Connect with us

Myanmar

မြန်မာနိုင်ငံတွင် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကျင်းပ

နေပြည်တော်တွင် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကျင်းပမှုအား တွေ့ရစဥ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ နို၀င်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နို၀င်ဘာ ၂၁ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အခမ်းအနားတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသော ယခုနှစ်ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်မှာ “Listen to Children: my day, my rights” “နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး၊ ကလေးများအသံ နားထောင်ပေး” ဖြစ်ကြောင်း၊ ကလေးများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများတွင် ကလေးများ၏ စိတ်ကူး၊ ဆန္ဒနှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ကလေးသူငယ်တိုင်း၏ အနာဂတ်နှင့် ကောင်းမွန်လှပသည့် နေ့စဉ်ဘဝတွင် ကလေးအခွင့်အရေးများကို အပြည့်အဝရရှိခံစားရင်း လူကြီးဘဝကို အေးချမ်းပျော်ရွှင်စွာ ရောက်ရှိလာအောင်လည်း ဖော်ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက တိုက်တွန်းပြောကြားသည်။

ယင်း အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုပြသပြီး ကလေးများက သရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117