Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီး၌ ပုဂ္ဂလိကကျောင်းပိုင်ရှင်များမှ ထောက်ခံပါက ရန်ကုန်လိုင်စင်ဖြင့် ကျောင်းကား တင်သွင်းခွင့်ပြုမည်

၂၀၁၈ ခုနှစ် တွင် ရန်ကုန်မြို့ ရှိကျောင်းကားတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

၂၀၂၀ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျောင်းကားများအားလုံးအဝါရောင်ဖြစ်ရန်ဦးတည်ချက် ဖြင့် ပုဂ္ဂလိကကျောင်းပိုင်ရှင်များမှ ထောက်ခံပါက ရန်ကုန်လိုင်စင်ဖြင့် ကျောင်းကားတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ယနေ့ ဇူလိုင် ၁၆ ရက်တွင်ပြောကြားသည်။

ဒေါက်တာမောင်အောင်က “ရန်ကုန်တိုင်းဒေသကြီး မှာ ကျောင်းကားအားလုံးစံချိန်စံညွှန်းနဲ့ အညီ အဝါရောင် ကားတွေ ဖြစ်ဖို့ ဦးတည်ပြီးဆောင်ရွက်တာဖြစ်ပါတယ်။ YBS ယာဉ် တွေ တက္ကစီ ယာဉ်တွေ ကို ကျောင်းကားကို ဦးစားပေးရမယ် ဆိုပြီး ကျွန်တော်တို့ YRTA အနေနဲ့ ညွှန်ကြားထားပါတယ်။ ကျောင်းကား တွေ့ရင်  အရှိန်လျှော့ရမယ် ဦးစားပေးရမယ် ဆိုတော့ ရန်ကုန်တိုင်းဒေသကြီးတစ်ခု လုံး အဝါရောင် ကားတွေ ဆိုရင် အဝါရောင်ကျောင်းကားတွေ့တာ နဲ့ ဦးစားပေးရမှာဖြစ်ပါတယ် တိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက် နဲ့ အခုလိုခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။’’ ဟုပြောသည်။

၂၀၁၉ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ၌ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကကျောင်းပေါင်း ၂၃၀ ဝန်းကျင်ရှိကာ၊ ပုဂ္ဂလိကကျောင်းများတွင် တက်သည့် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၇၀,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ယခင်နှစ်များက ကျောင်းကားအဟောင်းများ အပ်၍ ရန်ကုန်လိုင်စင် ကျောင်းကား အသစ်များဖြင့် လဲလှယ်တင်သွင်း ခွင့်ပြုခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့်  အချက်များနှင့် ပိုမိုကိုက်ညီသော ကျောင်းကားများဖြစ်စေရန်နှင့်    ရန်ကုန်လိုင်စင်ဖြင့် ကျောင်းကားဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.