Connect with us

Media

အန္တာတိကတိုက်တွင် ရုရှားသိပ္ပံပညာရှင်များက ဖရဲသီးများ စိုက်ပျိုး

မော်စကို ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

အန္တာတိကတိုက်ရှိ Vostok စခန်း၌ ရုရှားသုတေသနပညာရှင်များက ဖရဲသီးအချို ၈ မျိုး စိုက်ပျိုးရန် မြေမဲ့စိုက်ပျိုးရေးနည်းပညာအား အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ကြောင်း ရုရှား အာတိတ်ဒေသ နှင့် အန္တာတိက သုတေသနဌာန(AARI)ထံမှ သိရသည်။

ရင့်မှည့်နေသော ဖရဲသီးများသည် အနီရောင် နှင့် အဝါရောင်အသားရှိပြီး တစ်လုံးလျှင် အလေးချိန် တစ်ကီလိုဂရမ်ခန့် ရှိကြောင်း သိရသည်။
မကြာမီကာလတွင် Vostok စခန်းရှိ လက်တွေ့စမ်းသပ်ခန်း သခွားသီးများ စိုက်ပျိုးနိုင်မည်ဟု မျှော်မှန်းထားပြီး နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက ကမ္ဘာမြေပေါ်ရှိ အအေးဆုံးနေရာ၌ ဘလက်ဘယ်ရီသီးများ ၊ စတော်ဘယ်ရီသီးများ နှင့် ဘလူးဘယ်ရီသီးများ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သုတေသနပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

သိပ္ပံပညာရှင်များက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစ၍ Vostok စခန်းရှိ လက်တွေ့စမ်းသပ်ခန်း၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခဲ့ကြောင်း နှင့် ဟင်းသီးဟင်းရွက် အမျိုးအစား ၈၀ ကျော်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
Russian scientists grow watermelons in Antarctica
Russian researchers have successfully used hydroponic technology to grow eight sweet watermelons at the Vostok Station in Antarctica, according to the Russian Arctic and Antarctic Research Institute (AARI).
These ripe watermelons have red and yellow flesh and weigh about 1 kg each.
According to the researchers, the laboratory at the Vostok Station is expecting cucumbers in the near future, and scientists will also try to grow blackberries, strawberries and blueberries later, in the coldest place on earth.
According to reports, scientists have been planting vegetables in the laboratory at the Vostok Station since February 2020, and have successfully grown more than 80 varieties of vegetables.
Xinhua News Agency correspondents reporting from Moscow.(XHTV)