Connect with us

Media

ယူကရိန်းပဋိပက္ခကို ရှည်ကြာအောင် အမေရိကန်က ကြိုးစားနေကြောင်း ရုရှားစစ်ဦးစီးချုပ်ပြောကြား

မော်စကို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်က ယူကရိန်းပဋိပက္ခကို တမင်သက်သက် ရှည်ကြာအောင်ပြုလုပ်နေကြောင်း ရုရှားစစ်တပ်၏ စစ်ဦးစီးချုပ် Valery Gerasimov က ဒီဇင်ဘာ ၂၁ ရက်က ပြည်ပ စစ်သံမှူးများနှင့် ပြုလုပ်သည့် ရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့သည်။

“ဝါရှင်တန်က ယူကရိန်းပဋိပက္ခကို ရှည်ကြာစေမယ့် မူဝါဒကို လုပ်ဆောင်နေပါတယ်။ အဲဒီအတွက် (အမေရိကန်) က ယူကရိန်းကို သိသာထင်ရှားတဲ့ စစ်ရေးအကူအညီတွေ ပေးအပ်နေပါတယ်” ဟု ၎င်းကပြောသည်။
Gerasimov က “အမေရိကန်နှင့် သူ့မဟာမိတ်တွေရဲ့ ဩဇာလွှမ်းမိုးမှုတွေ တဖြည်းဖြည်း ချုပ်ငြိမ်းသွား မယ့် ဗဟုအသွင်ကမ္ဘာသစ်တစ်ခု ပုံစံအပါအဝင် ကြီးမားတဲ့ပြောင်းလဲမှုတွေ အခု ဖြစ်ပေါ်နေပါတယ်” ဟု ထောက်ပြခဲ့သည်။
“အမေရိကန်က အနောက်ဗဟိုပြုကမ္ဘာကြီးကို ဖြစ်တဲ့နည်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်ဖို့၊ တခြားနိုင်ငံများကို ဖိနှိပ်ချုပ်ချယ်ဖို့နဲ့ လုံခြုံရေးကဏ္ဍမှာ အမေရိကန်ရဲ့ တရားဝင်အကျိုးစီးပွားအတွက် ချုပ်ကိုင်ထိန်းသိမ်းနိုင်ဖို့အတွက် ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Washington seeks to prolong Ukrainian conflict: Russian chief of staff
MOSCOW, Dec. 21 (Xinhua) — Washington is deliberately prolonging the Ukrainian conflict, said Valery Gerasimov, Chief of the General Staff of the Russian Armed Forces on Thursday during a briefing for foreign military attaches.
“Washington is pursuing a policy that seeks to prolong the Ukrainian conflict. For this, (the United States) is providing Ukraine with significant military assistance,” he said.
Gerasimov further pointed out that major changes are underway, including the formation of “a new multipolar world,” where “the hegemony of the United States and its allies is gradually coming to an end.”
“Washington is striving to preserve the Western-centric world at all costs, to ensure global dominance and to maintain its ability to dictate its terms to other countries, suppressing their legitimate interests in the security sector,” he said. ■