ကူမင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချွီကျင့်မြို့တွင် ပွင့်ဖတ်များနှင့် သစ်ရွက်များက ကြက်ဥများအတွက် သဘာဝဆိုးဆေးဖြစ်လာခဲ့သည်။ ပိတ်ဇာပါးဖြင့်ထုပ်ပိုးပြီး အပ်ချည်ကြိုးနှင့် စည်းနှောင်ကာ လက်ဖက်ရည်ကြမ်းအိုးထဲတွင် ထည့်ပြုတ်ထားသော ကြက်ဥတစ်လုံးချင်းစီသည် တစ်မူထူးခြား လှပသော ဒီဇိုင်းပုံစံများကို ထုတ်ဖော်ပြသလျက်ရှိသည်။ ဤရိုးရာလက်မှုပညာရပ်က ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းများနှင့်သက်ဆိုင်သည့် ဆုမွန်ကောင်းတောင်းမှုများပါဝင်ပေသည်။ (Xinhua)...
လန်ဒန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ဩဂုတ် ၂၄ ရက်က နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ခရစ္စတယ်ပဲလေ့စ်အသင်း ပရိသတ်များက စိတ်အနှောင့်အယှက်ဖြစ်စေသော စာတန်းအား ကိုင်ဆောင်ခဲ့သည့်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းအား မလျော်ကန်သည့်အပြုအမူ လုပ်ဆောင်မှုဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စွဲချက်တင်လိုက်သည်။ အဆိုပါ စာတန်း၌...
မက်ဒရစ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) လီဗာပူးလ်အသင်းကို အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် နိုဝင်ဘာ ၄ ရက်ည ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား အော်ရယ်လီယန် ချူအာမီနီမှာ ကြွက်သားဒဏ်ရာ ရရှိသွားကြောင်း အတည်ပြုချက်နှင့်အတူ ရီးရဲလ်မက်ဒရစ် ကလပ်အသင်းသည် နောက်ထပ်ဒဏ်ရာပြဿနာတစ်ခုနှင့်ပါ ရင်ဆိုင်နေရသည်။ ချူအာမီနီအား...
ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းသည် နိုဝင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၆ ရက်တွင်...
ဝူးလူမုချီ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အားအယ်ကျင်း တောင်တန်းများတွင် ဆောင်းခိုရာ၌ အဆင်သင့်ဖြစ်ရန် မြေတွင်းတူးနေကြသော ရှီးဇန့်ဝက်ဝံညိုတစ်ကောင်နှင့် ၎င်း၏ သားပေါက်လေးများပါဝင်သည့် ရှားရှားပါးပါး ဗီဒီယိုကို သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်သိမ်းစောင့်ရှောက်သူများက ရိုက်ကူးမိခဲ့သည်။ (Xinhua) …………………………………….. (English...
ဆန်းရ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ဖူကျန့်သင်္ဘောကြီးသည် တရုတ်နိုင်ငံ၏ ပထမဆုံး လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ် လေယာဉ်တင်သင်္ဘောကြီးဖြစ်သလို တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကြီးလည်း ဖြစ်ရာ ရေယာဉ်အမှတ် ၁၈ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် ရေချ၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ဖူကျန့်လေယာဉ်တင်သင်္ဘောကြီးသည် တရုတ်နိုင်ငံက အမှီအခိုကင်းစွာ...
၂၀၂၅ ခုနှစ် လန်ဒန် ကမ္ဘာ့ခရီးသွားဈေးကွက်ပြပွဲကို နိုဝင်ဘာ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းပြပွဲ၌ တရုတ်နိုင်ငံ၏ ပြခန်းက ၎င်း၏ ကြွယ်ဝသော ခရီးသွားလုပ်ငန်းအရင်းအမြစ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုကြောင့် အာရုံစိုက်မှုကို ရရှိခဲ့သည်။ ထို ၂၀၂၅ ခုနှစ် လန်ဒန် ကမ္ဘာ့ခရီးသွားဈေးကွက်ပြပွဲကို နိုဝင်ဘာ ၆ ရက်တွင်...
ဟဲဖေ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် AI နည်းပညာသုံး စက်ရုပ်များက ဟဲဖေမြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် iFLYTEK 1024 Global Developer ပွဲတော်တွင် ကခုန်ခြင်း၊ လက်ဝှေ့ထိုးခြင်း၊ ဘောလုံးကန်ခြင်း အစရှိသည့် စွမ်းဆောင်ရည်များကိုပြသပြီး ကန့်သတ်ချက်များကို ကျော်လွန်လုပ်ဆောင်နိုင်ခဲ့ကြသည်။ (Xinhua)...
တရုတ်နိုင်ငံ ဟိုင်နန် လေကြောင်းလိုင်းက ပြေးဆွဲအသုံးပြုလျက်ရှိသော လေယာဉ်များထဲတွင် Airbus A330 အမျိုးအစား လေယာဉ်သစ်တစ်စင်း တရားဝင် ပါဝင်လာပြီဖြစ်ကာ ယင်းလေယာဉ်အား မကြာမီ စတင်အသုံးပြုသွားမည်ဟု သိရသည်။ (Xinhua) ……………….. (English Version) Airbus delivers new A330 plane to Hainan...
တရုတ်နိုင်ငံ၏ ပထမဆုံးသော လမ်းမျက်နှာပြင်နှစ်ဖက်ပါဝင်ကာ cable-stayed တံတားနှင့် ကြိုးတံတား ဒီဇိုင်းပုံစံတို့ကို ပေါင်းစပ်ထားသော ထုန်လျင် ယန်ဇီမြစ် အမှတ်-၃ တံတားအား တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ထုန်လျင်မြို့တွင် နိုဝင်ဘာ ၆ ရက်က ယာဉ်များသွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်။ (Xinhua) ………………. (English Version) AmazingAnhui...