Connect with us

Media

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်၌ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၉၃ ဦး အထိ မြင့်တက်လာ

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် ရက်ပေါင်များစွာ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၉၃ ဦး ရှိပြီ ဖြစ်ကြောင်း ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက Mauiခရိုင် အစိုးရ၏ ထုတ်ပြန်သည့်သတင်းများအရ သိရသည်။

“Pulehu”တောမီးကို ဩဂုတ် ၁၂ ရက်တွင် အပြည့်အဝ မီးထိန်းနိုင်ပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် မီးသတ်သမားများက “Lahaina” နှင့် “Upcountry Maui” တောမီးများကို ထိန်းချုပ်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။ တောမီးကြောင့် လူဦးရေ ၁၂,၀၀၀ ရှိသော Lahaina မြို့နယ်တစ်ခုလုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် အခြားနေရာများတွင်လည်း အဆောက်အဦ ၁၉ ခု ပျက်စီးခဲ့ကြောင်း သိရသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အခက်အခဲများကြားမှ လုပ်ဆောင်နေခြင်းနှင့်အတူ သေဆုံးဒဏ်ရာရသူ အရေအတွက်မှာ ထပ်မံ မြင့်တက်လာနိုင်ကြောင်း၊ တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုများက အမေရိကန် ဒေါ်လာ ၆ ဘီလီယံ နီးပါးရှိပြီ ဖြစ်ကြောင်း ဟာဝိုင်ယီပြည်နယ် အုပ်ချုပ်ရေးမှူး Josh Greenက ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုအကြောင်းရင်းစုံစမ်းစစ်ဆေးချက်နှင့်ပတ်သက်၍ အမေရိကန် အစိုးရက လက်ရှိတွင် ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။ ထိုမတိုင်မီ မေးမြန်းမှုများတွင် Josh Greenက ဟာရီကိန်း မုန်တိုင်း၏ လေပြင်းတိုက်ခတ်မှုများနှင့် သဘာဝပတ်ဝန်းကျင် ခြောက်သွေ့မှုများသည် မီးမထိန်းနိုင်ရသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mauiခရိုင်တွင် Maui ကျွန်း၊ Lanai ကျွန်းတို့ ပါဝင်ရာ Maui ကျွန်းသည် ဟာဝိုင်ယီ ကျွန်းစု၏ ဒုတိယအကြီးဆုံး ကျွန်းဖြစ်ပြီး လူဦးရေ ၁ သိန်းကျော် ရှိကြောင်း သိရသည်။ ယင်းနေရာတွင် ဩဂုတ် ၈ ရက်က တောမီး စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ဟာရီကိန်း မုန်တိုင်း၏ လေပြင်းတိုက်ခတ်မှုများနှင့် သဘာဝပတ်ဝန်းကျင် ခြောက်သွေ့မှုများကြောင့် လျင်မြန်စွာ ပျံ့နှံ့ခဲ့ကြောင်း ဟာဝိုင်ယီ အရေးပေါ်ရေးရာ စီမံခန့်ခွဲမှုဌာန၏ သတင်းများအရ သိရသည်။ (Xinhua)

…………………………
(Chinese Version)
(国际)夏威夷野火遇难人数升至93人
新华社洛杉矶8月13日电(记者黄恒 高山)根据美国夏威夷州毛伊县政府13日晨发布的最新通报,持续数日的野火已在该州毛伊岛造成93人遇难。
通报说,代号为“普莱胡”的野火已于12日得到完全控制,目前消防人员仍在设法控制代号为“拉海纳”和“毛伊内陆”的野火。除拥有1.2万人口的拉海纳镇被完全烧毁外,野火在其他地方还造成19栋建筑被毁。
夏威夷州州长乔希•格林12日说,随着搜救工作的艰难推进,伤亡人数可能进一步增加,野火造成的损失预计接近60亿美元。
目前,美国官方尚未公布对火灾起因的调查结果。格林此前在采访中说,飓风带来的强风以及事发时当地环境干旱是导致火势难以控制的原因之一。
毛伊县包括毛伊岛、拉奈岛等岛屿。毛伊岛是夏威夷群岛第二大岛,岛上人口超过10万。据夏威夷紧急事务管理部门消息,野火始于8日,受飓风带来的强风以及环境干旱影响迅速蔓延。
1. 美国夏威夷州毛伊县8月10日公布的照片显示野火造成严重破坏。