Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အစိုးရ လုပ်ငန်း အစီရင်ခံစာ NPC အတည်ပြု

၁၂ ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် အစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရ လုပ်ငန်း အစီရင်ခံစာအား မတ်လ ၁၅ ရက်က အမျိုးသား ပြည်သူ့ ကွန်ဂရက် ( National People’s Congress= NPC) အစည်းအဝေး ပိတ်ပွဲ၌ အတည်ပြုခဲ့ကြောင်း သိရသည်။

အစည်ူအဝေါ် ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ကိုယ်စားလှယ် ၂,၈၃၈ ဦး ရှိသည့်အနက်မှ ကိုယ်စားလှယ် ၂,၈၁၂ ဦး၏ ထောက်ခံမဲဖြင့် အစီရင်ခံစာအား အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ၂၀၁၇ ခုနှစ် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း နှစ်ခု အကောင်အထည်ဖော်ရေးကိုယ်စားလှယ်ပေါင်း ၂,၇၂၁ ဦးတို့က ထောက်ခံ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဗဟိုနှင့် ဒေသဆိုင်ရာ အသုံးစရိတ် အကောင်အထည်ဖော်ရေး အစီရင်ခံစာနှင့် ၂၀၁၇ ခုနှစ် ဗဟိုနှင့် ဒေသဆိုင်ရာ အသုံးစရိတ် အကောင်အထည်ဖော်ရေး အစီရင်ခံစာကိုလည်း ထောက်ခံ ဆန္ဒမဲ ၂,၅၅၅ မဲ ဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.