Connect with us

Media

ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲတွင် တရုတ်နိုင်ငံက ရွှေတံဆိပ်နှစ်ဆု ထပ်မံဆွတ်ခူး

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အောက်တိုဘာ ၂၀ ရက်က ကျင်းပပြီးစီးခဲ့သော FINA ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲ၌ တရုတ်နိုင်ငံက ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၁၁ ခုနှင့် ကြေးတံဆိပ် ၇ ခု ဆွတ်ခူးရရှိခဲ့သည်။ ပြိုင်ပွဲနောက်ဆုံးနေ့တွင် Tang Qianting နှင့် Tang Muhan တို့က ရွှေတံဆိပ်တစ်ခုစီ ထပ်မံရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး မီတာ ၈၀၀ အလွတ်ကူးပြိုင်ပွဲတွင် တရုတ်ရေကူးအားကစားသမားများက ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ် ဆုတံဆိပ်များစွာ သိမ်းပိုက်ရယူနိုင်ခဲ့သည်။

…..

— နမီးဘီးယားက COSAFA အမျိုးသမီး ချန်ပီယံရှစ်အတွက် ကစားသမား ၂၀ ဦးစာရင်းထုတ်ပြန်ကြေညာ

နမီးဘီးယား အမျိုးသမီးဘောလုံးအသင်း နည်းပြ ဝူဒီဂျက်ကော့ဘ်က တောင်အာဖရိကဘောလုံးအသင်းကောင်စီ (COSAFA) အမျိုးသမီးချန်ပီယံရှစ်အတွက် နောက်ဆုံးကစားသမား ၂၀ စာရင်းကို အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

COSAFA အမျိုးသမီးချန်ပီယံရှစ်ကို တောင်အာဖရိကနိုင်ငံတွင် အောက်တိုဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။

နမီးဘီးယားသည် တောင်အာဖရိ၊ ဆေးရှဲလ်နှင့် အက်စ်ဝါတီနီ အသင်းများနှင့် အုပ်စုအေတွင် ကျရောက်သည်။ နမီးဘီးယားအသင်းက တောင်အာဖရိကအသင်းနှင့် အောက်တိုဘာ ၂၂ ရက်၌ ပထမဆုံးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

…..

— မက်ဆီ၏ ဟက်ထရစ်များဖြင့် အင်တာမိုင်ယာမီက နယူးအင်္ဂလန်ကို အနိုင်ရ

နယူးအင်္ဂလန်အသင်းနှင့် အောက်တိုဘာ ၁၉ ရက်က ကစားခဲ့သော မေဂျာလိဂ်ပွဲစဉ်တွင် အင်တာမိုင်ယာမီအသင်းမှ မက်ဆီက အချိန် ၁၁ မိနစ်အတွင်း သုံးဂိုးသွင်းယူနိုင်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းက နယူးအင်္ဂလန်အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။  (Xinhua)

………………………….

(English Version)

China win two more gold medals at Swimming World Cup

SHANGHAI, Oct. 20 (Xinhua) — The FINA Swimming World Cup in Shanghai concluded on Sunday, with China securing a total of six gold, 11 silver, and seven bronze medals. Tang Qianting and Tang Muhan each claimed a gold medal on the final day of the competition.

Chinese swimmers excelled in the women’s 800m freestyle, sweeping the podium with gold, silver and bronze medals.

Photo 1: Tang Qianting of China reacts after the women’s 50m breaststroke final at the World Aquatics Swimming World Cup 2024 in Shanghai, China, Oct. 20, 2024. (Xinhua/Wang Xiang)

Photo 2: Qin Haiyang (C) of China competes during the men’s 200m breaststroke final at the World Aquatics Swimming World Cup 2024 in Shanghai, China, Oct. 20, 2024. (Xinhua/Fang Zhe)

…..

Namibia announces 20-player squad for COSAFA women’s championship

WINDHOEK, Oct.21 (Xinhua) — Namibia’s women’s football coach Woody Jacobs announced the final 20-player squad on Sunday, ahead of the Council of Southern Africa Football Associations (COSAFA) Women’s Championship.

The COSAFA Women’s Championship will run from October 22 to November 2 in South Africa.

Namibia is in Group A with South Africa, Seychelles and Eswatini. Their first match will be against South Africa on Tuesday.

…..

Messi nets hat-trick as Inter Miami rout New England

FORT LAUDERDALE, Oct. 19 (Xinhua) — Lionel Messi scored three goals in 11 minutes as Inter Miami recovered from two goals down to cruise to a 6-2 home win over New England in Major League Soccer on Saturday.