Connect with us

Business

မြန်မာနိုင်ငံ၌ ရန်ကုန်နိုင်ငံတကာကုန်သွယ်မှု ကုန်စည်ပြပွဲ ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော ၂၀၂၄ ခုနှစ် ရန်ကုန်နိုင်ငံတကာ ကုန်သွယ်မှုကုန်စည်ပြပွဲအား အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၄ ခုနှစ် ရန်ကုန်နိုင်ငံတကာကုန်သွယ်မှုကုန်စည်ပြပွဲ (Yangon International Trade Expo 2024) အား အောက်တိုဘာ ၂၅ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းကုန်စည်ပြပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီ ၈၀ ကျော်မှ ပြခန်းပေါင်း ၁၂၅ ခန်း ပါဝင်ပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ပါဝင်ကြကြောင်း ပြပွဲစီစဉ်သူ ဦးဇာနည်၏ ပြောကြားချက်အရ သိရသည်။
ထိုပြပွဲသည် ပညာရေး၊ ဆေးဘက်ဆိုင်ရာ၊ စိုက်ပျိုးရေးသုံး စက်ကိရိယာ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ဆိုလာနည်းပညာ၊ ဘက်ထရီ၊ မီးစက်နှင့် အစားအစာထုတ်ကုန်များအပါအဝင် ကဏ္ဍများစွာကို လွှမ်းခြုံထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါကုန်စည်ပြပွဲအား အောက်တိုဘာ ၂၇ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Myanmar’s Yangon int’l trade expo kicks off
YANGON, Oct. 26 (Xinhua) — The Yangon International Trade Expo 2024 kicked off at Myanmar’s Yangon Convention Center on Friday.
The expo features 125 exhibition booths from over 80 local and international companies, with participants from China, Thailand, Malaysia and India, according to organizer U Zarni.
It covers a wide range of sectors, including education, medical and agricultural equipment, construction tools, solar technology, batteries, generators, and food products, he said.
The event will continue until Oct. 27, he added.■
Staff members work at an exhibition booth during the Yangon International Trade Expo 2024 at the Yangon Convention Center in Yangon, Myanmar, Oct. 25, 2024. (Xinhua/Myo Kyaw Soe)