Connect with us

Social, Education & Health

ဗီယက်နမ်နိုင်ငံတွင် ရောက်ရှိနေသည့် ဟူပေဒေသခံ ၁၃၁ ဦးကို စင်းလုံးငှားလေယာဉ်ဖြင့် နေရပ်သို့ ပြန်လည်ခေါ်ဆောင်

China Eastern Airlines မှ လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး၌ ရောက်ရှိနေသောင်တင်နေသော ဟူပေဒေသခံ ၁၃၁ ဦးအား စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဟူပေဒေသခံ ၁၃၁ ဦးသည် ရောဂါဖြစ်ပွားသော ဟူပေပြည်နယ် မြို့တော် ဝူဟန့်သို့ ဖေဖော်ဝါရီ ၃ ရက်၊ ဒေသစံတော်ချိန် ညနေ ၆:၂၃ နာရီတွင် China Eastern Airlines မှ စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှ ထွက်ခွာသွားသည့် လေယာဉ်နှင့်အတူ တရုတ် ဆေးတပ်သားများလည်း ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်များ ကူညီပေးရန် လိုက်ပါသွားခဲ့ကြောင်း သိရသည်။

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခြင်းကြောင့် ဟူပေပြည်နယ် အထူးသဖြင့် ဝူဟန့်မြို့မှ တရုတ်နိုင်ငံသားများသည် ပြည်ပနိုင်ငံများမှ နေရပ်သို့ ပြန်ရန် အခက်အခဲများ ကြုံတွေ့ခဲ့ကြသည်။တရုတ်အစိုးရက ဒေသခံများအား နေရပ်သို့ ပြန်လည်ခေါ်ဆောင်ရေးအတွက် စင်းလုံးငှားလေယာဉ်များကို ဖြစ်နိုင်သမျှမြန်မြန်စေလွှတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117