Connect with us

CHINA

ရှီကျင့်ဖိန်၏ ခေါင်းဆောင်မှုဖြင့် တရုတ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မှုများ

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်သည် လွန်ခဲ့သော ၃ နှစ်နီးပါး ကာလအတွင်း တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ (COVID-19) ကူးစက်ရောဂါ တိုက်ဖျက်ရေး၌ ဦးဆောင်ဦးရွက်ပြုခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ရှီက စိန်ခေါ်မှုအရှိဆုံး အခိုက်အတန့်များမှတစ်ဆင့် နိုင်ငံအား အောင်မြင်မှုလမ်းကြောင်းဆီသို့ မည်သို့မည်ပုံဦးဆောင်ခဲ့သည်ကို ဆင်ဟွာသတင်းထောက်များက ပြန်လည်မှတ်တမ်းတင် ရေးသားဖော်ပြထားသည်။အိပ်၍မပျော်သော ည

၂၀၂၀ ပြည့်နှစ် အစောပိုင်းက တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်သည် ကူးစက်ရောဂါဖိစီးမှုဒဏ်ကို ခံစားခဲ့ရသည်။ အထူးသဖြင့် ပြည်နယ်မြို့တော်ဖြစ်သော ဝူဟန့်မှာ အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရသည်။

တရုတ်နိုင်ငံသားများအတွက် အရေးပါဆုံး အားလပ်ရက်ဖြစ်သော တရုတ်နှစ်သစ်ကူးအကြိုနေ့တွင်မူ ကိုဗစ်-၁၉ ဖုံးလွှမ်းနေသည့် ပျော်ပွဲရွှင်ပွဲများစွာက ရှီအတွက် အိပ်၍မပျော်သောညဖြစ်စေခဲ့သည်။

နောက်တစ်နေ့ဖြစ်သော ဇန်နဝါရီ ၂၅ ရက်တွင် ရှီသည် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ ကူးစက်ရောဂါထိန်းချုပ်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့သည်။ အခြေအနေမှာ ဖိအားရှိနေကြောင်းနှင့် ယင်းကိစ္စရပ်ကို အတူတကွ လေ့လာရန်လိုအပ်ကြောင်း ရှီက အမြဲတမ်းကော်မတီဆိုင်ရာ လုပ်ဖော်ဆောင်ဖက် ၆ ဦးအား ပြောကြားခဲ့သည်။ “နှစ်သစ်ကူးအကြိုနေ့က ကျွန်တော် ကောင်းကောင်းအိပ်လို့မရခဲ့ဘူး” ဟု ရှီက ဆိုသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Beijing Ditan ဆေးရုံသို့ သမ္မတ ရှီကျင့်ဖိန် ကြည့်ရှုစစ်ဆေးနေသည်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“လက်ဆွဲမနှုတ်ဆက်ပါနဲ့”

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင်မူ ပေကျင်းမြို့တော်ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အရေအတွက်မှာ ၃၄၂ ဦးအထိ ရောက်ရှိလာချိန်တွင် ရှီသည် နှာခေါင်းစည်းတပ်ဆင်လျက် လူနေရပ်ကွက်တစ်နေရာ၊ ဆေးရုံတစ်ရုံနှင့် ခရိုင် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာသို့ သွားရောက်လည်ပတ်ခဲ့သည်။

ရှီသည် နေရာတစ်ခုစီသို့ ရောက်ရှိချိန်တိုင်း၌ ၎င်း၏ လက်ကောက်ဝတ်နေရာတွင် ခန္ဓာကိုယ်အပူချိန်တိုင်းတာမှု ခံယူခဲ့သည်။ ထို့ပြင် ရှီသည် လမ်းမပေါ်တွင် ဒေသခံများနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများအကြောင်း မေးမြန်းကာ စကားစမြည်ပြောဆိုခဲ့သည်။

“ဒီလိုပုံမှန်မဟုတ်တဲ့ အခြေအနေတွေမှာ လက်ဆွဲမနှုတ်ဆက်ဘဲ နေကြရအောင်” ဟု ရှီက ဆိုသည်။ “ကျွန်တော်တို့ ဒီကူးစက်ရောဂါကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်မှုရှိတယ်”
ဒေသခံများက “ကျွန်တော်တို့ ဒီရောဂါကို လုံးဝတိုက်ထုတ်နိုင်မှာပါ” ဟု ပြန်လည်ပြောကြားခဲ့သည်။

ဝူဟန့်ပြည်သူများအတွက် အမြဲတမ်းစိုးရိမ်ပူပန်မှုရှိခြင်း

၂၀၂၀ ပြည့်နှစ် မတ်လတွင် ရှီသည် ဝူဟန့်မြို့ရှိ လူနေရပ်ကွက်တစ်ခုသို့ သွားရောက်လည်ပတ်ခဲ့သည်။ ယင်းနေ့တွင် ပြည်မကြီး၌ ရောဂါအတည်ပြုလူနာသစ် အရေအတွက်မှာ ၂၄ ဦးအထိ ကျဆင်းလာခဲ့သော်လည်း ဝူဟန့်မြို့တွင်မူ ကိုဗစ်-၁၉ လူနာများမှာ ၁၄,၅၁၄ ဦးအထိရှိနေဆဲဖြစ်သည်။ ရောဂါထိန်းချုပ်ရေး တာဝန်မှာ ခက်ခဲကြမ်းတမ်းနေဆဲပင်ဖြစ်သည်။

ရှီသည် တိုက်ခန်းအိမ်ရာများအကြား လမ်းလျှောက်သွားလာလျက် လော့ခ်ဒေါင်း (lockdown) သတ်မှတ်ချက်ဖြင့် နေထိုင်နေရသူများအား ကြည့်ရှုကာ လက်ဝှေ့ယမ်းပြခဲ့သလို ဒေသခံများကလည်း ၎င်းတို့၏ နေအိမ်ပြတင်းပေါက်များနှင့် ဝရန်တာများမှတစ်ဆင့် ပြန်လည်နှုတ်ဆက်ခဲ့ကြသည်။

“ဆက်ပြီးအားတင်းထားကြရအောင်။ နည်းနည်းလောက် စိတ်ရှည်သည်းခံကြရအောင်” ဟု ရှီက ပြောကြားခဲ့သည်။

ထို့ပြင် ရှီသည် ဝူဟန့်မြို့၊ စာတမ်းဖတ်ပွဲတစ်ခု၌ စကားပြောကြားရာတွင် ဝူဟန့်ပြည်သူများ၏ အနှစ်သက်ဆုံး စားစရာဖြစ်သော ငါးများကို ပိုမိုပံ့ပိုးပေးရန်လည်း တာဝန်ရှိသူများကို အထူးတောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် နေအိမ် ကွာရန်တင်း (quarantine) နေထိုင်သူများအား လက်ဝှေ့ယမ်းနှုတ်ဆက်နေသော သမ္မတ ရှီကျင့်ဖိန်အား ၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော် အမှန်တကယ် အထင်ကြီးလေးစားမိတယ်”

၂၀၂၀ ပြည့်နှစ် မေလတွင် ကျင်းပသော အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး၌ ရှီက ၎င်းအနေဖြင့် အထင်ကြီးလေးစားရသော ဒေသခံဆေးရုံ ဥက္ကဋ္ဌ တစ်ဦး၏ တွေ့ဆုံမေးမြန်းမှုအကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။

ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သည့် ဟူပေပြည်နယ်မှ အမျိုးသား ဥပဒေပြုအမတ်တစ်ဦးဖြစ်သော Luo Jie က ၎င်း၏ဆေးရုံတွင် အသက် ၈၇ နှစ်အရွယ် ကိုဗစ်-၁၉ လူနာတစ်ဦးအား ကယ်တင်ရန် ကျန်းမာရေးဝန်ထမ်းများက မည်သို့ ဆောင်ရွက်ခဲ့သည်ကို သတင်းထောက်များအား ပြောပြခဲ့ခြင်းဖြစ်သည်။

“လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့ လူတွေအများကြီးက အတူတူလုပ်ဆောင်ခဲ့ကြတယ်။ အနှစ်ချုပ်ပြောရရင် ဒါဟာ လူ့အသက်တွေကို ကယ်တင်ဖို့ ဘာမဆိုလုပ်ကြမယ်လို့ ဆိုလိုတာပါပဲ” ဟု ရှီက ပြောခဲ့သည်။ “ကျွန်တော် အမှန်တကယ်ကို အထင်ကြီးလေးစားမိပါတယ်”

“အလှပဆုံး စေတမန်များ”

၂၀၂၀ ပြည့်နှစ် မတ်လတွင်ပင် ရှီသည် ဗိုင်းရပ်စ်ကူးစက်မှုအများဆုံးဖြစ်သည့် ဝူဟန့်မြို့ရှိ ဟောဆန်ဆန်းဆေးရုံ၏ ကွပ်ကဲရေးစင်တာသို့ စစ်ဆေးခဲ့ချိန်က ကျန်းမာရေးဝန်ထမ်းများကို “အလှပဆုံး စေတမန်များ” အဖြစ် ချီးကျူးပြောကြားခဲ့သည်။

စစ်ဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများသည် ကူးစက်ရောဂါဖြစ်ပွားပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ဟူပေပြည်နှင့် ဝူဟန့်မြို့သို့ အလျင်အမြန်သွားရောက်ခဲ့ကြသလို ကူးစက်ရောဂါ တားဆီးရေးအတွက် အရေးပါသော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း ရှီက အသိအမှတ်ပြုခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ ဟောဆန်ဆန်းဆေးရုံတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် လူနာတစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများကို စကားပြောကြားနေသော သမ္မတ ရှီကျင့်ဖိန်အား ၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကူးစက်ရောဂါထိန်းချုပ်ရေးကို ချိန်ညှိဆောင်ရွက်ခြင်း

ရှီသည် လွန်ခဲ့သော နှစ်များအတွင်း ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ချိန်ခွင်လျှာညှိရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ ၂၀၂၀ ပြည်နှစ် မတ် ၂၉ ရက်၌ ရှီသည် ကျဲ့ကျန်းပြည်နယ်သို့ စစ်ဆေးရေးသွားရောက်စဉ် ထုတ်လုပ်မှုပြန်လည်စတင်ရေး အချိန်မီ ဆောင်ရွက်မှုများကြောင့် ပုံမှန်အဆင့်များသို့ ရောက်ရှိနေပြီဖြစ်သော Ningbo-Zhoushan ဆိပ်ကမ်းသို့လည်း သွားရောက်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် နိုင်ငံများစွာက ကန့်သတ်ဆောင်ရွက်မှုများကြောင့် ကုန်စည်တင်ပို့မှုအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့ပါးစေရေး ကြိုးပမ်းအားထုတ်မှုများအတွက်လည်း ရှီက တိုက်တွန်းခဲ့သည်။ ထို့ပြင် နိုင်ငံ၏ ကုန်သွယ်ရေးစီးဆင်းမှု ချောမွေ့မှုရှိစေရေးအတွက် အဆင်ပြေေစရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

ကူးစက်ရောဂါကာလအတွင်း ရှီသည် ကုန်ထုတ်လုပ်မှု ပြန်လည်စတင်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကြီးကြပ်ကွပ်ကဲရန် ကျဲ့ကျန်း၊ ဆန်ရှီးနှင့် ဆန်းရှီး စသည့်ပြည်နယ်များသို့လည်း သွားရောက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လုပ်ငန်းများ ပြန်လည်စတင်နိုင်သော၊ စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်သော ပထမဆုံးနိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် GDP တိုးတက်မှုနှုန်းမှာ ၈.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ကမ္ဘာ့အဓိကနိုင်ငံများအကြား အလျင်မြန်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့သည်။

သူရဲကောင်းများကို ဂုဏ်ပြုခြင်း

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွင်း သူရဲကောင်းများကို နိုင်ငံအဆင့်ဂုဏ်ပြုခြင်းအခမ်းအနားကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့သည်။

“ကျန်းမာပါရဲ့လား” ဂုဏ်ပြုချီးမြှင့်ခံရသူများနှင့်အတူတကွ မှတ်တမ်းဓာတ်ပုံရိုက်ကူးပြီးနောက် ရှီက အသက် ၈၄ နှစ်အရွယ် ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် Zhong Nanshan အား နှုတ်ခွန်းဆက်ခဲ့သည်။

“ကျန်းမာပါတယ်” ဟု Zhong က ပြန်လည်ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတိုက်ဖျက်ရေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို ကိုင်တွယ်ရေးအတွက် ရှေ့တန်း၌ ဆက်လက်တာဝန်ထမ်းဆောင်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Zhong သည် ကိုဗစ်-၁၉ တိုက်ပွဲ၌ ချီးကျူးခံထိုက်ဖွယ်ဝန်ဆောင်မှု ပေးအပ်ခြင်းနှင့် ထူးချွန်ပြောင်မြောက်စွာ ကူညီပံ့ပိုးမှုများအတွက် သမ္မတ ရှီက ပြည်သူ့ သူရဲကောင်းဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သူများအနက် တစ်ဦးဖြစ်သည်။

မြောက်များစွာသော ခေါင်းဆောင်မှု အစည်းအဝေးများ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ၏ ဗိုင်းရပ်စ်ကူးစက်မှုများဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများဆွေးနွေးရန် အစည်းအဝေးပေါင်း ၃၀ ကျော်ကို ရှီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

ရှီ၏ ခေါင်းဆောင်မှုအောက်တွင် နိုင်ငံကို လျင်လျင်မြန်မြန် စည်းရုံးခဲ့ပြီး များပြားလှသော အခြေအနေများနှင့်အညီ ကူးစက်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်း အမြောက်အမြား ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံက ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး တရုတ်ပြည်သူများ၏ ကျန်းမာရေးနှင့် အသက်ရှင်သန်နေထိုင်မှုကို အကြီးမားဆုံးကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုအတွက် ရွှေတံဆိပ်ဆု

ကိုဗစ်-၁၉ ကပ်ရောဂါ အဆက်မပြတ် ဖြစ်ပွားမှုများကြောင့် ကမ္ဘာတစ်ဝန်း ကသောင်းကနင်းဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံသည် ၂၀၂၂ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲကြီးကို ရလဒ်ကောင်းများနှင့်အတူ ပြီးစီးအောင် ကျင်းပနိုင်ခဲ့ခြင်းဖြင့် ကမ္ဘာတစ်ဝန်း အာရုံစူးစိုက်စရာဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံသည် သမ္မတ ရှီ၏ ခေါင်းဆောင်မှုအောက်တွင် ကမ္ဘာကြီးကို အသိအမှတ်ပြုလောက်ဖွယ်၊ ဘေးကင်း ၍ ခမ်းနားထည်ဝါသော အားကစားပွဲများ ဆောင်ကြဉ်းပေးရေး ၎င်း၏ကတိကဝတ်များ ကျေပွန်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့သည်။

ကမ္ဘာကြီးကို ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အသုံးဝင်သော အတွေ့အကြုံများနှင့် နိုင်ငံတကာ အဓိက ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြင့် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေးမူဝါဒသည် စမ်းသပ်မှုကို ထပ်မံ၍ကြံ့ကြံ့ခံနိုင်ခဲ့ပြီဟု ရှီက ၂၀၂၂ ပေကျင်း ဆောင်းရာသီ အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် စုပေါင်း ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်မှုအတွက် ရွှေတံဆိပ်ဆုရှိခဲ့မယ်ဆိုရင် တရုတ်နိုင်ငံဟာ ရရှိဖို့ထိုက်တန်တယ်လို့ နိုင်ငံရပ်ခြားမှ အားကစားသမားအချို့ ကပြောကြတယ်။ ကျွန်တော်ပြောလိုတာကတော့ အဲဒီရွှေတံဆိပ်ဆုဟာ အားကစားပွဲလက်ခံကျင်းပရေးမှာ ပါဝင်တဲ့ ဝန်ထမ်းအားလုံး ပိုင်ဆိုင်တယ်ဆိုတာပါပဲ” ဟု ရှီက ဆိုသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်းနှင့် တွေ့ဆုံနေသော သမ္မတ ရှီကျင့်ဖိန်အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအတွက် ပံ့ပိုးကူညီခြင်း

တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ရာတွင် ပြည်သူများ၏ အသက်ရှင်သန်မှုများနှင့် ကျန်းမာရေးအတွက် ကာကွယ်စောင့်ရှောက်ရန် ကတိပြုထားခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အများပြည်သူကျန်းမာရေးအတွက်လည်းပဲ တာဝန်ယူဆောင်ရွက်ခဲ့သည်။

ရှီ၏ ခေါင်းဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ၁၉၄၉ ခုနှစ်ကတည်းက နိုင်ငံ၏အကြီးမားဆုံး ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီကို စတင်ဆောင်ရွက်ခဲ့သည်။ ကမ္ဘာတစ်ဝန်းသို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးပစ္စည်းများ ပေးပို့ခဲ့သည်။ နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၂၀ ကျော်ထံ ကာကွယ်ဆေး အရေအတွက် ၂.၂ သန်း ထောက်ပံ့ခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက မြို့တော် ပေကျင်း၌ ပြုလုပ်သောအစည်းအဝေးပြီးနောက် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်းက ရှီနှင့် တွေ့ဆုံစဉ် ပါကစ္စတန်နိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ ကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးပေးအပ်မှုဟာ ကျွန်တော်တို့ပြည်သူတွေကို ကယ်တင်ပေးရုံသာမက နိုင်ငံ့စီးပွားရေးကိုလည်းပဲ ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

………………………………………………

A look at how Xi Jinping leads China’s COVID-19 fight in 10 stories

BEIJING, Dec. 8 (Xinhua) — For the past nearly three years, President Xi Jinping has been leading China in fighting the COVID-19 epidemic.

Xinhua reporters recounted some of the key moments and stories of how Xi, who is also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, has led the nation through the most challenging moments all the way toward victory.
SLEEPLESS NIGHT

In early 2020, central China’s Hubei Province bore the brunt of the epidemic. The provincial capital Wuhan was particularly hit hard.

On the eve of the Lunar New Year, the most important holiday for the Chinese people, Xi had a sleepless night, with COVID-19 clouding festivities.

The next day, Jan. 25, Xi convened a meeting of the Standing Committee of the Political Bureau of the CPC Central Committee on epidemic control. He told his six colleagues on the standing committee that the situation was pressing and they needed to study the issue together. “I could not sleep well on the eve of the Lunar New Year,” Xi said.

 

“LET’S NOT SHAKE HANDS”

On Feb. 10, 2020, when the cumulative number of confirmed COVID-19 cases in Beijing reached 342, Xi, wearing a mask, visited a residential community, a hospital and a district disease prevention and control center.

He held out his wrist to have his body temperature checked upon entering every location. Xi chatted with residents in a street, asking them about the prices of vegetables.

“Let’s not shake hands at this unusual time,” Xi said. “We must have confidence that we can prevail over the epidemic.”

“We can absolutely beat it,” the residents responded.

ALWAYS CONCERNED ABOUT WUHAN PEOPLE

On March 10, 2020, Xi visited a residential community in Wuhan. On that day, the daily number of new confirmed cases on the mainland dropped to 24, but Wuhan still had 14,514 COVID-19 patients. The task of containment remained arduous.

Walking between apartment blocks, Xi looked up and waved to residents under lockdown who stuck their heads out of their windows and balconies to greet him.

“Let’s keep it up! Hold on for a little longer!” Xi said.

Speaking at a symposium in Wuhan, he made a special request for officials to supply more fish, a favorite food of the Wuhan people.

 

“I AM REALLY IMPRESSED”

In May 2020, at the annual session of the National People’s Congress, Xi talked about an interview of a local hospital president that impressed him.

Luo Jie, a national lawmaker from the hard-hit Hubei, told reporters how medical workers in his hospital spent 47 days saving an 87-year-old COVID-19 patient.

“So many people worked together to save a single patient. This, in essence, embodies doing whatever it takes (to save lives),” Xi said. “I am really impressed.”

“MOST BEAUTIFUL ANGELS”

In March 2020, Xi lauded medical workers as “the most beautiful angels” when he inspected the command center of Huoshenshan Hospital in virus-hit Wuhan.

Xi noted that medical staff, including military medical personnel, rushed to Hubei and Wuhan without hesitation after the epidemic outbreak, and have made important contributions to curbing the epidemic.

COORDINATING EPIDEMIC CONTROL WITH ECONOMIC DEVELOPMENT

Xi has been emphasizing the need to balance epidemic control and economic development over the years.

On March 29, 2020, when he inspected coastal Zhejiang Province, Xi visited Ningbo-Zhoushan Port whose throughput had recovered to normal levels due to the timely measures it adopted to resume production.

He called for efforts to blunt the adverse impact on cargo shipping brought by restrictive measures adopted by various countries to fight the coronavirus. He also urged facilitation for the country’s smooth trade flow.

During the epidemic, he went to places including Zhejiang, Shaanxi and Shanxi provinces to oversee production resumption and poverty reduction.

In 2020, China was among the first countries in the world to resume work and reopen schools and businesses. In 2021, China registered a GDP growth rate of 8.1 percent, among the fastest in the world’s major economies.

HONORING HEROES
On Sept. 8, 2020, a national meeting honoring heroes in the fight against the COVID-19 epidemic was held at the Great Hall of the People in Beijing.
“Are you keeping well?” After having a photo taken together with the honored, Xi stood up and greeted then-84-year-old epidemiologist Zhong Nanshan.

“Great!” said Zhong, expressing his willingness to continue working at the front line of combating respiratory diseases and handling public health emergencies.

Zhong was one of those who had been awarded by Xi in person the Medal of the Republic or the title of the People’s Hero for rendering meritorious service and making outstanding contributions in the COVID-19 battle.

A SLEW OF LEADERSHIP MEETINGS

Since the COVID-19 outbreak, Xi chaired more than 30 meetings of the Standing Committee of the Political Bureau of the CPC Central Committee or of the Political Bureau of the CPC Central Committee to discuss virus response measures.

Under Xi’s leadership, the nation was quickly mobilized and took a myriad of containment measures in accordance with various epidemic situations. This made it possible for China to curb the spread of the virus and protect the lives and health of the Chinese people to the greatest extent.

GOLD MEDAL FOR CHINA’S COVID-19 RESPONSE

When the COVID-19 pandemic continuously wreaked havoc across the world, China came into the global spotlight with the Beijing 2022 Winter Olympics culminating with fruitful outcomes.

Under the leadership of Xi, China fulfilled its promise to deliver streamlined, safe and splendid Games to the world.

China’s COVID-19 response policy has once again withstood the test, contributing useful experience for the world to battle the virus and host major international events, Xi said at a commendation gathering for the Beijing 2022 Winter Olympics and Paralympics.

“As some foreign athletes said, if there were a gold medal for responding to the pandemic, then China would deserve it. I would say that this gold medal belongs to all the staff involved in hosting the Games,” said Xi.

CONTRIBUTING TO GLOBAL PUBLIC HEALTH

In the strenuous fight against the virus, China has been committed to safeguarding people’s lives and health. Meanwhile, it has taken due responsibility for the public health of the international community.

Under Xi’s leadership, China initiated the country’s largest global emergency humanitarian assistance since 1949. It sent medical experts and anti-virus materials around the globe. It provided over 2.2 billion doses of vaccines to more than 120 countries and international organizations.

Meeting with Xi in Beijing in February 2022, then Pakistani Prime Minister Imran Khan expressed gratitude to the Chinese side for helping his country fight COVID-19. “The vaccines offered by China have not only saved our people, but also our economy,” he said.

Photo 1: Xi Jinping visits an industrial park that produces high-end auto parts and molds in Ningbo, east China’s Zhejiang Province, March 29, 2020. (Xinhua/Yan Yan)
Photo 2: Xi Jinping inspects Beijing Ditan Hospital in Beijing, capital of China, Feb. 10, 2020. (Xinhua/Ju Peng)
Photo 3: Combo photo shows Xi Jinping waving to residents who are quarantined at home and sending regards to them at a community in Wuhan, central China’s Hubei Province, March 10, 2020. (Xinhua/Xie Huanchi)
Photo 4: Xi Jinping speaks with a patient and medical workers by video link at Huoshenshan Hospital in Wuhan, central China’s Hubei Province, March 10, 2020. (Xinhua/Ju Peng)
Photo 5: Xi Jinping meets with Imran Khan, then Pakistani prime minister, at the Great Hall of the People in Beijing, capital of China, Feb. 6, 2022. (Xinhua/Liu Weibing)