Connect with us

Media

ခေတ်သစ်အမေရိကန်သမိုင်းတွင် ဟာဝိုင်ယီပြည်နယ် Maui ကျွန်းက အသေအပျောက်အများဆုံး တောမီးလောင်ကျွမ်းမှု တွေ့ကြုံခံစားရ

လော့စ်အိန်ဂျလိစ် ၊ ဩဂုတ် ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်း၌ လောင်ကျွမ်းလျက်ရှိသည့် တောမီးကြောင့် သေဆုံးသူအရေအတွက်သည် ၉၃ ဦးထိ မြင့်တက်လာခဲ့ကြောင်း Maui ခရိုင်၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါသေဆုံးသူအရေအတွက်သည် ခေတ်သစ်အမေရိကန်သမိုင်းတွင် ရာစုနှစ်တစ်ခုကျော်အတွင်း အသေအပျောက်အများဆုံးတောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

လူသေဆုံးမှုများသည့်တောမီးလောင်ကျွမ်းမှုကြောင့် တစ်ချိန်က ဟာဝိုင်ယီ၏ မြို့တော်ဖြစ်ခဲ့ဖူးသော နာမည်ကျော်ခရီးသွားနေရာတစ်ခုဖြစ်သည့် သမိုင်းဝင် Lahaina မြို့တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Hawaii’s Maui Island suffers from deadliest wildfires in modern U.S. history
The death toll from wildfires burning in Maui in the U.S. state of Hawaii jumped to 93, according to the Maui County’s website.
The latest death toll has made the wildfire the deadliest one in more than a century in modern U.S. history.
Deadly wildfires have nearly completely destroyed the historic town of Lahaina, a popular tourist spot and once the capital of the Kingdom of Hawaii.
Xinhua News Agency correspondents reporting from Los Angeles, U.S.(XHTV)