ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါအား “ကွန်တုပ်ကွေး” (Kong flu) ၊ “တရုတ်ဗိုင်းရပ်စ်” ဟူ၍ ရည်ညွှန်းသုံးနှုန်းခြင်းမှာ သင့်လျော်မှုမရှိကြောင်း အမေရိကန်နိုင်ငံတွင် ကောက်ယူခဲ့သည့်စစ်တမ်းတစ်ခုအား မှတ်တမ်းတင်ထားသည့် ဖြေဆိုသူ ၆၆ ရာခိုင်နှုန်းက ပြောကြားကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျောင်းကားများအားလုံးအဝါရောင်ဖြစ်ရန်ဦးတည်ချက် ဖြင့် ပုဂ္ဂလိကကျောင်းပိုင်ရှင်များမှ ထောက်ခံပါက ရန်ကုန်လိုင်စင်ဖြင့် ကျောင်းကားတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ယနေ့ ဇူလိုင် ၁၆ ရက်တွင်ပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် အခွန်ကောက်ခံ ရရှိငွေမှာ ကျပ် ဘီလီယံ ၄, ၀၆၈ ဒသမ ၂၂၄ ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ...
ဆန်ရှီး၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဗူးသီးကိုထွင်းထု၍ ပုံဖော်နိုင်သည့် လက်မှုပညာဆိုသည်မှာ အဘယ်နည်း။ တရုတ်နိုင်ငံ အနောက်မြောက်ဘက်ဆန်ရှီးပြည်နယ် ရှိ လက်မှုပညာရှင်တစ်ဦး ၏ ပြောင်မြောက်လှသည့် ခေတ်နှင့် အညီ ဖန်တီးထားသော အနုပညာလက်ရာများကို လေ့လာကြည့်ရှုနိုင်ပါသည်။ (Xinhua)
ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ တိုးတက်လာပြီးနောက် ရောဂါဖြစ်ပွားမှုနည်းပါးသည့် နေရာများရှိ ရုပ်ရှင်ရုံများအား ဇူလိုင် ၂၀ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းစီမံခန့်ခွဲမှုဦးစီးဌာနက ဇူလိုင် ၁၆ ရက်တွင် ကြေညာလိုက်သည်။
ဘရာဇီးလီးယား၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် ပထမအကြိမ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စမ်းသပ်တွေ့ရှိပြီး တစ်ပတ်ခန့်အကြာ၌ ဒုတိယအကြိမ် စစ်ဆေးမှုထပ်မံပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၁၅ ရက်က အတည်ပြုပြောကြားခဲ့သည်။
ဟောင်ကောင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုင်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း က ၎င်းအနေဖြင့် ပဋိပက္ခ နှင့် မငြိမ်သက်မှုများဖြစ်ပွားခဲ့သောနှစ်ကို ကျော်လွန်ပြီးနောက် ပြန်လည်နာလန်ထူရန်အတွက် ခွန်အားများနှင့် ကြိုးပမ်းအားထုတ်မှုများကို စုစည်းရန် ငွေကြေးအချက်အခြာတစ်ခုဖြစ်သော ဟောင်ကောင်ကို ဦးဆောင်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအထိဆိုပါက ရထားမောင်းနှင် ရောက်ရှိခဲ့ပြီးသော ခရီးအကွာအဝေးသည် ၁၃၉,၀၀၀ ကီလိုမီတာရှိရာ ၎င်းအနက် ၃၅,၀၀၀ ကီလိုမီတာမှာ မြန်နှုန်မြင့်ရထား ရောက်ရှိခဲ့သော ခရီး အကွာအဝေးဖြစ်ကြောင်း သိရသည်။ ရထားသံလမ်းများအား တရုတ်နိုင်ငံက မည်သို့ ထိန်းသိမ်းပြုပြင်လျက်ရှိသည်ကို...
ဖောရန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ဖောရန်ခရိုင်အနီးရှိ ရေကာတာတွင် ချန်ကျန်းမြစ်မှ ဒီရေများ မြင့်တက်လာခြင်းကြောင့် ရေကာပေါ်တွင် အလျား ၁,၅၀၀ မီတာနှင့် အမြင့် ၁.၅ မီတာ ရှိသော အကာအရံတည်ဆောက်ကာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များက ပါဝင်ကူညီခဲ့ကြသည်။
ဂျကာတာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ရောဂါ တိုက်ဖျက်ရေးကူညီရန် တရုတ်ကုမ္ပဏီတစ်ခုက ကျန်းမာရေး အထောက်အကူပြု ကိရိယာများနှင့် တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံများကို လှူဒါန်းလွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား ရိုက်ကူးပြသထားသည့် ဗီဒီယိုဖိုင်ဖြစ်ပါသည်။ Guohua Electric Power ကုမ္ပဏီက အသက်ရှူစက် ငါးလုံး၊ ရောဂါအလျင်အမြန်စမ်းသပ်ကိရိယာ...