-ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် ပထမနှစ်သင်တန်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့တက်ရောက်(၁၀/၁၂/၂၀၂၄ -MOI) -ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကြည့်ရှုအားပေး (၁၀/၁၂/၂၀၂၄ – MOI) -တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို...
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေမျောလုပ်ကွက်များနှင့် ပတ်သက်ပြီး ရဲအုပ်ဟောင်းတစ်ဦး အပါအဝင် ၅ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့(သြဂုတ် ၂၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အင်ဂျင်နီယာနှစ်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး တစ်ဦးကို မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးအလွဲသုံးစားပြုလုပ်မှုကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်လူငယ်များရိပ်သာ စည်းကမ်းထိန်းသိမ်းရေးနှင့် အလုပ်အမှုဆောင်အဖွဲ့မှ ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့်ရရှိရေးအတွက် အငြင်းပွားမှု အပေါ် အပြန်အလှန်တရားစွဲဆိုသည့်ကိစ္စနှင့်ပတ်သက်၍ လာဘ်ငွေပေးသူနှင့် လာဘ်ငွေယူသူ ၄ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။