ဖူကျန့်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး အလုပ် ကို လုပ်ကိုင်နေကြသူများစွာရှိသည့် အနက် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် Nignde မြို့ရှိ ဓါတ်အားလိုင်းဝါယာကြိုးများပေါ်၌ သက်စွန့်ဆံဖျား ထိန်းသိမ်းပြင်ဆင် နေကြရသူများ လည်း အပါအဝင်ဖြစ်သည်။ ၎င်းတို့သည် အာကာသ ယာဉ်မှူးများ ကဲ့သို့...
လန်ဒန် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က လာမည့် အပတ်မှ စတင်၍ နိုင်ငံအတွင်းရှိ ဆေးရုံးများ ၊ ဘိုးဘွားရိပ်သာများ နှင့် ဓာတ်ခွဲခန်းများ တွင် COVID-19 ရောဂါ အမြန်စစ်ဆေးပေးနိုင်သည့် ကိရိယာ နှစ်မျိုးချထားပေးမည် ဖြစ်ကြောင်း...
ဂျီနီဗာ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် ခြွင်းချက်အနေဖြင့် ပထမဆုံးအဆုတ်ရောင်ရောဂါအစုလိုက်ဖြစ်ပွားခဲ့သော်လည်း ယင်းမှာ COVID-19 ရောဂါသည် ဝူဟန့်မြို့၌ တိရစ္ဆာန်မှ လူသားသို့ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု သေချာပေါက်ဆိုလို၍မရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကျွမ်းကျင်သူတစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ ဝက်ဆိုက်များဖြစ်သော www.moe.gov.mm နှင့် www.myanmarexam.org တို့တွင် သြဂုတ် ၉ ရက် နံနက် (၀၀း၃၀)နာရီ မှ စတင်အသိပေးထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဆင်ဟွာသို့ သြဂုတ် ၄ ရက်တွင်ပြောကြားသည်။
ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးရှိ လမ်းပေါ်နေ ကလေးများအတွက် COVID-19 ကပ်ရောဂါ အန္တရာယ်မှ လမ်းပေါ်နေ ကလေးများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက်ဖြင့် COVID-19 ကာလအတွင်း ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး ကရင်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးများတွင် ဆက်လက်...
ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် ၅ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ဇူလိုင် ၁၁ ရက်မှ သြဂုတ် ၃ ရက်ထိ အိမ်ထောင်စုပေါင်း ၁၆,၀၀၀ ကျော် ၊ လူပေါင်း ၆၇,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး...
မော်စကို ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ကမ္ဘာ့နေရာ အနှံ့အပြားတွင် တာလတ် နှင့် တာတိုပစ် ဒုံးကျည်များ ဖြန့်ကြက်ထားမှုသည် ဒေသတွင်း နှင့် ကမ္ဘာ့လုံခြုံရေးအား ဆိုးရွားစွာ ထိခိုက်စေကြောင်း ၊ စစ်လက်နက် အပြိုင်တပ်ဆင်မှုအသစ်ကို ဖြစ်ပေါ်စေကြောင်း နှင့် ရုရှား နိုင်ငံအနေဖြင့်...
ဟောင်ကောင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရက နယူးဇီလန်နိုင်ငံနှင့်အတူ တရားခံလွှဲပြောင်းရေး နှင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်များကို ရပ်ဆိုင်းကြောင်း ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ဦးတည်လုပ်ဆောင်မှုအား ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသမှုဖြစ်သည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၁,၃၀၉,၀၀၀ အထိ ၂၀၂၀ ပြည့်နှစ် တွင် စံချိန်သစ်တင်မြင့်တက်ခဲ့ ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ဆင်ဟွာသို့ သြဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ဩဂုတ် ၃ ရက် ၀၀:၀၀ နာရီအထိ COVID-19 ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၈၀ ဦး ရှိရာ အားလုံးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုစင်တာက ယင်းနေ့တွင် ပြောကြားခဲ့သည်။