Connect with us

Media

ရုရှားနိုင်ငံရေတပ်သို့ စစ်သင်္ဘောအသစ် ၃ စင်း တပ်တော်ဝင်

မော်စကို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ရေတပ်တွင် ပါဝင်ရန် သတ်မှတ်ထားသည့် စစ်သင်္ဘောအသစ် ၃ စင်းအတွက် ပြုလုပ်ခဲ့သည့် အလံတင် အခမ်းအနားသို့ သမ္မတ ဗလာတီမာပူတင် တက်ရောက်ခဲ့ကြောင်း ကရင်မလင်နန်းတော်က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Admiral Golovko ဖရီးဂိတ်စစ်သင်္ဘောက မြောက်ပိုင်းရေတပ်တွင် ပါဝင်မည် ဖြစ်ပြီး Naro-Fominsk အသေးစားဒုံးကျည် သင်္ဘောနှင့် Lev Chernavin မိုင်းရှင်းသင်္ဘောက ဘောလ်တစ်ရေတပ်တွင် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သမ္မတပူတင်က စိန့်ပီတာဘာ့ခ်မြို့ရှိ Severnaya Verf သင်္ဘောကျင်း၌ ပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Russia commissions 3 new warships into its navy
Russian President Vladimir Putin attended a flag-raising ceremony for three new warships that are set to join the country’s navy, the Kremlin reported on Monday.
The Admiral Golovko frigate will join Russia’s Northern Fleet, while the Naro-Fominsk small-rocket ship and the Lev Chernavin minesweeper will serve in the country’s Baltic Fleet, the Russian leader said during the ceremony he attended at the Severnaya Verf shipyard in St. Petersburg.
Xinhua News Agency correspondents reporting from Moscow.(XHTV)