Connect with us

China

တရုတ်နိုင်ငံက ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ရုရှားနိုင်ငံ ပါဝင်မည်

အရှေ့တရုတ်ပင်လယ်၌ ပြုလုပ်သည့် Joint Sea 2022 ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတွင် တရုတ်ရေတပ်မှ ဖျက်သင်္ဘော Baotou ပါဝင်လေ့ကျင့်နေပုံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဂျပန်ပင်လယ်နှင့် အော်ကက်စ်ခ်ပင်လယ်တို့၏ ရေပိုင်နက်နှင့် လေပိုင်နက်အတွင်း တရုတ်စစ်တပ်က စီစဉ်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ရန် ရုရှားစစ်တပ်က စက်တင်ဘာလအတွင်း ရေတပ်နှင့် လေတပ်ကို စေလွှတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
Northern/Interaction-2024 ဟု အမည်ဝှက်ပေးထားသည့် ယင်းစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန်နှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်နိုင်စွမ်း ခိုင်မာအားကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို နှစ်စဉ်ပြုလုပ်မြဲ အစီအစဉ်အရသော်လည်းကောင်း၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား အပြန်အလှန် ဘုံသဘောတူညီချက်အရသော်လည်းကောင်း စီစဉ်ထားခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ရေတပ်စစ်ရေယာဉ်စုများသည် ပစိဖိတ်သမုဒ္ဒရာအတွင်း ငါးကြိမ်မြောက် ပူးတွဲရေကြောင်းကင်းလှည့်မှုကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ ထို့အပြင် တရုတ်ရေတပ်သည် ရုရှားနိုင်ငံ၏ “Ocean-2024” မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………
(English Version)
Russia to join China in military drills
BEIJING, Sept. 9 (Xinhua) — The Russian military will dispatch naval and air forces in September to participate in drills in the waters and airspace of the Sea of Japan and the Sea of Okhotsk organized by the Chinese military, China’s Ministry of National Defense announced Monday.
The ministry said in a statement that the drills, codenamed Northern/Interaction-2024, aim to deepen strategic cooperation between the two sides and strengthen their ability to respond to security threats.
The ministry noted that the drills are planned according to an annual schedule and mutual consensus between China and Russia.
The ministry added that Chinese and Russian naval fleets will conduct their fifth joint maritime patrol in the Pacific Ocean. Furthermore, the Chinese navy will participate in Russia’s “Ocean-2024” strategic exercise. Enditem
English Caption
Chinese naval destroyer Baotou takes part in a joint naval exercise, Joint Sea 2022, in the East China Sea on Dec. 26, 2022. (Photo by Jiang Xia/Xinhua)