Connect with us

CHINA

တရုတ်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားမှု လျော့ကျလာသဖြင့် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Wanda ရုပ်ရှင်ရုံမှ ရုပ်ရှင်ကြည့်ရှုပြီး ပြန်လည်ထွက်ခွာလာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ တိုးတက်လာပြီးနောက် ရောဂါဖြစ်ပွားမှုနည်းပါးသည့် နေရာများရှိ ရုပ်ရှင်ရုံများအား ဇူလိုင် ၂၀ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းစီမံခန့်ခွဲမှုဦးစီးဌာနက ဇူလိုင် ၁၆ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ ရုပ်ရှင်ရုံများသည် သင့်တင့်လျောက်ပတ်သော ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကို နေရာတကျ လုပ်ဆောင်ကာ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ ရုပ်ရှင်ရုံများအနေဖြင့် ၎င်းတို့၏တည်နေရာသည် ရောဂါဖြစ်ပွားမှု အလယ်အလတ် သို့မဟုတ် ပြင်းထန်သည့်နေရာများ၌ တည်ရှိပါက ဖွင့်လှစ်ရန်ဆိုင်းငံ့ထားရမည်ဖြစ်ကြောင်း ရုပ်ရှင်လုပ်ငန်းစီမံခန့်ခွဲမှုဦးစီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117