Connect with us

Media

တရုတ်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းသုံးခုတွင် C919 လေယာဉ်ဖြင့် စီးပွားဖြစ်ပျံသန်းပြေးဆွဲလျက်ရှိ

ကွမ်ကျိုး၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
China Southern လေကြောင်းလိုင်းက ပြေးဆွဲနေသည့် C919 ခရီးသည်လေယာဉ်က ကွမ်ကျိုး Baiyun နိုင်ငံတကာလေဆိပ်မှ စက်တင်ဘာ ၁၉ ရက်က ပျံသန်းထွက်ခွာသွားခဲ့ပြီး ကွမ်ကျိုးအခြေစိုက် လေကြောင်းလိုင်း၏ ပွဲဦးထွက် C919 စီးပွားဖြစ်ပျံသန်းပြေးဆွဲမှု ဖြစ်လာခဲ့သည်။
Flight CZ3539 ခရီးစဉ်တွင် ခရီးသည်အပြည့်တင်ဆောင်ကာ ရှန်ဟိုင်း Hongqiao လေဆိပ်သို့ ဦးတည် ထွက်ခွာသွားခဲ့သည်။ ယခုအခါတွင် တရုတ်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းသုံးခုက နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးများဖြင့် စီးပွားဖြစ် ပျံသန်းပြေးဆွဲမှုအားလုံး စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဧပြီလတွင် China Southern လေကြောင်းလိုင်းက တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကော်ပိုရေးရှင်း လီမိတက်(COMAC)ထံမှ C919 လေယာဉ်အစင်းရေ ၁၀၀ ဝယ်ယူရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယခုအထိ COMAC က ထိပ်တန်းတရုတ်လေကြောင်းလိုင်းသုံးခုထံသို့ C919 လေယာဉ် ၉ စင်း ပေးပို့ထားပြီး ဖြစ်သည်။ China Southern နှင့် Air China လေကြောင်းလိုင်းတို့က ၎င်းတို့၏ ပထမဆုံး C919 လေယာဉ်အား ဩဂုတ် ၂၈ ရက်တွင် လက်ခံရရှိခဲ့သည်။ C919 လေယာည် စတင်အသုံးပြုသူ China Eastern လေကြောင်းလိုင်းက ၂၀၂၃ ခုနှစ် မေ ၂၈ ရက်မှ စတင်၍ C919 လေယာဉ် ၇ စင်းဖြင့် ပြေးဆွဲပျံသန်းခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
China’s three major airlines embrace C919 commercial operation
A C919 passenger aircraft operated by China Southern Airlines took off from the Guangzhou Baiyun International Airport on Thursday, marking the Guangzhou-based airline’s maiden C919 commercial flight.
Flight CZ3539 carried a full load of passengers and headed for Shanghai Hongqiao Airport. So far, China’s three major airlines have all started commercial operations with the country’s first domestically produced large passenger aircraft.
In April, China Southern Airlines signed a deal to buy 100 C919 aircraft from the Commercial Aircraft Corporation of China (COMAC).
To date, COMAC has delivered nine C919 aircraft to three leading Chinese airlines. China Southern and Air China on Aug. 28 received their first C919 aircraft in Shanghai. China Eastern Airlines, the launch customer for the C919, has reported consistent operational performance with seven C919 aircraft since it entered into service on May 28, 2023.
Xinhua News Agency correspondents reporting from Guangzhou, China. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.