ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာအရ သိရသည်။ လာမည့်နှစ်တွင် ကျင်းပမည့် အဆိုပါ အခမ်းအနားတွင် ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများကို အကဲဖြတ်ရွေးချယ်မည်ဖြစ်သည်။...
ရှင်းကျန်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဝါသီးနှံအထွက်နှုန်းသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၅.၆၉ သန်း နီးပါးအထိရှိခဲ့ပြီး ယမန်နှစ်ကထက် တန်ချိန် ၅၇၄,၀၀၀ ပိုမို ထွက်ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့သော အစီအရင်ခံစာအရ သိရပါသည်။...
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲကို ရန်ကုန် ကွန်ဗင်းရှင်းစင်တာ၌ ဇန်နဝါရီလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ဆိုလာနှင့် အီလက်ထရွန်နစ်ထုတ်ကုန်များ ပါဝင်ပြသမည့် အဆိုပါကုန်စည်ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး သရုပ်ပြစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို နေပြည်တော်တွင် ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့သည်။ လယ်ဝေးမြို့နယ်ရှိ စီမံကိန်းနေရာ၌ ကျင်းပသော အဆိုပါ အခမ်းအနားတွင် သမဝါယမနှင့်...
ချိန်တူး၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ်ရှိ မြို့တော် ချိန်တူးတွင် လူပုံစံတူ စက်ရုပ် ခုနစ်ရုပ်အား ဒီဇင်ဘာ ၂၇ ရက်က တရားဝင်ပွဲဦးထွက်မိတ်ဆက်ပြသခဲ့ရာ ၎င်းစက်ရုပ်များသည် နိုင်ငံအနောက်တောင်ပိုင်းမြို့တော်များက အိမ်ရှင်အဖြစ်ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အားကစားပြိုင်ပွဲအတွက် ဝန်ဆောင်မှုပေးရန်ဖြစ်ကြောင်း သိရပါသည်။ (Xinhua)...
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုနှစ်၏ ပထမ ၁၁ လတာကာလအတွင်း မြို့ပြအလုပ်အကိုင်အသစ် စုစုပေါင်း ၁၁.၉၈ သန်း ဖန်တီးပေးခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua) …………………………………….. (English Version) China...
– တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းစီမံကိန်းက ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု၊ သာယာဝပြောမှုအတွက် မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ဖြစ်ကြောင်း သမ္မတ ရှီပြော – ဆင်ဟွာက Grenadian မီဒီယာနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည် – တရုတ်နိုင်ငံက တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့်အတူ ဆောင်ရွက်မည်ဟု ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား – တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းကို BRI...
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ အဝေးပြေးလမ်းဝန်ဆောင်မှုဧရိယာ ၅,၈၀၀ ကျော်တွင် အားသွင်းတိုင်များ တည်ဆောက်ပြီးဖြစ်ကာ နိုင်ငံအတွင်းရှိ အဝေးပြေးလမ်းဝန်ဆောင်မှုနေရာ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်း လွှမ်းခြုံမှုရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် နိုဝင်ဘာလကုန်ပိုင်းအထိ အဝေးပြေးလမ်းဝန်ဆောင်မှုဧရိယာများ၌ အားသွင်းတိုင်...
BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် ဖိတ်ခေါ်မှုကို လက်ခံကြောင်း BRICS အဖွဲ့၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ရုရှားနိုင်ငံထံ အကြောင်းကြားထားသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နီကွန်းဒက် ဘာလန်ကူရာက ဒီဇင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ စီးပွားရေး အခွင့်အလမ်းများ...
— ပရီးမီးယားလိဂ်တွင် လီဗာပူးလ်က အမှတ်ပိုမိုဖြတ်ထားနိုင်ခဲ့ပြီး ဖူလ်ဟမ်က ချဲလ်ဆီးကို အနိုင်ယူ ဒီဇင်ဘာ ၂၆ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် လက်စတာစီးတီးအသင်း၏ ပရီးမီးယားလိဂ် ပွဲစဥ်တွင် လီဗာပူးလ်က အိမ်ကွင်း၌ ပွဲဦးထွက် ဂိုးအသွင်းခံခဲ့ရသော်လည်း ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဘောက်ဆင်ဒေး၏ နောက်ဆုံးပွဲစဥ်ဖြစ်သည့် အဆိုပါပွဲစဥ်တွင် ဂျော်ဒန်အာယူးက...