Connect with us

Media

တရုတ်နိုင်ငံက စီးပွားရေးတိုးတက်မှု အရှိန်မြှင့်တင်ရန် ရေခဲနှင့် ဆီးနှင်းအရင်းအမြစ်များကို ဖော်ထုတ်

ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအသစ်များကို ဖန်တီးရန် ဆောင်းရာသီအားကစားများမှသည် ဆီးနှင်းခရီးသွားလုပ်ငန်းအထိ ရေခဲနှင့် ဆီးနှင်း အရင်းအမြစ်များကို ထိထိရောက်ရောက် ဖော်ထုတ်လျက်ရှိကြောင်း မကြာသေးမီက ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူ အများအပြား၏ ပြောကြားချက်အရ သိရသည်။
ယခုအခါတွင် ခရီးသွားများအနေဖြင့် ရေခဲနှင့် ဆီးနှင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော အပန်းဖြေမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်များအတွက် ငွေသုံးစွဲရန် ပိုမိုဆန္ဒရှိလာသည်ဟု ဆင်ဟွာသတင်းဌာနက ကမကထပြုကျင်းပသည့် မီဒီယာအားလုံးပါဝင်သော ဆွေးနွေးပွဲအစီအစဉ်ဖြစ်သည့် တရုတ် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ နောက်ဆုံးအပိုင်းတွင် တရုတ်ခရီးသွားလုပ်ငန်း အကယ်ဒမီ ဥက္ကဋ္ဌဖြစ်သူ သိုက်ပင်းက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
China taps ice, snow to fuel economic growth
From winter sports to snow tourism, China is actively tapping into its ice and snow resources to create new growth drivers for the world’s second-largest economy, according to multiple officials and experts at a recent roundtable.
Tourists are now more willing to pay for leisure and cultural activities related to ice and snow tourism, said Dai Bin, president of the China Tourism Academy, at the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency.