ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အောက်ဖော်ပြပါ အချက်အလက်များသည် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား ပဋိပက္ခဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဧပြီ ၂၈ ရက်က ကိဗ်မြို့ အပြင်ဘက်ရှိ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသော Borodyanka မြို့သို့...
ကိဗ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဧပြီ ၂၈ ရက်တွင် မြို့တော် ကိဗ်၌ အလည်အပတ်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံခဲ့ပြီး မာရီယူပိုးလ်ရှိ ဒေသခံများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ကုလသမဂ္ဂသည် ဘက်စုံအပစ်အခတ်ရပ်စဲရေးကို...
မော်စကို၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ရုရှားသည် ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့(UNWTO)မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်တွင် ၎င်း၏ဝက်ဘ်ဆိုက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ UNWTO သည် လက်တွေ့တွင် ဥရောပသမဂ္ဂနိုင်ငံများ၏ လက်ဝါးကြီးအုပ်မှုကို ခံနေရပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာ အသုံးချနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။...
ပေကျင်း ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) အောက်ပါအချက်များသည် ရုရှား နှင့် ယူကရိန်းအကြား ပဋိပက္ခဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများဖြစ်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ယူကရိန်းနိုင်ငံသို့ ဧပြီ ၂၇ ရက်တွင် ရောက်ရှိလာခဲ့သည်။ “ ရုရှားနိုင်ငံဆီသွားရောက်လည်ပတ်ပြီးနောက်မှတော့ ကျွန်တော်ဟာ ယူကရိန်းနိုင်ငံကို ရောက်ရှိလို့နေပါပြီ” ဟုဂူတာရက်စ်က တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။ ကုလသမဂ္ဂအနေဖြင့်...
မော်စကို၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) ယူကရိန်း အထူးစစ်ရေးလှုပ်ရှားမှုကို ပြင်ပမှ စွက်ဖက်ရန် ကြိုးပမ်းပြီး ရုရှားအတွက် လက်မခံနိုင်စရာ မဟာဗျူဟာခြိမ်းခြောက်မှု ဖြစ်လာမည်ဆိုပါက ရုရှားအနေဖြင့် လျှပ်တစ်ပြက် လျင်မြန်စွာ တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ရုရှားသမ္မတ ပူတင်က ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။...
မော်စကို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ လက်ရှိဖြစ်ပွားနေသည့် အထူးစစ်ဆင်ရေး ဒုတိယအဆင့်အတွင်း ရုရှား စစ်တပ်၏ တာဝန်များအနက် တစ်ခုမှာ “ဒွန်ဘတ်နှင့် ယူကရိန်း တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန်” ဖြစ်ကြောင်း ရုရှားနိုင်ငံ ဗဟိုစစ်ခရိုင်၊ လက်ထောက်ကွပ်ကဲရေးမှူး Rustam Minnekaev က ဧပြီ ၂၂...
ကိဗ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးအာမခံချက်များဆိုင်ရာ ဆွေးနွေးမှုများ သီတင်းပတ်တစ်ပတ်အတွင်း ပြီးစီးမည်ဟု ယူကရိန်း သမ္မတ အကြံပေး Mykhailo Podolyak က ဧပြီ ၂၂ ရက်က ပြောကြားခဲ့ကြောင်း Interfax-Ukraine သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ “လက်နက်တွေထောက်ပံ့တာ၊ ဝေဟင်ကိုပိတ်ထားတာ၊...
မော်စကို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ယခင်သီတင်းပတ်က ပင်လယ်နက်အတွင်း ရုရှားနိုင်ငံ၏ မော့စ်ဗာ (Moskva) စစ်သင်္ဘောကြီး လွတ်မြောက်ရန် ကြိုးပမ်းချိန်၌ စစ်သားတစ်ဦး သေဆုံးခဲ့ပြီး အခြား သင်္ဘောဝန်ထမ်း ၂၇ ဦး ပျောက်ဆုံးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။...
မော်စကို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ယူကရိန်းနိုင်ငံ၏ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် Mariupol မြို့ရှိ Azovstal သံနှင့်သံမဏိစက်ရုံသို့ဝင်ရောက်တိုက်ခိုက်မည့်အစား ပိတ်ဆို့ထားရန် ဧပြီ ၂၁ ရက်က အမိန့်ပေးခဲ့ကြောင်းဒေသတွင်းမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။ ရုရှားစစ်တပ်က Mariupol မြို့အား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ယူကရိန်း စစ်တပ်အရာရှိများပိတ်မိနေသည့် စက်ရုံအကြောင်း...
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ရုရှနိုင်ငံဆိုင်ရာ လတ်ဗီးယား၊ အက်စ်တိုးနီးယားနှင့် လစ်သူယေးနီးယားနိုင်ငံ ကောင်စစ်ဝန်ရုံးများ၏ အလုပ်လုပ်ကိုင်ခွင့်ကို ရုရှားနိုင်ငံက ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယူကရိန်းနှင့် ရုရှားတို့က ထိုနေ့တွင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ထပ်မံလဲလှယ်ခဲ့ကြောင်းနှင့် ယူကရိန်းဘက်မှဖမ်းဆီးခံရသူ...