ဂါဇာ ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) သတင်းများတွင် ဖော်ပြခဲ့သည့် ပင်တဂွန်က လျှို့ဝှက်စာရွက်စာတမ်းများက အမေရိကန် နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်နေသည်ကို ဖော်ပြနေကြောင်း ပါလက်စတိုင်း ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင် အမေရိကန် ထောက်လှမ်းရေး စာရွက်စာတမ်းဟု ဆိုထားသော သတင်းများက တွစ်တာ နှင့် တယ်လီဂရမ်ကဲ့သို့သော...
ဝါရှင်တန်ဒီစီ ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်တွင် နောက်ထပ်လေးနှစ်သက်တမ်းအတွက် ကြိုးပမ်းမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် သမ္မတရာထူးအတွက် ပြန်လည်ရွေးကောက်ခံမည် ဖြစ်ကြောင်း ဧပြီ ၂၅ ရက်တွင် တရားဝင်ကြေညာခဲ့ကြောင်း အွန်လိုင်းမဲဆွယ်စည်းရုံးရေးရုပ်သံဖိုင်တစ်ခုအရ သိရသည်။ အသက် ၈၀ အရွယ် ဘိုင်ဒန်က...
ဝါရှင်တန်ဒီစီ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃၂၅ သန်းတန်ဖိုးရှိ လက်နက်များ ထပ်ဆောင်းပေးအပ်မည့် အစီအစဉ်အား ဧပြီ ၁၉ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ လုံခြုံရေးအကူအညီအသစ်တွင် အမေရိကန်နိုင်ငံက ပံ့ပိုးပေးထားသည့် HIMARS အတွက် နောက်ထပ် ခဲယမ်းမီးကျောက် ၊...
ဝါရှင်တန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် အခြား ကုလသမဂ္ဂအရာရှိများ၏ ပြောဆိုမှုများကို ကြားဖြတ်စောင့်ကြည့်နားထောင်ခဲ့ကြောင်း ပေါက်ကြားလာခဲ့သည့် ထောက်လှမ်းရေး လျှို့ဝှက်စာရွက်စာတမ်းများအား ကိုးကား၍ The Washington Post က ဖော်ပြခဲ့သည်။ (Xinhua) ————————– U.S....
ဟူစတန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့၌ ၃၆ ကြိမ်မြောက် ကားအနုပညာ စီတန်းလှည့်လည်ပွဲအား ဧပြီ ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ နှစ်စဉ်ကျင်းပပြုလုပ်သည့်ပွဲသို့ အလှဆင်ထားသည့်ကား ၂၅၀ ကျော်နှင့် အခြားပြသမှုများအား စုစည်းပြသခဲ့ပြီး ပရိသတ် ၂၅၀,၀၀၀ ကျော်...
ချီကာဂို ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း အင်ဒီယာနာပြည်နယ် Indianapolis မြို့ အရှေ့ဘက် ၇၀ မိုင်ခန့်အကွာ Richmond မြို့ရှိ စက်မှုဇုန်တစ်ခု၌ ဧပြီ ၁၁ ရက်တွင် မီးလောင်မှု ဖြစ်ပွားပြီးနောက် လူ ၂,၀၀၀ ကျော်အား ၎င်းတို့၏ နေအိမ်များမှ...
မနီလာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ပူးတွဲစစ်ရေးလေ့ကျင့်မှုက ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးထက် ဒေသတွင်း တင်းမာမှုကို အရှိန်မြင့်စေကြောင်း ဝေဖန်မှုများကြားမှ ဖိလစ်ပိုင် နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၁၇,၀၀၀ ကျော်သည် ဖိလစ်ပိုင်နိုင်ငံ၌ ဆယ်စုနှစ်များအတွင်း အကျယ်ပြန့်ဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဧပြီ ၁၁ ရက်တွင်...
ဆိုးလ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း နိုင်ငံတကာရေပိုင်နက်တွင် တောင်ကိုရီးယားနိုင်ငံ ၊ အမေရိကန်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် နှစ်ရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှုအား စတင်ပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဂျယ်ဂျူးကျွန်း တောင်ဘက် နိုင်ငံတကာရေပိုင်နက်တွင်...
ဆိုးလ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) ကိုရီးယားကျွန်းဆွယ် နှင့် ဒေသတွင်း၌ စစ်ရေးတင်းမာမှုများ မြင့်တက်လာမည်ကို စိုးရိမ်သောကြောင့် အမေရိကန်နိုင်ငံ နှင့် စစ်ရေးလေ့ကျင့်မှုများအား အဆုံးသတ်ရေးအတွက် ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယား ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံလုံး နှင့် ကမ္ဘာအတွက် အကျိုးရှိစေမည့် တရုတ်နိုင်ငံနှင့် အဆင်ပြေရေး မှန်ကန်သည့်နည်းလမ်းအား ရှာဖွေနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် တည်ငြိမ်ပြီး...