Africa & Middle East
ရွေးကောက်ပွဲမတိုင်မီ အရှေ့အလယ်ပိုင်းသို့ နောက်ဆုံးသွားရောက်သည့် အမေရိကန် တာဝန်ရှိသူများ၏ ခရီးစဉ်က မည်မည်ရရ တိုးတက်မှုမရရှိ
ဝါရှင်တန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မီ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခနှင့်သက်ဆိုင်သည့် ကိစ္စရပ်အများအပြားကို ဖြေရှင်းရန် ဂျိုးဘိုင်ဒန်အစိုးရ၏ နောက်ဆုံးကြိုးပမ်းမှုအဖြစ် ယင်းဒေသသို့ သွားရောက်သည့် အိမ်ဖြူတော် ထိပ်တန်းတာဝန်ရှိသူနှစ်ဦးသည် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း အမေရိကန် ပြည်တွင်းမီဒီယာများက နိုဝင်ဘာ ၁ ရက်၌ ဖော်ပြခဲ့သည်။
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား စစ်မက်မဖြစ်ပွားအောင် တားဆီးရေးအတွက် တာဝန်ပေးခြင်းခံရသော အမေရိကန်အစိုးရ ထိပ်တန်းသံတမန် အေမက်စ် ဟော့ခ်စတိုင်းနှင့် အမျိုးသားလုံခြုံရေးကောင်စီ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ ညှိနှိုင်းရေးမှူး ဘရက် မက်ဂက်ခ်တို့၏ ခရီးစဉ်မှာ လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေး၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ ဟားမက်စ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသော ဓားစာခံများ လွတ်မြောက်ရေး အပါအဝင် ကိစ္စရပ်များစွာတို့နှင့် ပတ်သက်၍ ခိုင်မာသော ဖြေရှင်းမှုတစ်စုံတစ်ရာ မရရှိဘဲ အဆုံးသတ်ခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦး၏ အဆိုကိုကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။
ဟော့ခ်စတိုင်းနှင့် မက်ဂက်ခ်တို့က အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၊ မဟာဗျူဟာရေးရာဝန်ကြီး ရွန်ဒါမာ၊ ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်နှင့် အခြားသော အစ္စရေး အဆင့်မြင့်တာဝန်ရှိသူများနှင့် အောက်တိုဘာ ၃၁ ရက်က အစ္စရေးနိုင်ငံ၌ တွေ့ဆုံခဲ့ကာ ထိရောက်၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဖြစ်ခဲ့သည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။
ထိုသို့တွေ့ဆုံဆွေးနွေးခဲ့သည့် အဓိကဦးတည်ချက်မှာ လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရန်နှင့် ဓားစာခံများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တောင်းဆိုရန်ဖြစ်ကြောင်း၊ ဟော့ခ်စတိုင်းနှင့် မက်ဂက်ခ်တို့အနေဖြင့် ထိုကိစ္စရပ်များကို လူသိရှင်ကြား ဆွေးနွေးညှိနှိုင်းမည် မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အစ္စရေးနှင့် တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာရန် အမေရိကန်က လက်ဘနွန်အား တောင်းဆိုခဲ့သည်ဟူသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ဟော့ခ်စတိုင်းက X လူမှုကွန်ရက်တွင် နိုဝင်ဘာ ၁ ရက်က ပို့စ်တစ်ခု ရေးသားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်- ၁၇၀၁ အား အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ တိုးတက်မှုကောင်းများ ရရှိခဲ့ကြောင်း၊ ယင်းသည် လက်ဘနွန် ပဋိပက္ခအား သံတမန်နည်းလမ်းအရ ဖြေရှင်းရာတွင် အခြေခံကျလာလိမ့်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။
“မိမိတို့အနေနဲ့ နောက်ထပ်လုပ်ဆောင်စရာတွေ ရှိပါသေးတယ်” ဟုလည်း ဘလင်ကန်က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
No breakthrough as U.S. officials return from last pre-election trip to Middle East
WASHINGTON, Nov. 1 (Xinhua) — Two top White House officials have returned to Washington from the Middle East after what was the Joe Biden administration’s last effort before the U.S. presidential election to resolve a range of issues surrounding the conflict in the region, U.S. media reported Friday.
The trip by Amos Hochstein, Washington’s top envoy tasked with avoiding a war between Israel and Hezbollah, and Brett McGurk, National Security Council coordinator for the Middle East and North Africa, concluded without “any concrete resolutions to any of the range of issues,” including a ceasefire in Lebanon and the release of hostages taken by Hamas on Oct. 7, 2023, CNN reported, citing a U.S. official.
While in Israel on Thursday, Hochstein and McGurk met with Israeli Prime Minister Benjamin Netanyahu, Minister of Strategic Affairs Ron Dermer, Minister of Defense Yoav Gallant, as well as other senior Israeli officials, the official said, describing the talks as “substantive” and “constructive.”
The particular focus of the meeting was on securing a ceasefire in Lebanon and requesting that Hamas release the hostages without delay, according to the official, who added that Hochstein and McGurk “will not negotiate either issue in public.”
Hochstein said in a post on X on Friday that reports that the United States asked Lebanon to declare a unilateral truce with Israel was “false.”
Secretary of State Antony Blinken told reporters at a press availability Thursday that “good progress” has been made with regard to the implementation of UN Security Council Resolution 1701, which he said “would be the basis of a diplomatic resolution” to the conflict in Lebanon.
“We still have more work to do,” Blinken said. Enditem
English Caption
Israeli Prime Minister Benjamin Netanyahu (R) meets with U.S. Secretary of State Antony Blinken in Jerusalem, on Aug. 19, 2024. (Haim Zach-GPO/Handout via Xinhua)