Connect with us

MYANMAR

၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင်  ကန်ထရိုက် လယ်ယာစနစ် ဧက နှစ်သိန်း အကောင်အထည်ဖော်ဆောင်ရွက်မည်

လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် တောင်သူဦးကြီးမားအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

COVID-19 ရောဂါ ကြောင့် လယ်ယာ ကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေး နှင့် တုံ့ပြန်မှုအစီအစဉ်များအနက် တစ်ခုအဖြစ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင်  ကန်ထရိုက် လယ်ယာစနစ် ဧက နှစ်သိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ယနေ့ မေ ၂၈ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “ကန်ထရိုက်လယ်ယာစနစ် အရင်တုန်းက လုပ်တာ က ကုမ္ပဏီတွေ ကတစ်ဖက်၊ တောင်သူလယ်သမား က တစ်ဖက်၊ ရောင်းသူနဲ့ ဝယ်သူ နဲ့ ၂ ဖက် စာချုပ်ချုပ် ပြီး လုပ်ကြတယ်။ ဒီနှစ် မှာတော့ ၂ ဖက်တည်း လုပ်တာ ထက်စာရင် နိုင်ငံတော်အစိုးရပါ ပါဝင်ပြီးတော့ ၃ ဖွဲ့ ဆိုင် ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး အစိုးရ ကိုတင်ပြခဲ့တယ်။ နည်းပညာပိုင်း ကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ကူညီပေးမယ်။တောင်သူနဲ့ ကုမ္ပဏီ ကြားမှာ အငြင်းပွားမှုရှိရင် ဒီကိစ္စတွေက ပိုထိရောက်ကောင်းမွန်မယ် ဆိုပြီး နိုင်ငံတော်အစိုးရ ကို ညှိနှိုင်းတော့ ကန်ထရိုက်လယ်ယာစနစ်နဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း ကို ဇန်နဝါရီ ၃၀ရက် မှာ အစိုးရက ထုတ်ပြန်ကြေညာတယ်။ဒီနှစ်က အစိုးရပါပါဝင်တဲ့ ပထဆုံး နှစ်တစ်နှစ်ဖြစ်ပါတယ်’’ ဟု ဆိုသည်။

COVID-19ရောဂါကြောင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ လျော့ကျမသွားစေရေးအတွက် ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်မှုကို ယခင်ကထက် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာရဲတင့်ထွန်းက “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ သက်ဆိုင်ရာလိုက်နာဆောင်ရွက်ရမယ့်လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ချက်အတိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။’’ ဟုပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ယနေ့အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၉ သန်း မက်ထရစ်တန် တင်ပို့ ရောင်းချပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117