Connect with us

Asia

ပရာဘိုဝို ဆူဘီယန်တိုက အင်ဒိုနီးရှား သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

ဂျကာတာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုက ပါလီမန်အဆောက်အအုံ၌ အင်ဒိုနီးရှားနိုင်ငံ၏ ရှစ်ဦးမြောက် သမ္မတအဖြစ် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံအား ဆယ်စုနှစ်တစ်ခုကြာ ဦးဆောင်ခဲ့သည့် ဂျိုကိုဝီဒိုဒို၏ နေရာအား ဆက်ခံခဲ့သည်။
ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပရာဘိုဝိုနှင့် ၎င်း၏ ဒုသမ္မတလောင်းဖြစ်သူ ဂျီဘရန် ရာကာဘူမင်ရာကာတို့သည် ဖေဖော်ဝါရီ ၁၄ ရက်၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ဂျီဘရန်မှာ ဆူရာကာတာ မြို့တော်ဝန်ဟောင်းဖြစ်ကာ သမ္မတဟောင်း ဝီဒိုဒို၏ အကြီးဆုံးသားလည်းဖြစ်သည်။

ပရာဘိုဝိုက ၎င်းအနေဖြင့် အင်ဒိုနီးရှား ပြည်သူအားလုံးအတွက် အလုပ်အကျွေးပြုမည်ဟု ပထမဆုံးမိန့်ခွန်း ပြောကြားစဉ်အတွင်း ကတိပြုခဲ့သည်။ “မိမိတို့အနေနဲ့ ကျန်တာတွေအားလုံးထက် တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးစီးပွားကို အဓိကဦးစားပေးမှာဖြစ်တယ်” ဟု တိုင်းပြည်အား ပြောကြားခဲ့သည့် မိန့်ခွန်း၌ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အခမ်းအနားအပြီး၌ အသက် ၇၃ နှစ်အရွယ်ရှိ ပရာဘိုဝိုနှင့် အင်ဒိုနီးရှားနိုင်ငံ၏ အသက်အငယ်ဆုံး ဒုသမ္မတဖြစ်လာသည့် ၃၇ နှစ်အရွယ်ရှိ ဂျီဘရန်တို့က သမ္မတအိမ်တော်သို့ သွားရောက်ရာတွင် လူအုပ်ကြီးက လက်ခုပ်ဩဘာပေးကာ ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————
(English Version)
Prabowo Subianto sworn in as Indonesian president
JAKARTA, Oct. 20 (Xinhua) — Indonesia’s former army general, Prabowo Subianto, was sworn in as the country’s eighth president on Sunday morning at the parliament building, succeeding Joko Widodo, who led the world’s fourth most populous nation for the past decade.
Prabowo, who had been serving as defense minister, and his running mate, Gibran Rakabuming Raka, Widodo’s eldest son and former mayor of Surakarta, won the 2024 presidential election held on Feb. 14.
In his inauguration speech, Prabowo pledged to serve all Indonesians. “We will prioritize the interests of the nation and state above all else,” he stated in his address to the nation.
Following the ceremony, 73-year-old Prabowo and 37-year-old Gibran, Indonesia’s youngest-ever vice president, will be greeted by cheering crowds as they make their way to the state palace. Enditem
English Caption
Indonesian President Prabowo Subianto (R) takes the oath during the presidential inauguration ceremony at the parliament building in Jakarta, Indonesia, Oct. 20, 2024. (Photo by Rivan Awal Lingga/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.