Asia
အမေရိကန်၏ သွင်းကုန်ခွန် တိုးမြှင့်မှုကို တုံ့ပြန်ရန် အာဆီယံအား မလေးရှား စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း ဥက္ကဋ္ဌ တိုက်တွန်း

ကွာလာလမ်ပူ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် အမေရိကန်က ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများစုအပေါ် စည်းကြပ်ခွန်အများအပြား သတ်မှတ်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ကုန်သွယ်ရေးဆိုင်ရာ ထိခိုက်မှုများကို ထိထိရောက်ရောက် တုံ့ပြန်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းစီးပွားရေးအင်အားကို စုစည်းအသုံးချရန် လိုအပ်ကြောင်း မလေးရှား စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခု၏ ဥက္ကဋ္ဌဖြစ်သူက ပြောကြားခဲ့သည်။
အဆိုပါ စည်းကြပ်ခွန်များက အထူးသဖြင့် လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ စားအုန်းဆီထွက်ကုန်များ၊ ရော်ဘာအခြေပြု ထွက်ကုန်များ၊ အထည်အလိပ်များနှင့် အဝတ်အထည်များ စသော မလေးရှားပို့ကုန်များကို အကြီးအကျယ် ထိခိုက်စေဖွယ်ရှိကြောင်း၊ ယင်းတို့မှာ မလေးရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံကြား ကုန်သွယ်မှုကို အဓိက အားဖြည့်ပံ့ပိုးပေးသော ထုတ်ကုန်များထဲတွင် ပါဝင်နေခြင်းကြောင့်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သူ William Ng က မကြာမီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“စည်းကြပ်ခွန် ပိုမိုမြင့်မားလာခြင်းက သွင်းကုန်လုပ်ငန်းရှင်တွေကိုရော ပို့ကုန်လုပ်ငန်းရှင်တွေကိုပါ ကုန်ကျစရိတ် မြင့်တက်စေပြီး အမေရိကန်ဈေးကွက်မှာတင်မကဘဲ တခြားဈေးကွက်တွေမှာပါ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်နိုင်မှုကို လျော့ကျစေသလို အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကြား အလုပ်အကိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ထိခိုက်စေမယ့် အလားအလာရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းစည်းကြပ်ခွန်များက အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် “သတိပေးအချက်ပြမှု” ဖြစ်ကြောင်း၊ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံအနေဖြင့် အာဆီယံဘုံဈေးကွက် တည်ထောင်ရေး ဆွေးနွေးမှုများကို တစ်ဖန်ပြန်၍ လုပ်ဆောင်ခြင်း၊ အကောက်ခွန်အဖွဲ့အစည်း ပုံစံတစ်မျိုးကို ခွင့်ပြုပေးခြင်း၊ စည်းကြပ်ခွန်မဟုတ်သော ကုန်သွယ်ရေး အတားအဆီးများ ပိုမိုလျှော့ချပေးခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တစ်နိုင်ငံချင်းစီရဲ့ ဈေးကွက်တွေက အရွယ်အစား အတန်သင့်သေးငယ်တဲ့အတွက် ဒေသတွင်း ပေါင်းစည်းညီညွတ်မှုရှိဖို့ မုချလိုအပ်ပါတယ်။ အာဆီယံ အသိုက်အဝန်းတစ်ခုလုံးကို စုပေါင်းလိုက်မယ်ဆိုရင်တော့ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ကမ္ဘာ့စတုတ္ထ စီးပွားရေးအင်အားအကြီးဆုံး ဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာရှိနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် ဗန်ကူးဗားမြို့ရှိ စူပါမားကတ်တစ်ခု၌ “ကနေဒါထုတ်ကုန်ကို ဝယ်ယူအားပေးပါ” ဟူသော ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ရှော့ပင်းမောတစ်ခု၌ ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်တစ်ဆိုင် အပြင်ဘက်တွင် လူများသွားလာနေပုံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
Malaysian business group president urges ASEAN to counter U.S. tariff hike
KUALA LUMPUR, April 7 (Xinhua) — Members of the Association of Southeast Asian Nations (ASEAN) need to pull their collective economic power to effectively respond to the U.S.-initiated trade disruptions, following a slew of tariffs imposed on most economies worldwide, according to the president of a Malaysian business group.
These tariffs are likely to significantly affect Malaysian exports, particularly in electrical and electronics, palm oil derivatives, rubber-based products and textiles and garments, as these are among the key contributors to Malaysia’s trade with the United States, Small and Medium Enterprises Association of Malaysia President William Ng recently told Xinhua.
“The higher tariffs will lead to increased costs for both importers and exporters, reduce our competitiveness not only in the U.S. market, but in other markets as well, and potentially affect jobs and investments among SMEs,” he said.
Calling the tariffs a “wake-up call” for ASEAN member states, Ng said Malaysia, as the current ASEAN chair, should push to reboot talks on creating a single ASEAN market, allowing for some form of customs union, and further reducing non-tariff barriers. “This intra-region cohesion is essential, given the relatively small size of individual markets. Collectively, ASEAN is on track to become the fourth-largest economy in the world by 2030,” he said.
English Caption 1
U.S. President Donald Trump shows an executive order on “reciprocal tariffs” at the Rose Garden of the White House in Washington, D.C., the United States, on April 2, 2025. (Xinhua/Hu Yousong)
English Caption 2
A “Shop Canadian” sign is seen at a supermarket in Vancouver, British Columbia, Canada, March 4, 2025. (Photo by Liang Sen/Xinhua)
English Caption 3
People walk outside a shop on sale at a shopping mall in Kuala Lumpur, Malaysia, Dec. 26, 2022. (Xinhua/Zhu Wei)