Connect with us

WORLD

ဗြိတိန်နိုင်ငံတွင် COVID-19 ရောဂါ အမြန်စစ်ဆေးပေးသည့် ကိရိယာများ ချထားမည် ၊   မိနစ် ၉၀ အတွင်း အဖြေ သိရမည်ဟုဆို

ဗြိတိန် ကျန်းမာရေးဝန်ကြီး Matt Hancock အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 လန်ဒန် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က လာမည့် အပတ်မှ စတင်၍ နိုင်ငံအတွင်းရှိ ဆေးရုံးများ ၊ ဘိုးဘွားရိပ်သာများ နှင့် ဓာတ်ခွဲခန်းများ တွင် COVID-19 ရောဂါ အမြန်စစ်ဆေးပေးနိုင်သည့် ကိရိယာ နှစ်မျိုးချထားပေးမည် ဖြစ်ကြောင်း နှင့် ဆောင်းရာသီ မရောက်မီ ဗြိတိန် နိုင်ငံ ၏ ရောဂါ စစ်ဆေးမှု စွမ်းရည် ကို မြှင့်တင်သွားမည် ဖြစ်ကြောင်း သြဂုတ် ၃ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ယင်းစစ်ဆေးရေး ကိရိယာ နှစ်မျိုးကို အသုံးပြုခြင်းဖြစ် မိနစ် ၉၀ အတွင်း စစ်ဆေးမှု အဖြေကို ရရှိမည်ဖြစ်ကြောင်း ၊ နေရာတစ်ခုလျှင် စမ်းသပ်ပစ္စည်းတစ်မျိုးစီကို အခုရေ ၅၀၀၀ ချထားပေးမည်ဖြစ်ကြောင်း  ၊  အဆိုပါ စမ်းသပ်ကိရိယာ အသစ်သည် DNA အတွင်း COVID-19 ရောဂါ ရှိမရှိ စစ်ဆေးပေးသွားမည် ဖြစ်ပြီး အဓိက အားဖြင့် ဗြိတိန် နိုင်ငံ ပြည်သူ့ကျမ်းမားရေး ထိန်းသိမ်းမှု စနစ် အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ၊ အဆိုပါ စစ်ဆေးမှု ကိရိယာကို  တစ်ရက်လျှင် အများဆုံး ၁၅ ကြိမ်ထိ အသုံးပြုနိုင်ပြီး  ဓာတ်ခွဲခန့် ၌  သန့်ရှင်းရေး ပြန်လည်လုပ်ဆောင်ရန် မလိုအပ်ကြောင်း ၊ အခြားစစ်ဆေးမှု ကိရိယာ တစ်မျိုးသည် စုတ်တံဖြင့် ရောဂါ စစ်ဆေးပေးသည် ကိရိယာ မျိုးဖြစ်ပြီး အကြီးစား ဓာတ်ခွဲခန်း နှင့် ရွေ့လျား ဓာတ်ခွဲခန်း များတွင် အသုံးပြုသည့် ကိရိယာ ဖြစ်ကြောင်း ၊ ယင်းကိရိယာတွင်လည်း စားပွဲအရွယ်အစား ရှိသည့် ကိရိယာ နှင့် လက်ဝါး အရွယ်အစား ကိရိယာ ဟူ၍ နှစ်မျိုးရှိပြီး နေ့စဉ် အကြိမ် ၁၅,၀၀၀ နှင့် ၂,၀၀၀ စစ်ဆေးမှု ပြုလုပ်ပေးနိုင်စွမ်းရှိ ကြောင်း သိရသည်။

ဗြိတိန် ကျန်းမာရေးဝန်ကြီး Matt Hancock က အစိုးရ အနေဖြင့် အောက်တိုဘာလကုန်ပိုင်းတွင် နိုင်ငံအတွင်း COVID-19 ရောဂါ စစ်ဆေးနိုင်မှု စွမ်းရည် ကို မြှင့်တင်သွားမည် ဖြစ်ပြီး နေ့စဉ် အနည်းဆုံး အကြိမ် ၅ သိန်း စစ်ဆေးနိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ရာ  ယခုကိရိယာ များက လွန်စွာ အထောက်အကူ ဖြစ်စေကြောင်း ၊ စစ်ဆေးမှု ကိရိယာ အသစ် များက မိနစ် ၉၀ အတွင်း အဖြေ ရရှိနိုင်သည့် အတွက် ရောဂါကူးစက်ခံရသူများအား မှန်ကန်သည့် ကျန်းမာရေး လမ်းညွှန်မှုအောက် တွင် မိသားစုဝင် နှင့် အခြားသူများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ၊ စစ်ဆေးမှု ကိရိယာ အသစ်ကြောင့် ရောဂါ ပြန့်ပွားမှု ကွင်းဆက်များကို လျင်မြန်စွာ ဖြတ်တောက် နိုင်မည် ဖြစ်ပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းအတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)