Health

နေရပ်ပြန်လာရန်အခက်အခဲဖြစ်နေသော ဟူပေဒေသခံ ၁၉၉ ဦးကို စင်းလုံးငှားလေယာဉ်များဖြင့် ပထမအသုတ်အဖြစ်ခေါ်ဆောင်

စင်းလုံးငှားလေယာဉ်ဖြင့် ပထမအသုတ် ပြန်လည်ခေါ်ဆောင်လာသော ဟူပေဒေသခံများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားပြီးနောက် ပြည်ပ၌ ရောက်ရှိနေသော ဟူပေဒေသခံ ၁၉၉ ဦးအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ပတမအသုတ်အဖြစ် စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

Xiamen Airlines မှ စင်းလုံးငှားလေယာဉ်နှစ်စင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မလေးရှားနိုင်ငံ ကိုတာကီနာဘာလူမြို့များမှ ထွက်ခွာလာခဲ့ပြီး ဝူဟန့်ထျန်ဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၈:၅၃ နာရီနှင့် ည ၁၀:၃၂ နာရီတွင် အသီးသီးဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

စင်းလုံးငှားလေယာဉ်ဖြင့် ပထမအသုတ် ပြန်လည်ခေါ်ဆောင်လာသော ဟူပေဒေသခံများအား တွေ့ရစဉ် (ဆင်ဟွာ) 

စင်းလုံးငှားလေယာဉ်ဖြင့် ပထမအသုတ် ပြန်လည်ခေါ်ဆောင်လာသော ဟူပေဒေသခံများအား တွေ့ရစဉ် (ဆင်ဟွာ) 

စင်းလုံးငှားလေယာဉ်ဖြင့် ပထမအသုတ် ပြန်လည်ခေါ်ဆောင်လာသော ဟူပေဒေသခံများအား တွေ့ရစဉ် (ဆင်ဟွာ) 

စင်းလုံးငှားလေယာဉ်ဖြင့် ပထမအသုတ် ပြန်လည်ခေါ်ဆောင်လာသော ဟူပေဒေသခံများအား တွေ့ရစဉ် (ဆင်ဟွာ) 

လေယာဉ်ဖြင့်လိုက်ပါမည့် ခရီးသည်များမှာ ကိုယ်အပူချိန်ရှိမရှိ စမ်းသပ်စစ်ဆေးခြင်းခံခဲ့ရကြောင်း၊ အဖျားလက္ခဏာတွေ့ရှိသူများမှာ ချက်ချင်းပင် စောင့်ကြပ်ကြည့်ရှုခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်များအနက် တစ်ဦးဖြစ်သော ကောင်းဟွေ့လင်မှာ မလေးရှားနိုင်ငံသို့ ခရီးသွားရောက်နေခဲ့ခြင်း ဖြစ်ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့်အချိန် ဇန်နဝါရီ ၂၇ ရက်က ဝူဟန့်သို့ပြန်မည့်လေယာဉ်ခရီးစဉ် ပယ်ဖျက်ခဲ့သဖြင့် မလေးရှားတွင် သောင်တင်နေခဲ့ခြင်း ဖြစ်သည်။

လေယာဉ်မထွက်ခွာမီ ခရီးသည်များ၏ ကိုယ်အပူချိန်စစ်ဆေးခြင်း အပါအဝင် စေ့စပ်သေချာသည့် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ရောဂါကူးစက်နိုင်ခြေနည်းပါးရန် စိတ်ချရသော ကြိုတင်ကာကွယ်မှုများအား ဂရုတစိုက် လုပ်ဆောင်ပေးကာ မိမိတို့အား နေရပ်သို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း ကောင်းက ဆိုသည်။ 

“ကျွန်မတို့ မည်သူတစ်ဦးတစ်ယောက်ကိုမှ ပစ်မထားခဲ့တဲ့ ကျွန်မတို့နိုင်ငံကို အရမ်းကျေးဇူးတင်မိပါတယ်” ဟုလည်း ကောင်းက ပြောကြားခဲ့သည်။  (XInhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117