မော်စကို၊ မတ် ၃ ရက်(ဆင်ဟွာ) ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲပြုလုပ်မည့် ဘီလာရုဇ်နိုင်ငံ Brest ပြည်နယ် Belovezhskaya သစ်တောသို့ ရောက်ရှိနေပြီဖြစ်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက်Vladimir Medinsky က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။...
မော်စကို၊ မတ် ၃ ရက် (ဆင်ဟွာ) အထူးစစ်ဆင်ရေးအတွင်း ရုရှားတပ်ဖွဲ့ဝင် ၄၉၈ ဦးကျဆုံးခဲ့ကြောင်းနှင့် ယူကရိန်းစစ်တပ်တွင် ကျဆုံးသူ ၂၈၇၀ ကျော်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က မတ် ၂ ရက်ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှ ထုတ်ပြန်သော သတင်းအရ အထူးစစ်ဆင်ရေးအတွင်း...
ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်လုပ်ဆောင်ပြီး ဒုတိယမြောက်နေ့ ဖြစ်သည့် ဖေဖော်ဝါရီ ၂၅ရက်နေ့ တွင် ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်မြို့ ၏ မြို့လယ်ပိုင်း၌ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ အရသိရသည်။ ကိဗ်မြို့၏ နောက်ဆုံး အခြေအနေများကို ဆင်ဟွာ သတင်းထောက်...
ကိဗ်၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ဒွန်ဘတ်စ်ဒေသသို့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ (ကိဗ်) မှ ရုရှားနိုင်ငံ (မော်စကို) သို့ သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ (Xinhua) ………………………………...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မှ ခေါင်းဆောင်များက ယူကရိန်းနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုးအနေဖြင့် လိုအပ်သော အခြေအနေအောက်တွင်...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ Melitopol မြို့ကို ရုရှားစစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားမရိန်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် Azov လူနေရပ်ကွက်အတွင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် Melitopol မြို့သို့...
ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်ရှိ Peremohy prospect ယာဉ်လမ်းကြောတွင် ယူကရိန်းစစ်တပ်အား ထိုးစစ်ဆင်ခဲ့ရာ ယူကရိန်းစစ်တပ်မှ ယင်းတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက် အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပြောကြားထားသည်ကို ယူကရိန်းမီဒီယာက သတင်းဖော်ပြခဲ့သည်။...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့သည် ဖေဖော်ဝါရီ ၂၅ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။ ထိုသို့ပြောကြားရာတွင် ရှီက ပေကျင်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့လာရောက်ခဲ့သည့် ပူတင်အား ကျေးဇူးတင်ကြောင်းနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ဆုတန်းစီဇယားတွင်...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (Vladimir Putin) နှင့် နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့အပေါ် ဗြိတိန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများက ရုရှားထိပ်တန်းခေါင်းဆောင်များအတွက် ထိခိုက်မှုမရှိကြောင်း ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဖေဖော်ဝါရီ ၂၅...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး လှုပ်ရှားမှုတွင် အနောက်နိုင်ငံများမှ လွန်ခဲ့သည့်လပိုင်းက ယူကရိန်းသို့ ထောက်ပံ့ပေးသည့် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ရုရှားမှ သိမ်းဆည်းရမိသော လက်နက်များတွင် အမေရိကန်မှ ထောက်ပံ့သည့် Javelin...