Asia
အင်ဒိုနီးရှားနိုင်ငံ၌ ကာဗွန်ဓာတ်ငွေ့ သိုလှောင်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းရေးဆွဲမှု အပြီးသတ်အဆင့်သို့ရောက်ရှိ
ဂျကာတာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံသည် ကာဗွန်ဓာတ်ငွေ့သိုလှောင်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းရေးဆွဲရာတွင် အပြီးသတ်အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်က သိရသည်။
ယင်းစည်းမျဉ်းသည် ကမ္ဘာတစ်ဝန်း ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးတွင် အကူအညီပေးမည်ဖြစ်သည်။
နိုင်ငံအတွင်း ကာဗွန်ဓာတ်ငွေ့သိုလှောင်ထိန်းချုပ်ရေးဆိုင်ရာစည်းမျဉ်း အသက်ဝင်လာစေရေးအတွက် သမ္မတဂျိုကိုဝီဒိုဒို၏ အတည်ပြုချက်ရရှိရေး ဆောင်ရွက်နေကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဆိုင်ရာ ဝန်ကြီးဌာနတာဝန်ရှိသူ ဒါဒန်ကတ်စ်ဒီနာက ပြောကြားသည်။
ယင်းစည်းမျဉ်းအရ အင်ဒိုနီးရှားနိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားကာဗွန်စွမ်းအင်အရင်းအမြစ်များ သုံးစွဲခြင်းကို မြှင့်တင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ကမ္ဘာပေါ်တွင် ကျောက်မီးသွေးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့ရောင်းချမှု အများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို နိုင်ငံတကာ အကူအညီဖြင့် ၄၃ ဒသမ ၂ ရာခိုင်နှုန်း အထိလျှော့ချမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် မေလတွင် အင်ဒိုနီးရှားနိုင်ငံ ကာဗွန်ဓာတ်ငွေ့သိုလှောင်ထိန်းချုပ်ရေးစင်တာကို စတင်ဖွင့်လှစ်ခဲ့ပြီး ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်းများကို အကူအညီပေးရန် ဆောင်ရွက်ခဲ့သည်။ (Xinhua)
…………………………..
(English Version)
Indonesia finalizes regulation for carbon capture, storage
JAKARTA, July 23 (Xinhua) — Indonesia has finalized the regulation for the implementation of carbon capture and storage (CCS), reinforcing its commitment to reducing global carbon emissions.
Dadan Kusdiana, the secretary general of Ministry of Energy and Mineral Resources, announced on Tuesday that the regulation is currently awaiting President Joko Widodo’s approval before it can take effect.
“The regulation has completed the harmonization process and is now in the process of obtaining approval from the president,” Kusdiana said during a webinar on carbon trading in Jakarta.
Kusdiana added that besides contributing through CCS, Indonesia is also working on expanding the use of renewable energy and other low-carbon energy sources.
Indonesia, one of the world’s largest producers and exporters of coal, has pledged to cut greenhouse gas emissions by 31.89 percent on its own or by 43.2 percent with international help by 2030.
In May 2023, the Indonesia Carbon Capture and Storage Center was established to support the development of low-carbon businesses involving hydrogen, blue and green ammonia, or blue and green methanol, in the Southeast Asian country.
In September 2023, Widodo launched Indonesia’s first carbon exchange IDXCarbon to facilitate carbon trading. This scheme allows companies or organizations focused on renewable energy to sell carbon credits to emitters such as coal producers. ■