Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးဂေဟာက လေလွင့် တိရစ္ဆာန်များအတွက် မျှော်လင့်ချက်များ ဆောင်ကြဉ်းပေး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့စွန်မှာ တည်ရှိကာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလက မနှင်းဆီမြင့် တည်ထောင်ခဲ့တဲ့ ရွှေရောင်နှလုံးသား ဂိလာနတိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးဂေဟာဟာ နိုင်ငံတစ်ဝန်းက လေလွင့် တိရစ္ဆာန်တွေအတွက် ခိုကိုးရာနေရာတစ်ခုဖြစ်ပါတယ်။
ယာဉ်တိုက်ခံရမှု၊ ဓားနဲ့အခုတ်ခံရမှု၊ ရေနွေးပူ သို့မဟုတ် အက်စစ်နဲ့ပက်ခြင်း စတဲ့ ရက်စက်တဲ့ လုပ်ရပ်တွေ အပါအဝင် ခါးသီးတဲ့ အခြေအနေအမျိုးမျိုးကြားကနေ ကယ်တင်ထားတဲ့ ခွေးအကောင်ရေ ၈၅၀၊ ကြောင်အကောင်ရေ ၁၅၀၊ နွား ၁၃ ကောင်နဲ့ ဆိတ် ၁၀ ကောင်တို့ဟာ အဲဒီဂေဟာမှာ နေထိုင်လျက်ရှိပါတယ်။
“ကျွန်မတို့အနေနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုသာမကဘဲ သူတို့ရဲ့ စိတ်ဒဏ်ရာကိုပါ ကုသပေးပြီး သူတို့အတွက် ထိုက်တန်တဲ့ ဂရုစိုက်မှုတွေ၊ မေတ္တာကရုဏာတွေပေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ မနှင်းဆီမြင့်က ပြောပြခဲ့ပါတယ်။
“တိရစ္ဆာန်လေးတွေအပေါ် ကရုဏာသက်မှုကြောင့် ဒီဂေဟာကို စပြီးဖွင့်လှစ်ဖြစ်ခဲ့တာပါ။ အဲဒီခွေးတော်တော်များများက လေလွင့်ခွေးတွေမို့ ဆေးကုသမှုရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ သူတို့တွေ သင့်တော်တဲ့ အာဟာရဓာတ်ရပြီး သူတို့ရဲ့နောက်ဆုံးအချိန်ကို ဝေဒနာ သက်သက်သာသာနဲ့ ဖြတ်သန်းနိုင်အောင် လုပ်ပေးချင်ပါတယ်” လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ဝန်ထမ်းဦးရေ ၃၀ ကျော်ရှိတဲ့ အဲဒီ ဂေဟာက အာဟာရရှိတဲ့ အစာတွေကို တစ်ရက်နှစ်ကြိမ် ကျွေးမွေးတဲ့အပြင် သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးကြောင်းလည်း သိရပါတယ်။ တိရစ္ဆာန်တွေရဲ့ အစာအတွက် လစဉ် ကုန်ကျစရိတ်မှာ ကျပ် သိန်း ၆၀၀ ခန့် ရှိကြောင်း၊ သို့သော် ရက်ရောတဲ့ စေတနာရှင်တွေရဲ့ လှူဒါန်းမှုက အဲဒီကုန်ကျစရိတ်ပမာဏ အများစုကို ကာမိကြောင်း ၎င်းက ဆိုပါတယ်။
အဆိုပါဂေဟာအနေနဲ့ တိရစ္ဆာန်တွေအတွက် နေ့စဉ် အစာကျွေးမွေးတဲ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကိုလည်း ဦးစားပေးလုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် သင်းကွပ်ပေးခြင်း၊ အရေပြားရောဂါတွေကို ကုသပေးခြင်း၊ ကင်ဆာရောဂါ ကုသမှုပေးခြင်း၊ ကူးစက်ရောဂါတွေနဲ့ ခွေးရူးပြန်ရောဂါတွေအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ ပါဝင်ကြောင်း ၎င်းက ပြောပြခဲ့ပါ
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးဂေဟာက လေလွင့် တိရစ္ဆာန်များအတွက် မျှော်လင့်ချက်များ ဆောင်ကြဉ်းပေ

မြန်မာနိုင်ငံ ရန်ကုန်မြို့စွန်၌ တည်ရှိကာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၌ မနှင်းဆီမြင့် တည်ထောင်ခဲ့သည့် ရွှေရောင်နှလုံးသား ဂိလာနတိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးဂေဟာသည် နိုင်ငံတစ်ဝန်းမှ လေလွင့် တိရစ္ဆာန်များအတွက် ခိုကိုးရာနေရာတစ်ခုဖြစ်သည်။
ယာဉ်တိုက်ခံရမှု၊ ဓားဖြင့်အခုတ်ခံရမှု၊ ရေနွေးပူ သို့မဟုတ် အက်စစ်ဖြင့်ပက်ခြင်း စသည့် ရက်စက်သော လုပ်ရပ်များ အပါအဝင် ခါးသီးသော အခြေအနေအမျိုးမျိုးကြားမှ ကယ်တင်ထားသည့် ခွေးအကောင်ရေ ၈၅၀၊ ကြောင်အကောင်ရေ ၁၅၀၊ နွား ၁၃ ကောင်နှင့် ဆိတ် ၁၀ ကောင်တို့မှာ ယင်းဂေဟာ၌ နေထိုင်လျက်ရှိသည်။
“ကျွန်မတို့အနေနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုသာမကဘဲ သူတို့ရဲ့ စိတ်ဒဏ်ရာကိုပါ ကုသပေးပြီး သူတို့အတွက် ထိုက်တန်တဲ့ ဂရုစိုက်မှုတွေ၊ မေတ္တာကရုဏာတွေပေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု မနှင်းဆီမြင့်က ပြောပြခဲ့သည်။
“တိရစ္ဆာန်လေးတွေအပေါ် ကရုဏာသက်မှုကြောင့် ဒီဂေဟာကို စပြီးဖွင့်လှစ်ဖြစ်ခဲ့တာပါ။ အဲဒီခွေးတော်တော်များများက လေလွင့်ခွေးတွေမို့ ဆေးကုသမှုရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ သူတို့တွေ သင့်တော်တဲ့ အာဟာရဓာတ်ရပြီး သူတို့ရဲ့နောက်ဆုံးအချိန်ကို ဝေဒနာ သက်သက်သာသာနဲ့ ဖြတ်သန်းနိုင်အောင် လုပ်ပေးချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။
ဝန်ထမ်းဦးရေ ၃၀ ကျော်ရှိသည့် အဆိုပါ ဂေဟာက အာဟာရရှိသော အစာများကို တစ်ရက်နှစ်ကြိမ် ကျွေးမွေးသည့်အပြင် သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးကြောင်း သိရသည်။ တိရစ္ဆာန်များ၏ အစာအတွက် လစဉ် ကုန်ကျစရိတ်မှာ ကျပ် သိန်း ၆၀၀ ခန့် (အမေရိကန်ဒေါ်လာ ၂၈,၅၇၁ ခန့်) ရှိကြောင်း၊ သို့သော် ရက်ရောသည့် စေတနာရှင်များ၏ လှူဒါန်းမှုက ယင်းကုန်ကျစရိတ်ပမာဏ အများစုကို ကာမိစေကြောင်း ၎င်းက ဆိုသည်။
၎င်းဂေဟာအနေဖြင့် တိရစ္ဆာန်များအတွက် နေ့စဥ် အစာကျွေးမွေးသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကိုလည်း ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ ယင်းတို့အနက် သင်းကွပ်ပေးခြင်း၊ အရေပြားရောဂါများကို ကုသပေးခြင်း၊ ကင်ဆာရောဂါ ကုသမှုပေးခြင်း၊ ကူးစက်ရောဂါများနှင့် ခွေးရူးပြန်ရောဂါတို့အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ ပါဝင်ကြောင်း ၎င်းက ပြောပြခဲ့သည်။
ရွှေရောင်နှလုံးသား ဂေဟာသည် ဝန်ထမ်းများနှင့် အလှူရှင်များ၏ အလေးထားမှုနှင့် ကရုဏာထားမှုတို့ကြောင့် တည်တံ့အောင်မြင်လျက်ရှိသလို ယင်းဂေဟာ အဆင်ပြေပြေ လည်ပတ်နိုင်ရေးအတွက်လည်း ၎င်းတို့က အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အဆိုပါ ဂေဟာတွင် အလုပ်လုပ်နေသည်မှာ ၇ နှစ်နီးပါး ရှိပြီဖြစ်သည့် မောင်ဝေလင်းဖြိုးမှာ သန့်ရှင်းရေးလုပ်ပေးခြင်း၊ အစာကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံရာ၌ အကူအညီပေးခြင်း စသည့် တာဝန်အများအပြားကို လုပ်ဆောင်နေသူဖြစ်သည်။
အသစ်ရောက်လာသည့် ခွေးများ၏ အကိုက်ခံရခြင်းကဲ့သို့ စိန်ခေါ်မှုများ ရှိခြင်းကြောင့် ၎င်းအနေဖြင့် အမြဲသတိထားရသလို တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ရာ၌လည်း ဂရုတစိုက် လုပ်ဆောင်ရလေ့ရှိသည်။
ဂေဟာသို့ ရောက်ရှိလာသည့် ခွေးအများစုမှာ အကြောသေရောဂါကဲ့သို့ ပြင်းထန်သော ရောဂါများနှင့် ပြင်းထန်သော ရောဂါအခြေအနေများ ခံစားနေရကြောင်း သိရသည်။ အဖွဲ့အနေဖြင့် ထိုတိရစ္ဆာန်များကို အသက်အန္တရာယ်ရှိသော အခြေအနေမှ ကယ်တင်ရေး၊ ၎င်းတို့အတွက် အရေးတကြီး လိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဂရုစိုက်မှု ပေးနိုင်ရေးအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံ၍ မနားမနေ ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။
၎င်းတိရစ္ဆာန်များ ရောဂါသက်သာ ပျောက်ကင်းလာသည်ကို မြင်တွေ့ရလျှင် ပင်ပန်းရကျိုးနပ်ကြောင်း၊ ၎င်းတို့ ထူထူထောင်ထောင် ပြန်ဖြစ်လာပြီး ကျန်းမာရေးအခြေအနေ တိုးတက်လာသည်ကို မြင်တွေ့ရလျှင်လည်း အလွန်ဝမ်းသာကျေနပ်မိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ဒီဂေဟာက လမ်းပေါ်မှာလေလွင့်ပြီး သေဆုံးသွားနိုင်တဲ့ လေလွင့် မသန်စွမ်းခွေးတွေအတွက် အသက်ကယ်ဆေးဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ယခင်က တက္ကစီယာဉ်မောင်း တစ်ဦးဖြစ်သည့် အသက် ၃၃ နှစ်အရွယ် ကိုစံတော်မိုးသည် အနံ့အသက်ကြောင့် အခြားယာဉ်မောင်းများ လျစ်လျူရှုထားသော ဒဏ်ရာရ တိရစ္ဆာန်များကို ဆေးရုံသို့ မကြာခဏ ပို့ဆောင်ပေးခဲ့ရာမှ ယင်းဂေဟာတွင် လွန်ခဲ့သော ၄ နှစ်ခန့်က စတင်အလုပ်လုပ်ခဲ့သူဖြစ်သည်။
“ရာနဲ့ချီတဲ့ တိရစ္ဆာန်တွေကို ကျွန်တော့်ကားနဲ့ ကယ်တင်ခဲ့ပြီး သူတို့အတွက်လိုအပ်တဲ့ ဆေးကုသမှုနဲ့ ဂရုစိုက်မှုရရှိအောင် လုပ်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောပြခဲ့သည်။
“စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားရတဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီဂေဟာမှာ အလုပ်လုပ်ရတာက ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့ အနေအထားတစ်ခုပါပဲ။ ကျွန်တော့်ရဲ့ စားဝတ်နေရေးအတွက် ဝင်ငွေရသလို ကုသိုလ်ရတဲ့ အလုပ်တွေလည်း လုပ်ရတယ်လေ” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ခွေးရူးပြန်ရောဂါကြောင့် သေဆုံးဒဏ်ရာရမှုများ မဖြစ်ပွားအောင် တားဆီးရန်အတွက် ၎င်းဂေဟာက အနီးဝန်းကျင်ရှိ လမ်းများနှင့် ဘုန်းကြီးကျောင်းများတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ လေလွင့် တိရစ္ဆာန်အကောင်ရေ ထိန်းချုပ်ရေးနှင့် ခွေးရူးပြန်ရောဂါ မပြန့်ပွားအောင် တိုက်ဖျက်ရေးအတွက် သင်းကွပ်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သင်းကွပ်ပေးသည့် လုပ်ငန်းစဉ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခြင်းက ကရုဏာပိုမိုကြီးမား၍ ပိုမိုသဟဇာတဖြစ်သော ကမ္ဘာကြီး ဖြစ်လာစေရန် အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း ၎င်းဂေဟာတည်ထောင်သူက ပြောကြားခဲ့သည်။ (Xinhua)

……………………..
(English Version)
Feature: Sanctuary brings hope to stray animals in Myanmar
YANGON, Jan. 19 (Xinhua) — The Golden Heart disabled animals rescue shelter, founded in January 2014 by Hnin Si Myint, was a sanctuary for stray animals across the country on the outskirts of Yangon, Myanmar.
The shelter is home to 850 dogs, 150 cats, 13 cows, and 10 goats rescued from various disturbing situations, including car accidents, knife attacks, and cruel acts involving hot water or acid.
“We are dedicated to healing not just their bodies but also their spirits, providing them with care and love they deserve,” Hnin Si Myint said.
“My compassion for animals led me to start this shelter. Many of these dogs are stray and rarely get medical care. I want to ensure they receive proper nutrition and spend their last days with less pain,” she said.
With over 30 employees, the shelter provides two nutritious meals per day, along with regular cleaning. A monthly expenditure for food amounts to approximately 60 million kyats (about 28,571 U.S. dollars), she said, adding that most of the amount is covered by donations from generous contributors.
In addition to providing daily meals, the shelter prioritized medical care for the animals. This included neutering procedures, treatment for skin diseases, cancer care, and vaccination against infectious diseases and rabies vaccinations, she said.
The Golden Heart shelter thrives thanks to the dedication and compassion of its staff and donors, who play a crucial role in ensuring the shelter operates smoothly.
Having worked at the shelter for nearly seven years, Wai Lin Phyo, 22, handles a wide range of responsibilities, including cleaning, feeding, and assisting with vaccinations.
As for challenges, such as being bitten by newly arrived dogs, he had to remain vigilant and careful when treating and caring for the animals.
Most of the dogs that arrived have suffered from serious diseases and severe conditions such as paralysis. The dedicated team worked tirelessly to save these animals from life-threatening situations, providing them with medical attention and care they desperately need, he said.
Witnessing their recovery is a rewarding experience, and seeing them regain strength and improve in condition brought immense joy and fulfillment, he added.
“I believe the shelter is a lifeline for stray and disabled dogs who would otherwise perish on the streets,” he said.
A former taxi driver, San Taw Moe, 33, joined the shelter about four years ago, initially inspired by his frequent trips transporting injured animals to hospital, a task refused by other drivers due to smell.
“With my car, I have rescued hundreds of animals, ensuring they receive care and treatment they need,” he said.
“Working here as a dedicated team member is a win-win situation. I can earn a living while performing good deeds,” he added.
The shelter has conducted rabies vaccination in nearby streets and monasteries to prevent injuries or deaths caused by rabies, along with neutering to control the stray animal population and fight the spread of rabies.
Widespread participation in rabies vaccination and neutering initiatives can pave the way for a more compassionate and balanced world, the founder of the shelter said.