Connect with us

International Organizations

“နိုင်ငံစုံ အစုအဖွဲ့အများမှ နုတ်ထွက်မှု” ထရမ့် ပြန်လည်စတင်ဆောင်ရွက်၊ ထို့အပေါ် ကုလသမဂ္ဂ ပြင်ဆင်ပြီးပြီလော

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ Capital One Arena တွင် သမ္မတ ထရမ့်က ၎င်းလက်မှတ်ရေးထိုးထားသော အမိန့်ကြေညာချက်အား ပြသနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ/ဂျီနီဗာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်၏ ဇန်နဝါရီ ၂၀ ရက် တာဝန်ထမ်းဆောင်သည့်နေ့တွင် ရေးထိုးခဲ့သော အမိန့်ကြေညာချက်များစွာနှင့်အတူ နယူးယောက်အရှေ့ဘက်မြစ်ကမ်းရှိ ကုလသမဂ္ဂရုံးချုပ်မှသည် ဆွစ်ဇာလန်၊ ဂျီနီဗာ ရေကန်နံဘေးရှိ နိုင်ငံပေါင်းစုံ နန်းတော် (Palace of Nations) အထိ ကုလသမဂ္ဂ အရာရှိများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသည့် “ခန့်မှန်းချက်များ” က နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။

ယခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်သည့် ၈၀ ပြည့်နှစ် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ 《ပဲရစ်သဘောတူညီချက်》မှ အမေရိကန် နုတ်ထွက်သည့် ထရမ့်၏ နောက်ထပ်တစ်ကြိမ်ကြေညာချက်အပေါ် ကုလသမဂ္ဂအတွင်း ယခင်ကတည်းက စိုးရိမ်မှုများရှိကြသလို “ထရမ့် ၂.၀” ရိုက်ခတ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အစောကြီးကတည်းကပင် စတင်ပြင်ဆင်ခဲ့ကြသည်။

“နိုင်ငံစုံ အစုအဖွဲ့များမှ နုတ်ထွက်မှု” အပေါ် ထရမ့် တစ်ယူသန် ဖြစ်နေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း

ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်တွင် အမိန့်ကြေညာချက်များ လက်မှတ်ထိုးခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ရာသီဥတုပြောင်းလဲမှုအပေါ် နိုင်ငံတကာအသိုက်အဝန်း ကိုင်တွယ်ဖြေရှင်းကြသည့် 《ပဲရစ် သဘောတူညီချက်》မှ အမေရိကန် နောက်ထပ်တစ်ကြိမ် နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ထိုမတိုင်မီ ထရမ့်၏ ထိပ်တန်းလက်ရုံးအရာရှိများက ဤလုပ်ဆောင်ချက်သည် ဘိုင်ဒန်နှင့် ဆန့်ကျင်ဘက် ဖြစ်ကြောင်း၊ ဘိုင်ဒန်သည် ရာထူးတာဝန်ထမ်းဆောင်ပြီးနောက် 《ပဲရစ်သဘောတူညီချက်》၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ယူနက်စကိုတွင် ပြန်လည်ပါဝင်ရန် ကြေညာခဲ့ကြောင်း သတင်းစကားပြောကြားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ်အဖြစ် ထရမ့် အမည်စာရင်းတင်သွင်းသည့် ရီပက်ဘလစ်ကန်ပါတီ အောက်လွှတ်တော်အမတ် Elise Marie Stefanik က “ဂျူးဆန့်ကျင်ရေးဝါဒ” ကို အကြောင်းပြ၍ အမေရိကန်အနေဖြင့် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) အား ကူညီပံ့ပိုးမှုများကို ရပ်တန့်ရန် အဆိုပြုခဲ့သည်။

၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် ထရမ့်၏ ပထမ သမ္မတ သက်တမ်းကာလတွင် အမေရိကန်သည် 《ပဲရစ်သဘောတူညီချက်》၊ အီရန် နျူကလီးယားအရေး ဘက်စုံ သဘောတူညီချက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ယူနက်စကို၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ တာလတ်ပစ် နျူကလီးယားစာချုပ် (INF Treaty) စသည့် နိုင်ငံတကာအဖွဲ့အစည်းနှင့် နိုင်ငံပေါင်းစုံယန္တရားများမှ နုတ်ထွက်ခဲ့ရာ အမေရိကန် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောဆိုမှု ဖြစ်ပွားခဲ့သည်။ ထရမ့် ပထမအကြိမ် တာဝန်ထမ်းဆောင် စီမံအုပ်ချုပ်စဉ်ကလည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးလှုပ်ရှားမှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ မိမိဆန္ဒအလျောက် ငွေကြေးလှူဒါန်းမှုများကို များစွာလျှော့ချခြင်း အပါအဝင် အမေရိကန် သံတမန်ရေးနှင့် ပြည်ပကူညီပံ့ပိုးရေး ဘတ်ဂျက် သုံးပုံတစ်ပုံကို လျှော့ချရန် အဆိုပြုမှုသည် လွှတ်တော်၏ ပယ်ချခြင်း ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ၌ ရီပက်ဘလစ်ကန်ပါတီသည် လွှတ်တော်နှစ်ရပ်လုံးတွင် နေရာအများစုရရှိလာခြင်းနှင့်အတူ ထရမ့်သည် ပို၍ကြီးမားသော အုပ်ချုပ်ရေးဖော်ဆောင်မှုနယ်ပယ် ရရှိလာသည်။ ရီပက်ဘလစ်ကန် ရှေးရိုးစွဲအုပ်စုက ရွေးကောက်ပွဲကာလတွင် “၂၀၂၅ အစီအစဉ်” ကို ထုတ်ပြန်ပြီး အမေရိကန် ရန်ပုံငွေအပေါ် “အလွန်အမင်း မှီခို” နေရသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရန်ပုံငွေထောက်ပံ့မှုကို များစွာ လျှော့ချမည် ဖြစ်ကြောင်း အတိအလင်း ထောက်ပြခဲ့သည်။ သို့သော် “အလွန်အမင်း မှီခို” သည့် အတိုင်းအတာသတ်မှတ်ချက်ကိုမူ ရှင်းလင်းပြောကြားခြင်း မရှိခဲ့ပေ။

ထရမ့် ရာထူးတာဝန်ယူပြီးနောက် “နိုင်ငံစုံ အဖွဲ့အစည်းများမှ နုတ်ထွက်မှု” မပြုခဲ့စေကာမူ ရန်ပုံငွေထောက်ပံ့မှု လျှော့ချမည်ဟု ခြိမ်းခြောက်မည် ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ အမေရိကန်စကားကို ကုလသမဂ္ဂပို၍ နာခံစေရန် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်ဌာန၌ တာဝန်ထမ်းဆောင်နေသော လီယဲ့က မကြာသေးမီက ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ထရမ့် “နိုင်ငံစုံ အဖွဲ့အစည်းများမှ နုတ်ထွက်” သည့် ရည်ရွယ်ချက်မှာ အမေရိကန် တောင်းဆိုသည့်အတိုင်း ကုလသမဂ္ဂစနစ်ကို ပြုပြင်ပြောင်းလဲရန် ဖြစ်ကြောင်း အမည်မဖော်လိုသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အရာရှိတစ်ဦးက ယူဆသည်။

“ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်က ပါးစပ်က ပြောရုံတင်မဟုတ်ဘူးဆိုတာကို အစိုးရသစ်အနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို သက်သေပြသင့်တယ်။ ဝါရှင်တန်ရဲ့ အဓိကအကျဆုံးလက်နက်က သူရဲ့ ငွေအိတ်ပဲ” ဟု ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်ဟောင်း John Robert Bolton က ယမန်နှစ် ဒီဇင်ဘာ ၂၆ ရက်က 《The Wall Street Journal》တွင် ရေးသားဖော်ပြခဲ့သည်။
Bolton က ဒုတိယအကြိမ် ထရမ့်အစိုးရအဖွဲ့ကို အဆိုပြုသည့် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး အကြုံပြုချက်တွင် အဓိကအားဖြင့် ကုလသမဂ္ဂ အသင်းဝင်ကြေး ဝေပုံကျပေးခြင်းစနစ်ကို အခိုင်အမာ ဆန့်ကျင်ထားပြီး မိမိသဘောဆန္ဒအလျောက် အလှူငွေပေးခြင်းစနစ်ကိုသာ လက်ခံကြောင်း ပါရှိပေသည်။ ၎င်း၏ အဆိုအရ အမေရိကန်သည် ကုလသမဂ္ဂ၏ အကြီးဆုံးအလှူရှင်နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂအသင်းဝင်ကြေး ဝေပုံကျပေးခြင်းစနစ်က အခြားနိုင်ငံများအနေဖြင့် အမေရိကန် ထံမှ အခွန်ကောက်ခံသလို ဖြစ်စေကြောင်း သိရသည်။ ယနေ့မှစ၍ အမေရိကန်အနေဖြင့် ကုလသမဂ္ဂဌာနများနှင့် စီမံကိန်းများ၏ စွမ်းဆောင်မှုအရ ၎င်းအတွက် ရန်ပုံငွေ ပံ့ပိုးပေးမည် ဖြစ်ပြီး “ကျွန်တော်တို့ ပေးချင်သလောက်သာ ရန်ပုံငွေ ပေးချေမယ်” ၊ ယင်းမှာ သက်ဆိုင်သည့် အကျိုးအမြတ်ပြန်လည်ရရှိရမည် ဖြစ်ကြောင်း၊ “ပြုပြင်ပြောင်းလဲလို့ မရဘူးလို့ သက်သေပြထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုတော့ အမေရိကန်က နုတ်ထွက်သင့်တယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်၏ “နိုင်ငံစုံ အစုအဖွဲ့များမှ နုတ်ထွက်မှု” က ကုလသမဂ္ဂဘဏ္ဍာရေး အကျပ်အတည်းကို ပို၍ ဆိုးရွားစေ

ကုလသမဂ္ဂအတွင်း အကြီးမားဆုံးနှင့် အပူတပြင်း အဖြစ်ဆုံး စိုးရိမ်မှုမှာ ယနေ့မှစ၍ ၄ နှစ်တာ ထရမ့်အစိုးရ၏ ရန်ပုံငွေလျှော့ချခြင်းက ကုလသမဂ္ဂစနစ် အခြေခံလည်ပတ်မှုကို ရိုက်ခတ်နိုင်ခြင်း ဖြစ်သည်။
ထရမ့် ပထမ သမ္မတ သက်တမ်းတွင် ယူနက်စကိုက အမေရိကန် နုတ်ထွက်ခဲ့မှုကို ကြည့်ခြင်းအားဖြင့် ယူနက်စကိုမှ အမေရိကန် နောက်ထပ်တစ်ကြိမ် နုတ်ထွက်မည် ဖြစ်ပြီး အကြွေးကျန်နေသည့်အသင်းဝင်ကြေး ပေးဆောင်ရန် ငြင်းဆိုမည်ကို ဝန်ထမ်းအများစုက ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ကြောင်း ယူနက်စကိုတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ထုန်အိုက်မင်က ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
အမည်မဖော်လိုသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ထရမ့်အနေဖြင့် “နိုင်ငံစုံ အစုအဖွဲ့များမှ နုတ်ထွက်မှု” နောက်ထပ်တစ်ဖန်လုပ်လာနိုင်သည် ဟူသော သတင်းများ ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွင်း ဤ ”ခန့်မှန်းချက်များ” ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီ နှစ်ဝက်ကြာကာလတွင် ထရမ့်ပြန်လည်အာဏာရသည့်အခါ ကြိုတင်ပြင်ဆင်မှုများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း၊ ဥပမာ- ထရမ့်အာဏာရပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန် နုတ်ထွက်မည့် သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စီမံကိန်း အချို့မှ နုတ်ထွက်မည့်အပေါ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယမန်နှစ် အောက်တိုဘာလက ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထိပ်သီးအစည်းအဝေးတွင် လှူဒါန်းငွေ သန်း ၇၀၀၊ ၈၀၀ စုဆောင်းခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ၊ အမေရိကန် ကူညီပံ့ပိုးသည့် ငွေကြေးပမာဏသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရန်ပုံငွေစုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိသည်။ ဗြိတိန်《Financial Times》သတင်းစာ၏ ဖော်ပြချက်များရ အမေရိကန် နုတ်ထွက်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ရန်ပုံငွေအများဆုံးအရင်းအမြစ်ကို ဆုံးရှုံးစေမည်ဖြစ်ရာ ပြည်သူ့ကျန်းမာရေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို အားနည်းစေကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် ထရမ့်အစိုးရက “အတင်းအဓမ္မ သန္ဓေသား ဖျက်ချခြင်း သို့မဟုတ် မိမိဆန္ဒမပါသော သားကြောဖြတ်ခြင်း အစီအစဉ် ” ကို ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) က ထောက်ခံသည့်အပေါ် အကြောင်းပြ၍ ၎င်းအပေါ် ဘဏ္ဍာရေးပံ့ပိုးမှုကို လျှော့ချခဲ့သည်။ အမှန်စင်စစ်တွင်မူ ဤကုလသမဂ္ဂအဖွဲ့အစည်း၏ လုပ်ငန်းမှာ အဓိကအားဖြင့် နိုင်ငံနှင့်ဒေသပေါင်း ၁၅၀ ကျော်က အမျိုးသမီးများ မျိုးဆက်ပွား ကျန်းမာရေး အခွင့်အရေးကို ထောက်ခံ၍ ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်သည်။ အကယ်၍ ထရမ့်အနေဖြင့် ငွေကြေးပံ့ပိုးမှု ထပ်မံလျှော့ချမည်ဆိုလျှင် အာဖဂန်နစ္စတန်၊ ဆူဒန်နှင့် ယူကရိန်း စသည့် နိုင်ငံများရှိ အမျိုးသမီးများသည် ကူညီပံ့ပိုးမှုများ ဆုံးရှုံးရမည့် အန္တရာယ်နှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း ယင်းအဖွဲ့က သတိပေးခဲ့သည်။

ရေရှည် ရန်ပုံငွေ ပြတ်လပ်ခြင်းသည် ကုလသမဂ္ဂစနစ်တွင် ရင်ဆိုင်နေရသည့် အဓိက စိန်ခေါ်မှုများအနက် တစ်ခု ဖြစ်သည်။ ကုလသမဂ္ဂ၏အသုံးစရိတ်ကို သာမန်အားဖြင့် ပုံမှန်ဘတ်ဂျက်နှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဘတ်ဂျက် ဟူ၍ နှစ်ပိုင်းခွဲခြားနိုင်သည်။ ကုလသမဂ္ဂ၏ အများဆုံး အသင်းဝင်ကြေးပေးသည့် နိုင်ငံအနေဖြင့် အမေရိကန်၏ အသင်းဝင်ကြေးမှာ ကုလသမဂ္ဂ ပုံမှန်ဘတ်ဂျက်၏ ၂၂ ရာခိုင်နှုန်း ရှိသည်။ ထရမ့် ပထမ သမ္မတ သက်တမ်းကာလတွင် အမေရိကန်တာဝန်ယူပေးဆောင်ရသည့် အသင်းဝင်ကြေး အချိုးအစားသည် “တရားမျှတမှု မရှိ” ဟု ကြိမ်ဖန် များစွာ ပြောကြားခဲ့သလို ကုလသမဂ္ဂသည် “လူစုဝေးခြင်း၊ စကားစမြည်ပြောခြင်းနှင့် ပျော်စရာ ကလပ်တစ်ခုသာ ဖြစ်သည်” ဟု ဝေဖန်ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း၊ ထရမ့်၏ ပထမ သက်တမ်းကာလ ပြီးဆုံးချိန်၌ အမေရိကန်သည် ကုလသမဂ္ဂ ပုံမှန် ဘတ်ဂျက်တွင် ကန်ဒေါ်လာ သန်း ၆၀၀ အကြွေးတင်နေပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဘတ်ဂျက်တွင်မူ ကန်ဒေါ်လာ သန်း ၂,၀၀၀ အကြွေးတင်နေပေသည်။ ဘိုင်ဒန်အစိုးရကလည်း ငွေကြေးအမြောက်အမြား အကြွေးတင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂ၏ ပုံမှန်ဘတ်ဂျက်မှာ ကန်ဒေါ်လာ ၃.၅၉ ဘီလီယံ ရှိပြီး ဒီဇင်ဘာ ၁၇ ရက် အထိ အဖွဲ့ဝင်နိုင်ငံ ၁၅၀ က မိမိတို့ဆိုင်ရာ ငွေကြေးများအား ပေးသွင်းပြီး ဖြစ်ရာ ငွေပေးချေပြီးသော အမည်စာရင်းတွင် အမေရိကန် ပါဝင်ခြင်း မရှိကြောင်း၊ ထို့အပြင် ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ် များတွင်လည်း အလားတူဖြစ်ရာ “အကြွေးမပေး လူညစ်” ဖြစ်သည့် အနေအထားမှာ ပုံမှန်ဖြစ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဝက်ဘ်ဆိုက်၌ ကြည့်ရှုရာတွင် သိရသည်။ ကုလသမဂ္ဂ အသင်းဝင်ကြေး ဝေပုံကျပေးရသည့်ယန္တရားအရ အမေရိကန်က ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လှုပ်ရှားမှုအသုံးစရိတ်တွင် ဝေပုံကျပေးရသည့် အချိုးအစားသည် ရေရှည် ၂၅ ရာခိုင်နှုန်းကျော် ရှိသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အမေရိကန်လွှတ်တော်က ဥပဒေတစ်ရပ်ကို အတည်ပြုပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လှုပ်ရှားမှု ဝေပုံကျပံ့ပိုးမှုကို ၂၅ ရာခိုင်နှုန်း ထက်ပို၍ ပေးဆောင်ခြင်း မပြုရန် တားမြစ်ခဲ့သည်။ ယင်းကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် အမေရိကန် ကြွေးကျန်မှာ နှစ်စဉ်နှင့်အမျှ များပြားလာခြင်း ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်အထိ စုစုပေါင်း ပမာဏ ကန်ဒေါ်လာ ၈၈၃ သန်း ရှိရာ ကုလသမဂ္ဂ ယခုဘဏ္ဍာရေးကာလ စိစစ်အတည်ပြုသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဘတ်ဂျက် စုစုပေါင်းပမာဏ၏ ၁၅.၈ ရာခိုင်နှုန်း ရှိပေသည်။

စွမ်းအင် ဈေးနှုန်းမြင့်တက်လာမှုကြောင့် ကုလသမဂ္ဂ ဂျီနီဗာ ရုံးချုပ်သည် လျှပ်စစ်ဓာတ်အားခ ကန်ဒေါ်လာ ၁၅၀,၀၀၀ လိုအပ်ချက်ကို ဖြည့်စွက်ရန်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှစ၍ ရက်သတ္တပတ် ၄ ပတ်ကြာ မဖြစ်မနေ ပိတ်ခဲ့ရပြီး ရေ၊ လျှပ်စစ် အသုံးပြုမှု ကန့်သတ်ခြင်း၊ အချိန်ပိုဆင်းမှုကို ကန့်သတ်ခြင်း၊ အလုပ်ခေါ်ယူမှုများကို ယာယီရပ်ဆိုင်းခြင်း စသည်ဖြင့် အသုံးစရိတ်လျှော့ချသည့် အစီအမံများ ဆောင်ရွက်ခဲ့သလို လုပ်ခလစာမဟုတ်သော သက်ဆိုင်ရာအသုံးစရိတ်များကို ၄၀ ရာခိုင်နှုန်းနှင့်အထက် လျှော့ချပြီး စက်လှေကားအသုံးပြုမှုကိုပင် ရပ်ဆိုင်းခဲ့ရသည်။

ယခုနှစ်သည် ကုလသမဂ္ဂထူထောင်ခြင်း ၈၀ ပြည့်နှစ် သမိုင်းဝင် အချိန်အခါဖြစ်ပေသည်။ လက်ရှိကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ တာဝန်ထမ်းဆောင်သည့်ကာလမှာ ၂၀၂၆ ခုနှစ် နှစ်ကုန်တွင် ပြည့်မည် ဖြစ်ရာ ကုလသမဂ္ဂအနေဖြင့် ယခုနှစ်တွင် နောက်ထပ်တာဝန်ထမ်းဆောင်မည့် အထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ရမည် ဖြစ်သည်။

ကုလသမဂ္ဂသည် တည်ထောင်သည့်အချိန်မှစ၍ လေဒဏ်မိုးဒဏ်များကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ရာ အန္တရာယ်ကို ကိုင်တွယ်စီမံရာတွင် စဉ်ဆက်မပြတ် အတွေ့အကြုံကြွယ်ဝလျက်ရှိကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒသည် ယနေ့မှစ၍ ၄ နှစ်ကြာကာလတွင် “ထရမ့် ၂.၀” က သယ်ဆောင်လာမည့် စမ်းသပ်မှုအသစ်ကို ခံနိုင်ရည် ရှိမည်ဟု ယုံကြည်ကြောင်း အမေရိကန် ကိုလံဘီယာ တက္ကသိုလ် နိုင်ငံရေး သိပ္ပံ ပါမောက္ခ Allison Carnegie နှင့် Notre Dame တက္ကသိုလ် နိုင်ငံရေးသိပ္ပံလက်ထောက်ပါမောက္ခ Richard Clark က ရေးသားဖော်ပြခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်စီမံသည့် 《ပဲရစ် သဘောတူညီချက်》မှ အမေရိကန် နုတ်ထွက်ကြောင်း ထရမ့်အစိုးရကြေညာခဲ့သည့်အပေါ် လူထုဆန့်ကျင်ဆန္ဒပြနေသည်ကို ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
列国鉴·联合国 | 记者观察:特朗普重启“退群”,联合国准备好了吗
新华社联合国/日内瓦1月21日电(记者施春 陈俊侠)随着美国新任总统唐纳德·特朗普20日在就职当天签署一道道行政令,从纽约东河边的联合国总部,到瑞士日内瓦湖畔的万国宫,联合国官员们等待多时的“靴子”终于落地。
今年是联合国成立80周年。对于特朗普再次宣布美国退出世界卫生组织、《巴黎协定》,联合国内部早有担心,也早早着手,准备应对“特朗普2.0”冲击。
特朗普执着于“退群”目的何在
特朗普20日签署行政令,宣布美国再次退出世卫组织、退出国际社会应对气候变化的《巴黎协定》。特朗普幕僚先前放风说,此举与拜登针锋相对,后者就职后立即签署行政令,宣布重返《巴黎协定》、世卫组织和联合国教科文组织。
另外,特朗普提名的美国常驻联合国代表人选、共和党籍国会众议员爱丽丝·斯特芬尼克以打击“反犹主义”为由,主张美国停止资助联合国近东巴勒斯坦难民救济和工程处。
在特朗普2017年至2021年首个任期,美国退出《巴黎协定》、伊朗核问题全面协议、世卫组织、联合国教科文组织、联合国人权理事会、中程导弹条约等多个国际组织和多边机制,在美国内和国际社会引发广泛批评。
特朗普首次执政时还提案削减美国外交和对外援助预算三分之一,包括大幅削减对联合国维和行动及国际组织的自愿捐款,遭到国会否决。随着共和党在2024年大选中斩获国会参众两院多数议席,特朗普得以获得更大施政空间。共和党保守派团体在大选期间发布“2025计划”,明确指出将大幅削减对“过度依赖”美国资金的国际组织的资金支持,但没有说明如何界定“过度依赖”。
在世卫组织应急部任职的李烨日前接受新华社记者采访时说,特朗普上台后即便不“退群”,也会以减少资金支持相要挟,目的是让联合国更加听命于美国。一名不愿公开姓名的联合国难民事务高级专员公署官员认为,特朗普“退群”目的是迫使联合国系统按照美国要求进行改革。
曾任特朗普国家安全事务助理的美国前常驻联合国代表约翰·博尔顿去年12月26日在《华尔街日报》撰文称,“新政府应该向联合国会员国证明,其改革目标不仅仅是口头上的。华盛顿最重要的武器是它的钱包。”
博尔顿向第二届特朗普政府提出的联合国改革建议主要是坚决反对联合国会费分摊制,只接受自愿捐款制。按照他的说法,美国是联合国最大捐助国,联合国会费分摊制相当于其他会员国向美国征税。今后,美国要根据联合国机构和项目的表现为其提供资金,“只支付我们想要支付的资金”,且一定要得到相应回报;“对于一些将被证明无法改革的国际机构,美国应该退出它们”。
美国“退群”加剧联合国财政困境
联合国内部最大也最迫在眉睫的担忧,是今后4年特朗普政府削减资金支持可能冲击联合国系统基本运转。
在联合国教科文组织担任顾问的佟爱民告诉新华社记者,鉴于特朗普首次执政时美国退出教科文组织,员工大多预期美国会再次退出该组织并拒绝支付所拖欠会费。
一名不愿公开姓名的世卫组织高级职员说,特朗普可能再次“退群”的消息去年底传出后,世卫组织内部都在等待这只靴子落地。最近半年,世卫组织一直在为特朗普上台做准备,例如,去年10月在德国首都柏林召开世界卫生峰会时筹到七八亿美元捐款,以防备特朗普上台后美国退出世卫组织或退出世卫组织一些项目。
2022年至2023年,美国资助金额占世卫组织资金总额的16%左右。按照英国《金融时报》的说法,美国退出将使世卫组织失去最大资金来源,削弱其应对公共卫生危机的能力。
2017年,特朗普政府以联合国人口基金支持“强制堕胎或非自愿绝育计划”为由,削减对其财政资助。事实上,这一联合国机构的工作重点是支持维护150多个国家和地区的女性生殖健康权利。该机构警告,如果特朗普再次削减资助,这意味着阿富汗、苏丹和乌克兰等国的妇女将面临失去援助的危险。
长期资金短缺是联合国系统面临的主要挑战之一。联合国经费一般分为经常预算和维和预算两部分。作为联合国最大的会费来源国,美国会费占联合国经常预算的22%。特朗普首次执政期间多次声称美国承担的会费比例“不公平”,批评联合国“只是一个供人们聚会、聊天和玩乐的俱乐部”。
特朗普首个任期2021年初结束时,美国在联合国经常预算上拖欠6亿美元、在维和预算上拖欠20亿美元。拜登政府也大笔欠账。记者查询联合国网站了解到,2024年联合国经常预算为35.9亿美元,截至12月17日,150个会员国全额缴纳各自摊款,美国不在已缴纳名单中,且2022年、2023年同样不在,“老赖”已成常态。
按照联合国会费分摊机制,美国在联合国维和行动经费中的分摊比例长期超过25%。上世纪90年代,美国国会确定一项立法上限,禁止美国支付25%之外的维和行动摊款。这导致美国在联合国维和行动上拖欠摊款逐年累积,截至2024年9月底,总额达8.83亿美元,占联合国本财政期核准的维和预算总额15.8%。
由于能源价格上涨,联合国日内瓦总部为了弥补15万美元左右的电费缺口,不得不从2023年12月20日起关闭4周,并通过限用水电、限制加班、临时冻结招聘等缩减开支措施,把非工资相关费用减少40%以上,甚至停用自动扶梯。
联合国今年将迎来成立80周年这一历史性时刻。现任秘书长安东尼奥·古特雷斯的任期将于2026年年底届满,联合国今年将着手下一任秘书长遴选工作。美国哥伦比亚大学政治学教授艾莉森·卡内基和圣母大学政治学助理教授理查德·克拉克撰文指出,联合国自成立以来经历了风风雨雨,应对危机的经验不断丰富,相信联合国和多边主义今后4年能够经受住“特朗普2.0”带来的新一轮考验。
1. 1月20日,在美国首都华盛顿第一资本体育馆,美国总统特朗普展示其签署的行政令。新华社记者吴晓凌摄
2. 2017年6月1日,在美国首都华盛顿,民众抗议特朗普政府当天宣布美国将退出应对全球气候变化的《巴黎协定》。新华社记者颜亮摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.