ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် ဝေးကွာခြင်းသည် နှစ်ဖက်စလုံးအတွက် ကောင်းကျိုးရှိမည်မဟုတ်ကြောင်းနှင့် နှစ်နိုင်ငံက အဓိကစီးပွားရေးနိုင်ငံများဖြစ်နေပြီး နှစ်နိုင်ငံ ဆက်ဆံရေးက အရေးပါသဖြင့် ကမ္ဘာကြီးကို ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲကင်းစခန်းအား ယနေ့ (မေ ၂၉ ရက်) နံနက် ၂နာရီခန့်က AA အကြမ်းဖက်သောင်းကျန်းသူများ အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ မိသားစုဝင် (ကလေးတစ်ဦးအပါ) ၃ဦးပျောက်ဆုံးနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး...
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး”ကို အပြည့်အဝ တိတိကျကျ အကောင်အထည်ဖော်လျက်ရှိသည်ဟု ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ကမ်းနီးငါးလုပ်ငန်းရေပြင် Marine Protected Area အဖြစ် သတ်မှတ်ထားသော လန်ပိကျွန်းဧရိယာနှင့် တားမြစ်ထားသည့် ငါးဖမ်းကွက် ( F13, F14, F20, F21)များအတွင်းသို့ ဝင်ရောက်ငါးဖမ်းဆီးသော စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များအား ယခုနှစ် ဇွန်(၁)ရက်နေ့မှ စတင်ပြီး...
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) COVID-19 ရောဂါ ကြောင့် လယ်ယာ ကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေး နှင့် တုံ့ပြန်မှုအစီအစဉ်များအနက် တစ်ခုအဖြစ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် ကန်ထရိုက် လယ်ယာစနစ် ဧက နှစ်သိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊...
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် တစ်နိုင်ငံ စနစ်နှစ်ခု မူဝါဒကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနေဖြင့် တံခါးဖွင့်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ်လီခဲ့ချန်က ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့တွင် ယနေ့ မေ ၂၈ ရက် ၌ ကျင်းပပြီးစီးခဲ့သည့် ထိပ်သီးအစည်းအဝေးများအပြီး ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံအနေဖြင့် ခွါပြဲနေပါက မည်သူ့အတွက်မှ အကျိုးရှိနိုင်မည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ ကျင်းပလျက်ရှိသည့် အမျိုးသားဥပဒေပြုရေးဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးသည် ယနေ့ မေ ၂၈ ရက်တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ ယခု video သည် အစည်းအဝေး ပြီးဆုံးသည့်အခမ်းအနားအား ရိုက်ကူးထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
ကွေ့ကျိုး၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ Beipanjiang မြစ်ကူးတံတားကြီးသည် ကမ္ဘာ့အမြင့်ဆုံးတံတားတစ်စင်းအဖြစ်သတ်မှတ်ခြင်းခံရသည်။ တံတားကြီးကို တောင်ကြားနှစ်ခု၏ အထက် အမြင့် ၅၆၅ မီတာတွင်ဆောက်လုပ်ထားသည်။ ကမ္ဘာ့အမြင့်ဆုံးတံတားကြီး၏ မြင်ကွင်းကို ကောင်းကင်ပုံရိပ်များဖြင့် ရိုက်ကူးထားသည်ကိုစုစည်းတင်ဆက်ထားပါသည်။ (Xinhua)