Connect with us

Media

ထွန်းသစ်စစီးပွားရေးနိုင်ငံများက အမေရိကန်ဒေါ်လာ ကြီးစိုးမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြကြောင်း လေ့လာသုံးသပ်သူ ပြောကြား

အစ္စတန်ဘူလ် ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွင် အမေရိကန်ဒေါ်လာ လွှမ်းမိုးခြယ်လှယ်ခြင်းနှင့်ပတ်သက်၍ ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုစိုးရိမ်ပူပန်လာကြကြောင်း နှင့် ယင်းကိစ္စအားကိုင်တွယ်ရန် အစီအမံများ ဆောင်ရွက်လျက်ရှိဟု ဆိုသည်။

အစ္စတန်ဘူလ်မြို့ရှိ Isbank Group ၏ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းအဖွဲ့အစည်းရုံးခွဲဖြစ်သည့် Is Yatirim မှ လေ့လာသုံးသပ်သူတစ်ဦး ဖြစ်သူ Sant Manukyan က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းပြဿနာသည် ဒေါ်လာကြောင့်မဟုတ်သော်လည်း အမေရိကန်နိုင်ငံက ဩဇာလွှမ်းမိုးရေးလက်နက် တစ်ခုအနေဖြင့် ဒေါ်လာကို အသုံးပြုနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တကယ်တော့ နိုင်ငံတွေကို အနှောင့်အယှက်ပေးနေတဲ့ ကိစ္စက ဒေါ်လာမဟုတ်ပါဘူး ။ ဒါပေမဲ့ အမေရိကန်နိုင်ငံက သူတို့ရဲ့ လက်ထဲမှာ ဘဏ္ဍာရေးစနစ်ရဲ့ အဓိကအချက်တွေကို ကိုင်ဆွဲထားပြီး လက်နက်သဖွယ်အသုံးချနေတာနဲ့ ဖိအားပေးဖို့ အသုံးချနေတာကြောင့် ဖြစ်ပါတယ်။”ဟု Sant Manukyan က ပြောကြားခဲ့သည်။

ထိုအချက်ကို ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် နှင့် တောင်အာဖရိက အပါအဝင် ထွန်းသစ်စစီးပွားရေးနိုင်ငံ အုပ်စုတစ်ခု ဖြစ်သော BRICS က အရေးယူဆောင်ရွက်လျက် ရှိနေသည်။ မီဒီယာများ၏ ဖော်ပြချက်အရ တောင်အာဖရိကနိုင်ငံ၌ ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်သည့် BRICS ထိပ်သီးအစည်းအဝေး၌ ဆွေးနွေးမည့်အကြောင်းအရာများအနက် ယင်းအဖွဲ့အတွင်း ငွေကြေးတစ်ခုတည်း ဖန်တီးရေးနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ဆိုသည်။ (Xinhua)

…………………………………
(English Version)
Emerging economies concerned about U.S. dollar hegemony, says analyst
Developing nations are becoming more worried about the dominance of the U.S. dollar in the global financial system and are taking measures to tackle the issue.
This is according to Sant Manukyan, an analyst with Is Yatirim, the investment banking arm of Isbank Group in Istanbul.
He said the problem is not the dollar itself but the United States wielding the dollar as a tool of influence.
SOUNDBITE 1 (Turkish): SANT MANUKYAN, Analyst with Is Yatirim
“In fact, the issue that disturbs the countries here is not the dollar itself. But it is the U.S. weaponizing the dollar as it holds the key points of the financial system in its hands and exerting pressure.”
BRICS, a group of emerging economies that includes Brazil, Russia, India, China, and South Africa, is taking action. According to media reports, talks on creating a single currency within the bloc will be among the topics discussed at the upcoming BRICS Summit, which will take place from Aug. 22 to 24 in South Africa.
Xinhua News Agency correspondents reporting from Istanbul, Türkiye.(XHTV)