Africa & Middle East
ဆီးရီးယား၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ၉၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးစစ်တပ်က ဖျက်ဆီးနိုင်ခဲ့ရာ လွန်ခဲ့သောတစ်ညတွင် ဆီးရီးယား အခြေအနေ မည်သည့်အပြောင်းအလဲအသစ်ရှိသနည်း
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဆီးရီးယား၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ၉၀ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေးစစ်တပ် ဆို
ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးစနစ်ကို “ဆိုးရွားစွာဖျက်ဆီး”ခဲ့ကြောင်း၊ သိရှိထားသည့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် ၉၀ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့သည် ဆီးရီးယား အခြေအနေများကို ဘက်စုံ တောက်လျှောက် အကဲဖြတ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ဒေသတွင်း တင်းမာမှုအရှိန်အဟုန် စဉ်ဆက်မပြတ် မြင့်တက်နေချိန်တွင် ဆီးရီးယား၏ အင်အားကြီးမားသော စစ်ရေးစွမ်းရည်များကို ဖျက်ဆီးရန် ရည်ရွယ်သည့်အနေဖြင့် “ကျယ်ပြန့်သော တိုက်ခိုက်မှု အစီအစဉ်” တစ်ခုကို အစ္စရေးလေတပ်က ချမှတ်ခဲ့သည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ရာနှင့်ချီသော အစ္စရေးလေတပ်မှ တိုက်လေယာဉ်များနှင့် အခြားလေယာဉ်များသည် ဟန်ချက်ညီစွာ ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ကာ ဆီးရီးယား၏ “မဟာဗျူဟာ အနက်အဓိပ္ပါယ်အရှိဆုံး လက်နက်စနစ်များ” ကို ကြီးမားသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ အဓိက လေတပ်စခန်းအချို့ကို အစ္စရေး၏ တိုက်ခိုက်မှု ပစ်မှတ်များအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယင်းအနက် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ် မြောက်ပိုင်းရှိ T4 လေယာဉ်ကွင်းတွင် တပ်စွဲထားသော တိုက်လေယာဉ်တပ်ဖွဲ့ခွဲ နှစ်ခု ဖျက်ဆီးခံခဲ့ရပြီး တိုက်လေယာဉ်တပ်ဖွဲ့ခွဲ တပ်စွဲထားသည့် အခြား လေယာဉ်ကွင်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။
ဆီးရီးယားလက်နက်ထုတ်လုပ်ရေးလုပ်ငန်း၏ အရေးပါဆုံး အခြေခံအဆောက်အအုံများအနက်တစ်ခုဖြစ်သည့် ဆီးရီးယား Scud ဒုံးကျည်အစီအစဉ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားသော Homs ဒေသ၏ အဓိကနေရာတစ်ခုအပါအဝင် ဆီးရီးယား၏ လက်နက်ထုတ်လုပ်ရေးနှင့် သိုလှောင်ရေးအဆောက်အအုံများကိုလည်း အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခံရမှုတွေအပေါ် အထူး စိုးရိမ်ကြောင်း ပြောကြား
မကြာသေးမီက ဆီးရီးယား၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခံရမှု၊ အထူးသဖြင့် ဆီးရီးယားအား အစ္စရေး၏ ရာပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုအပေါ် အထူး စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric မှတစ်ဆင့် ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၁၉၇၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သော “တပ်ဖွဲ့ ခွဲထွက်ရေး ထိတွေ့ဆက်ဆံမှု သဘောတူညီချက်” သည် အသက်ဝင်ဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အဆိုပါသဘောတူညီချက်အား ချိုးဖောက်သော လုပ်ရပ်အားလုံးကို ရှုတ်ချကြောင်း၊ သီးခြားနယ်မြေတွင်းရှိ တရားဝင်ခွင့်ပြုချက်မရှိဘဲ ရောက်ရှိနေခြင်းအားလုံးကို အဆုံးသတ်ရန်၊ ဂိုလန်ကုန်းမြင့်တွင် အပစ်အခတ်ရပ်စဲရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် မည်သည့်လုပ်ဆောင်မှုကိုမဆို ရှောင်ကြဉ်ရန် အပါအဝင် သက်ဆိုင်ရာတာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် သဘောတူညီချက်တွင် ပါဝင်သည့် အင်အားစုအသီးသီးအား ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။
ဤသို့လျင်မြန်စွာ ပြောင်းလဲနေသော ကာလတွင် ဆီးရီးယားနိုင်ငံ၏ အများပြည်သူဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းရင်း ထိပ်တန်းဦးစားပေးလုပ်ဆောင်ရမည်မှာ ဆီးရီးယား၏ “ယုံကြည်နိုင်သော၊ စနစ်တကျရှိသောနှင့် အားလုံးပါဝင်သော” အသွင်ကူးပြောင်းမှု အစီအစဉ်ကို ထောက်ခံရမည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ဂိုလန်ကုန်းမြင့်သည် ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ကျဉ်းမြောင်းသော ရပ်ဝန်းတစ်ခုဖြစ်သည်။ အစ္စရေးသည် ၁၉၆၇ ခုနှစ်က တတိယကြိမ်မြောက် အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ဂိုလန်ကုန်းမြင့်၏ တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ထိုသိမ်းပိုက်ထားသောနယ်မြေကို အစ္စရေးပိုင်နက်အဖြစ် တရားဝင် ထည့်သွင်းခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက ထိုဒေသအပေါ် အစ္စရေး၏ အချုပ်အခြာအာဏာကို အသိအမှတ်မပြုခဲ့ပေ။ ၁၉၇၄ ခုနှစ် အစ္စရေးနှင့် ဆီးရီးယားတို့ကြား ချုပ်ဆိုခဲ့သော ခွဲထွက်ရေး ထိတွေ့ဆက်ဆံမှု သဘောတူညီချက်အရ အစ္စရေး၊ ဆီးရီးယား နှစ်နိုင်ငံသည် ဂိုလန်ကုန်းမြင့်၏ အရှေ့ဘက်ခြမ်းတွင် စစ်ဘက်ဆိုင်ရာ ကြားခံဇုန်တစ်ခုကို ထူထောင်ခဲ့ရာ ကုလသမဂ္ဂ ခွဲထွက်ရေး ထိတွေ့ဆက်ဆံမှု လေ့လာစောင့်ကြည့်ရေး တပ်ဖွဲ့ (UNDOF) က ကြားခံဇုန်အတွင်း၌ လှုပ်ရှားပြီး အစ္စရေး-ဆီးရီးယား အပစ်အခတ်ရပ်စဲရေးကို ဆက်လက်စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
တူကီယဲက ဆီးရီးယားနိုင်ငံဆိုင်ရာ ၎င်း၏သံရုံးတွင် ယာယီသံအမတ် ခန့်အပ်
မော်ရီတေးနီးယားနိုင်ငံဆိုင်ရာ တူကီယဲသံအမတ် Burhan Koroglu အား ဆီးရီးယားနိုင်ငံဆိုင်ရာ တူကီယဲသံရုံး၏ ယာယီသံအမတ်အဖြစ် ဒီဇင်ဘာ ၁၂ ရက်က ခန့်အပ်ခဲ့ကြောင်း တူကီယဲနိုင်ငံ Anadolu သတင်းအေဂျင်စီ၏ ထိုနေ့ ထုတ်ပြန်သောသတင်းအရ သိရသည်။
တူကီယဲ နိုင်ငံခြားရေးဝန်ကြီး Hakan Fidan က ထိုကဲ့သို့ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ သို့သော်လည်း Koroglu အနေဖြင့် မည်သည့်အချိန်တွင် ရာထူးတာဝန်ယူမည်နှင့် ယာယီသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ရမည့်ကာလကိုမူ သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။
Fidan နှင့် တူကီယဲနိုင်ငံ ထောက်လှမ်းရေးညွှန်ကြားရေးမှူး Ibrahim Kalin တို့သည် ထိုနေ့တွင် ဆီးရီးယားမြို့တော် ဒမတ်စကပ်စ်သို့ရောက်ရှိလာပြီး ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရ၏ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် Mohammed al-Bashir နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အခြားသတင်းများအရ သိရသည်။
၂၀၁၁ ခုနှစ်တွင် ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် နိုင်ငံအတွင်း လုံခြုံရေး အခြေအနေ ဆိုးရွားလာခဲ့သည်။ တူကီယဲသည် ဆီးရီးယားနိုင်ငံရှိ ၎င်း၏သံရုံးကို ၂၀၁၂ ခုနှစ် မတ်လတွင် ပိတ်သိမ်းခဲ့သည်။
ဆီးရီးယား နိုင်ငံရေးအခြေအနေသည် မကြာသေးမီ ရက်ပိုင်းအတွင်း ပြင်းထန်စွာ အပြောင်းအလဲများ ဖြစ်ပွားခဲ့ရာ “ဆီးရီးယား လွတ်မြောက်ရေးလက်နက်ကိုင် (Tahrir al-Sham)” က “ဒမတ်စကပ်စ် လွတ်မြောက်ပြီဖြစ်ပြီး အာဆတ်အစိုးရစနစ်ကို ဖြုတ်ချ” ခဲ့ကြောင်းနှင့် ညမထွက်ရ အမိန့်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရက ဒီဇင်ဘာ ၁၀ ရက်တွင် တရားဝင် အာဏာလွှဲပြောင်းယူမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်တွင် ကြေညာခဲ့သည်။
ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရက လူမျိုးစု၊ ဂိုဏ်းဂဏ အားလုံးနှင့် ပြည်သူအားလုံး၏ အခွင့်အရေးများကို ကာကွယ်မည်ဖြစ်ကြောင်း ကတိပြု
အသွင်ကူးပြောင်းရေး အစိုးရသည် လူမျိုးစု၊ ဂိုဏ်းဂဏ အားလုံးနှင့် ပြည်သူအားလုံး၏ အခွင့်အရေးများကို ကာကွယ်မည်ဖြစ်ကြောင်း ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရ၏ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် Mohammed al-Bashir က ဒီဇင်ဘာ ၁၁ ရက်က ကတိပြုခဲ့သည်။
Bashir က ဒီဇင်ဘာ ၁၁ ရက်က ထုတ်ဝေသော အီတလီနိုင်ငံ《Corriere della Sera》သတင်းစာ အင်တာဗျူးတစ်ခုတွင် အထက်ပါအတိုင်း ကတိပြုခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ဟာ ဘယ်လူမျိုးစု ဒါမဟုတ် ဘယ်ဘာသာရေးနဲ့မှ ဝိရောဓိမရှိပါဘူး” ဟု “ဒမတ်စကပ်စ်ပြည်နယ် အုပ်ချုပ်ရေးမှူးအသစ်” Mohammed Yasser Ghazal ၏ စကားကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။ ဘာသာရေးဖြင့် အုပ်ချုပ်မှုကဲ့သို့သော အခြေအနေမျိုး မရှိကြောင်းနှင့် အသွင်ကူးပြောင်းရေး အစိုးရသည် အရပ်သား စနစ်ဖြစ်မည်ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
အသွင်ကူးပြောင်းရေးအစိုးရသည် လာမည့်နှစ် မတ်လကုန်အထိသာ လုပ်ဆောင်မည်ဖြစ်ကြောင်း Bashir က《Corriere della Sera》သတင်းစာ အင်တာဗျူးတွင် ကတိပြုခဲ့သည်။ လက်ရှိ ထိပ်တန်းဦးစားပေး လုပ်ဆောင်ရမည်မှ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်အာဏာအဖွဲ့အစည်းများ ပြန်လည်ထူထောင်ရန်၊ သန်းပေါင်းများစွာသော ဒုက္ခသည်များကို နေရပ်ပြန်နိုင်ရန်နှင့် မရှိမဖြစ်လိုအပ်သော အခြေခံဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ghazal က ဒမတ်စကပ်စ်ပြည်နယ် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လာရန် တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် ၎င်း၏ ဦးစားပေးလုပ်ဆောင်ရမည့်တာဝန်မှာ အခြေခံဝန်ဆောင်မှု အသီးသီး ပုံမှန်ပြန်ဖြစ်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
以军摧毁叙超90%地对空导弹 过去一夜叙利亚局势有何新变化——
新华社耶路撒冷12月12日电
以军说摧毁叙利亚超过90%的地对空导弹
以色列国防军12日发表声明说,已“严重破坏”叙利亚防空系统,摧毁超过90%已被识别的地对空导弹。
声明说,最近几周,以色列国防军一直在对叙利亚局势进行全面评估。以空军制定了一项“广泛的打击计划”,旨在在地区紧张局势不断升级的情况下摧毁叙利亚强大的军事能力。过去几天,数百架以色列空军战斗机和其他机型发动协同打击,对叙利亚“最具战略意义的武器系统进行了重大打击”。
声明说,叙利亚的几处主要空军基地成为以军打击目标,其中驻扎在叙首都大马士革北部T4机场的两个战斗机中队被摧毁,驻扎着三个战斗机中队的另外一个机场也遭到袭击。
根据声明,以空军还打击了叙利亚的武器制造和储存设施,包括霍姆斯地区的一个关键地点,那里被确定为叙利亚飞毛腿导弹计划的关键组成部分,为叙利亚武器制造业最重要的基础设施之一。
联合国秘书长对叙利亚主权遭广泛侵犯深表关切
联合国秘书长古特雷斯12日通过发言人迪雅里克发表声明,对叙利亚主权和领土完整最近遭受广泛侵犯深表关切,特别是对以色列数百次空袭叙利亚感到关切。
声明说,1974年签署的《部队脱离接触协议》仍然有效。古特雷斯谴责一切违反该协议的行为,呼吁协议各方履行相关义务,包括结束在隔离区内一切未经授权的存在,避免采取任何破坏戈兰高地停火和稳定的行动。
古特雷斯说,在这个快速变化的时期,在维持叙利亚公共秩序的同时,当务之急是支持叙“可信、有序和包容的”过渡安排。
戈兰高地是叙利亚西南部一块狭长地带。以色列在1967年第三次中东战争中占领戈兰高地部分地区,并于1981年将这一被占领土正式兼并。国际社会不承认以色列对这一地区的主权。根据1974年以色列同叙利亚签订的脱离接触协议,以叙双方在戈兰高地东侧设立军事缓冲区,联合国脱离接触观察员部队在缓冲区内行动,持续监督以叙停火。
土耳其任命驻叙利亚大使馆临时代办
据土耳其阿纳多卢通讯社12日报道,该国驻毛里塔尼亚大使布尔汉·柯尔奥卢当天被任命为驻叙利亚大使馆临时代办。
报道说,这项任命是由土耳其外长费丹作出的。但报道没有提及柯尔奥卢将于何时赴任以及担任临时代办的期限。
另据报道,费丹和土耳其国家情报局长卡林当天抵达叙利亚首都大马士革,并与叙利亚过渡政府看守总理穆罕默德·巴希尔举行了会谈。
2011年叙利亚内战爆发后,该国安全形势恶化。土耳其2012年3月关闭了驻叙利亚大使馆。
叙利亚政局近日发生剧变,“叙利亚沙姆解放武装”8日宣布“解放大马士革并推翻阿萨德政权”以及实施宵禁,叙利亚过渡政府10日正式接管权力。
叙过渡政府承诺保护所有民族、教派和所有人的权利
叙利亚过渡政府看守总理穆罕默德·巴希尔11日承诺,过渡政府将保护所有民族、教派和所有人的权利。
巴希尔在意大利《晚邮报》11日刊发的访谈中作出上述承诺。路透社12日援引“新任大马士革省省长”穆罕默德·加扎勒的话报道,“我们同任何民族或宗教都没有矛盾”。他强调,不存在教法统治之类的情况,过渡政府将是文官体制。
巴希尔在《晚邮报》采访中承诺,过渡政府只会干到明年3月底。当务之急是恢复治安和国家权力机构,让数百万难民回家,并提供必要基础服务。
加扎勒说,他已要求大马士革省公务员回到工作岗位。接下来,他的首要任务是让各项基础服务恢复正常。(记者:王卓伦、陈君清、施春、熊思浩、胡若愚)
图说1:这是12月12日在叙利亚大马士革市郊拍摄的以军空袭后冒出的浓烟。新华社发(阿马尔·萨法尔贾拉尼摄)
图说2:12月10日,以军部队被部署在戈兰高地东侧的军事缓冲区围栏附近。新华社记者 陈君清 摄
图说3:这是12月10日拍摄的叙利亚大马士革街头。新华社发(阿马尔·萨法尔贾拉尼摄)