Connect with us

Media

ယူကရိန်းဒရုန်းများဖြင့် မော်စကိုမြို့အား တိုက်ခိုက်ခဲ့ကြောင်း ရုရှားပြော

မော်စကို ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံက မော်စကိုမြို့ နှင့် မော်စကိုဒေသအား မောင်းသူမဲ့ယာဉ်(UAVs)သုံးစင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ယင်းတို့အနက် နှစ်စင်းအား ပစ်ချနိုင်ခဲ့ကာ တတိယမြောက်တစ်စင်းမှာမူ electronic warfare နည်းပညာမှ ဖျက်ဆီးနိုင်ခဲ့ပြီးနောက် ပျက်ကျသွားခဲ့ကြောင်း ရုရှားအာဏာပိုင်များက ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

မော်စကိုဒေသရှိ Odintsovo နှင့် Naro-Fominsky ခရိုင်များတွင် ယူကရိန်းမောင်းသူမဲ့ယာဉ်နှစ်စင်းအား လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဖျက်ဆီးနိုင်ခဲ့သဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းမှုမှာ ပျက်ပြားသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

electronic warfare နည်းပညာမှ ဖျက်ဆီးနိုင်ခဲ့သည့် ဒရုန်းတစ်စင်းမှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လူနေထိုင်ခြင်း မရှိသည့် မော်စကိုမြို့ အဆောက်အအုံအတွင်းသို့ ပျက်ကျသွားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(English Version)
Russia says Moscow attacked by Ukrainian drones
Ukraine launched an attack on Moscow and the Moscow region with three unmanned aerial vehicles (UAVs), with two of them shot down and the third having crashed after being jammed by electronic warfare, said Russian authorities on Tuesday.
According to the Russian Defense Ministry, the attempt was foiled by air defense systems that destroyed two Ukrainian UAVs over the Odintsovo and Naro-Fominsky districts of the Moscow region.
One more drone, affected by electronic warfare, had lost control and crashed into the non-residential Moscow-City building complex, said the ministry.
Xinhua News Agency correspondents reporting from Moscow.(XHTV)