Connect with us

Europe

ပြင်သစ်နိုင်ငံ အစိုးရသစ်အနေဖြင့် ဖိအားနှင့် စမ်းသပ်မှုများစွာကို ရင်ဆိုင်နေရ

ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်မြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် ရာထူးလွှဲပြောင်းပွဲ အခမ်းအနားသို့ တက်ရောက်လာသော Michel Barnier (ရှေ့တန်းယာ) နှင့် ရာထူးမှနုတ်ထွက်တော့မည့် ၀န်ကြီးချုပ် Attal (ရှေ့တန်းဝဲ) တို့ကို စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ပြင်သစ်ဝန်ကြီးချုပ် Michel Barnier သည် အစိုးရသစ်အဖွဲ့ဝင်များနှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးမှုကို နံနက်စာ အတူစားသည့်ပုံစံဖြင့် စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့သည်။ အစိုးရသစ်သည် လက်ဝဲနှင့် လက်ယာစွန်းမှ ဖိအားများကို ခံနေရရုံသာမက သမ္မတနှင့် ၎င်းကြား ဆက်ဆံရေးကိုလည်း ဟန်ချက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ရာ ဖိအားနှင့် စမ်းသပ်မှုများစွာကို ရင်ဆိုင်နေရသည်ဟု ပြင်သစ်မီဒီယာများက နေ့စဉ်ရက်ဆက် ထောက်ပြခဲ့ကြသည်။
ယခုနှစ် ဇွန်၊ ဇူလိုင်လများတွင် ပြင်သစ်နိုင်ငံသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများကို ကြိုတင် ကျင်းပခဲ့ရာ သမ္မတ မက်ခရွန် အားကိုးအားထားပြုသော The Centrists ပါတီက လွှတ်တော်နေရာအများစု ဆုံးရှုံးခဲ့သည်။ လွှတ်တော်အသစ်တွင် အရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရသော အဖွဲ့များ မရှိခဲ့၍ လက်ဝဲယိမ်းပါတီ မဟာမိတ်အဖွဲ့ဖြစ်သည့် Nouveau Front Populaire (NFP)၊ The Centrists ပါတီ မဟာမိတ်အဖွဲ့၊ လက်ယာစွန်းပါတီ National Rally တို့က “သုံးပွင့်ဆိုင် အင်အားပြိုင်” အဖြစ် အဓိက ရပ်တည်နေပြီး အခြားပါတီများလည်း ပါဝင်ကြောင်း သိရသည်။ အဓိကအားပြိုင်နေသည့် အင်အားစု သုံးခုက အချင်းချင်း အလျှော့ပေးခြင်း မရှိသော်လည်း အာဏာကို သီးခြား ချုပ်ကိုင်ထားနိုင်ခြင်းလည်း မရှိကြောင်း သိရသည်။
ယခုလ ၅ ရက်တွင် မက်ခရွန်သည် အစဉ်အလာ လက်ယာယိမ်း၏ ရီပက်ဘလစ်ကန်ပါတီအဖွဲ့ဝင် Barnier အား ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့သည်။ Barnier သည် တာဝန်အရ အစိုးရသစ်ဖွဲ့စည်းခဲ့ရာ ရက်အတန်ကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် မက်ခရွန်က အပြီးသတ် ခန့်အပ်မှုအဖြစ် အစိုးရသစ်တွင် ဝန်ကြီး ၁၉ ဦး၊ ဝန်ကြီးအဆင့် ကိုယ်စားလှယ် ၁၅ ဦးနှင့် နိုင်ငံ အတွင်းဝန် ၅ ဦးအပါအဝင် စုစုပေါင်း ၃၉ ဦးပါရှိသည့် အစိုးရသစ် အဖွဲ့ဝင်များစာရင်းကို စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယခင်အစိုးရအဖွဲ့ဝင် ခုနစ်ဦးမှာ ဆက်လက်၍ တာဝန်ထမ်းဆောင်နိုင်ခဲ့ကြောင်း၊ မက်ခရွန် လက်အောက်ရှိ Renaissance (RE) ပါတီနှင့် Barnier လက်အောက်ရှိ ရီပက်ဘလစ်ကန်ပါတီတို့က အစိုးရသစ်ရာထူးနေရာများကို အညီအမျှနီးပါး ခွဲယူထားပြီး တရားရေးဝန်ကြီး Didier Migaud သာလျှင် လက်ဝဲယိမ်းပါတီ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံခဲ့ရသည်ဟု ပြင်သစ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
လက်ဝဲယိမ်းပါတီများက ယင်းနှင့်ပတ်သက်၍ မကျေနပ်ကြောင်း ဖော်ပြခဲ့ကြပြီး အရေးယူတရားစွဲမည်ဟု ကြွေးကြော်ခဲ့ကြသည်။ လက်ဝဲယိမ်းမဟာမိတ်အဖွဲ့ဝင် La France Insoumise ပါတီခေါင်းဆောင် Mélenchon က အစိုးရသစ်သည် “လွှတ်တော်မှရွေးကောက်သော အရှုံးသမားများဖြင့် ဖွဲ့စည်းထားကြောင်း“၊ “တရားဝင်မှုမရှိသည့်အပြင် အနာဂတ်လည်းမရှိ” ဟု ဝေဖန်ခဲ့သည်။ လက်ဝဲယိမ်းမဟာမိတ်အဖွဲ့ဝင် ဆိုရှယ်လစ်ပါတီသည် “NFP” ကိုယ်စား Barnier အစိုးရကို အရေးယူတရားစွဲမှု စတင်လိမ့်မည်ဟု ဆိုရှယ်လစ်ပါတီ၏ ပထမအတွင်းရေးမှုး Olivier Faure က ပြောကြားခဲ့သည်။
လက်ယာစွန်းကလည်း အစိုးရသစ်အပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အစိုးရသစ်သည် မဲဆန္ဒရှင်များ၏ ပြောင်းလဲပေးရန် တောင်းဆိုသံများကို တုံ့ပြန်ခြင်းမရှိကြောင်း “အမျိုးသားဒီမိုကရေစီ မဟာမိတ်အဖွဲ့” ခေါင်းဆောင် Marine Le Pen က ပြောကြားခဲ့သည်။ နောက်နှစ်တွင် လွှတ်တော်ကိုထပ်မံ ဖျက်သိမ်း၍ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပရန် ၎င်းက ထိုမတိုင်မီ တိုက်တွန်းခဲ့ပေသည်။
Barnier အစိုးရသည် အတိုက်အခံပါတီများ၏ ဖိအားများကို ခံရရုံသာမက သမ္မတနှင့် ၎င်းကြား ဆက်ဆံရေးကိုလည်း ဟန်ချက်ညီအောင် လုပ်ဆောင်ရသည်ဟု ပြင်သစ်မီဒီယာများက ထောက်ပြသည်။ Barnier နှင့် မက်ခရွန်တို့သည် မတူညီသော ပါတီများတွင်ရှိနေပြီး Barnier ရှိသော ရီပက်ဘလစ်ကန်ပါတီသည် လွှတ်တော်တွင် အတိုက်အခံပါတီဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် နိုင်ငံရေးအမြင်ချင်းတူသော်လည်း ဆက်ဆံရေးမှာ အနည်းငယ်ဆန်းပြားကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ ခေတ်သစ်နိုင်ငံရေးသမိုင်းတွင် သမ္မတသည် လွှတ်တော်နေရာ အများစုကို ဆုံးရှုံးသွားပြီး အတိုက်အခံအင်အားစုမှ ဝန်ကြီးချုပ် ခန့်အပ်လိုက်ပါက သမ္မတနှင့် ဝန်ကြီးချုပ်ကြား “ပူးတွဲအုပ်ချုပ်မှု” ဖြစ်ပေါ်လာမည်ဖြစ်သည်။ Barnier ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် သမ္မတရုံးသည် ပြင်ပတွင် ” ပူးတွဲအုပ်ချုပ်မှု” နှင့် ပတ်သက်၍ ပြောကြားခြင်းများ မရှိခဲ့ပေ။
အစဉ်အလာအားဖြင့် နိုင်ငံခြားရေးနှင့် နိုင်ငံတော် ကာကွယ်ရေးသည် ပြင်သစ်နိုင်ငံ သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ သမ္မတတွင် “သီးသန့် အုပ်ချုပ်နိုင်သောကဏ္ဍ” မရှိကြောင်း၊ ၀န်ကြီးချုပ်နှင့် “မျှဝေအုပ်ချုပ်” ရမည်ဖြစ်ကြောင်း Barnier က စက်တင်ဘာလတွင် ပြောကြားခဲ့ဖူးသည်။ စကားအရ ထိုသို့ဆိုသော်လည်း Barnier အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးသည် ယခင်အစိုးရလက်ထက်က ဥရောပရေးရာဝန်ကြီးအဆင့်ကိုယ်စားလှယ် Jean-Noel Barrot ဖြစ်ပြီး ယခင်အစိုးရလက်ထက်၏ နိုင်ငံ ကာကွယ်ရေးဝန်ကြီး Sébastien Lecornu မှာလည်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခဲ့ပေသည်။
လက်ရှိလွှတ်တော်တွင် ပါတီအများစုမရှိသော်လည်း ရီပက်ဘလစ်ကန်ပါတီသည် မက်ခရွန်၏ The Centrists ပါတီကို စိန်ခေါ်ရန် မလုံလောက်သေးကြောင်း၊ ယခင်က “တွဲဖက်အုပ်ချုပ်မှု” လက္ခဏာများနှင့် မကိုက်ညီကြောင်း သုံးသပ်သူများက ယူဆကြသည်။ တစ်ချိန်တည်းမှာပင် မက်ခရွန်သည် Barnier အစိုးရ၏ အရေးကြီးသောရာထူးများတွင် ရီပက်ဘလီကန်အများအပြားကို ခန့်အပ်ခဲ့ပြီး လက်ဝဲယိမ်းနှင့် လက်ယာစွန်း အင်အားစု နှစ်ခုကို ကိုင်တွယ်ရန် ရီပက်ဘလစ်ကန်ပါတီ လိုအပ်ကြောင်း သက်သေပြခဲ့သည်။ (Xinhua)

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် ဦးဆောင်သော Renaissance (RE) ပါတီဝင်၊ Yaël Braun-Pivet က ပြင်သစ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် ဇူလိုင် ၁၈ ရက်က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)
新闻分析|\面临多重压力和考验
新华社巴黎9月24日电(记者乔本孝)法国总理巴尼耶23日与新政府成员以工作早餐形式举行首次会议。连日来,法国媒体指出,新政府既要承受左翼和极右翼的压力,又要平衡好与总统的关系,面临多重压力和考验。
今年6、7月,法国提前举行国民议会选举,总统马克龙所倚仗的中间派失去多数席位。新一届议会中未出现绝对多数派别,左翼政党联盟“新人民阵线”、中间派政党联盟、以极右翼政党国民联盟为主体的极右翼阵营“三足鼎立”,兼以其他党派。三大阵营互不相让,却也无法独立掌权。
本月5日,马克龙任命传统右翼的共和党人士巴尼耶为新总理。巴尼耶受命组建新政府,经过连日磋商,马克龙作出最终任命,于21日晚公布新一届政府成员名单,新政府包括19名部长、15名部长级代表和5名国务秘书共39名成员。
据法国媒体梳理,上届政府7名成员得以留任,马克龙所属的复兴党、巴尼耶所属的共和党几乎平分新政府职位,只有司法部长迪迪埃·米戈被视作是左翼政党代表。
左翼政党对此表示不满,声称将发起弹劾。左翼联盟成员“不屈法国”领导人梅朗雄批评新政府由“议会选举的失败者组成”,“既无合法性,也没有未来”。左翼联盟成员社会党第一书记富尔则表示,社会党将代表“新人民阵线”对巴尼耶政府发起弹劾。
极右翼也对新政府表示不满。“国民联盟”领导人勒庞说,新政府未响应选民要求改变的呼声。她此前还呼吁明年再次解散议会重新选举。
法国媒体指出,巴尼耶政府不仅要承受反对派的压力,还要平衡好与总统的关系。巴尼耶与马克龙分属不同党派,所在的共和党在议会中为反对党。尽管他们二人政见相似,但关系微妙。
在法国现代政治史上,总统若失去议会多数席位、从对立阵营中任命总理时,会出现总统、总理“共治”。巴尼耶出任总理后,总统府对外回避提及“共治”。
传统上,外交、国防属法国总统职权范畴。巴尼耶9月曾表示,总统并无“专属领域”,要和总理“分享”。话虽如此,巴尼耶政府的外交部长是上届政府负责欧洲事务的部长级代表让-诺埃尔·巴罗,上届政府国防部长塞巴斯蒂安·勒科尔尼也得以留任。
分析人士认为,本届议会缺乏多数派,共和党不足以挑战马克龙的中间派阵营,不符合过去“共治”的特点。与此同时,马克龙任命多名共和党人士在巴尼耶政府出任要职,证明其需要共和党应对左翼和极右翼两大阵营。
图说:9月5日,在法国首都巴黎的总理府,米歇尔·巴尼耶(前右)和即将卸任的总理阿塔尔(前左)出席交接仪式。新华社发(亨利·施瓦茨摄)
图说:7月18日,法国总统马克龙领导的复兴党议员娅埃尔·布朗-皮韦连任法国国民议会议长,这是布朗-皮韦连任议长后发表讲话。新华社发(亨利·施瓦茨摄)