Connect with us

China

အမေရိကန်နိုင်ငံက စည်းကြပ်ခွန် အစီအမံများကို အရှိန်မြှင့်လုပ်ဆောင်မည်ဆိုလျှင် တရုတ်နိုင်ငံအနေဖြင့် တန်ပြန်မှုအစီအမံများကို ပြတ်ပြတ်သားသား လုပ်ဆောင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြော

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံက ၎င်းတို့၏ စည်းကြပ်ခွန် အစီအမံများကို အရှိန်မြှင့်လုပ်ဆောင်မည်ဆိုလျှင် တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားများကို ကာကွယ်ရန် တန်ပြန်မှုအစီအမံများကို ပြတ်ပြတ်သားသား လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်၌ ပြောကြားခဲ့သည်။
တရုတ်သွင်းကုန်များအပေါ် ထပ်တိုးစည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်မည်ဟု အမေရိကန်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကာ ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုကိုလည်း ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအပေါ် အမေရိကန်၏ “အပြန်အလှန်စည်းကြပ်ခွန်များ” ဟူသော အစီအမံများမှာ အခြေအမြစ်မရှိဘဲ တစ်ဖက်သတ် အနိုင်ကျင့်ဗိုလ်ကျသည့် လုပ်ရပ်စစ်စစ်သာဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
တရုတ်နိုင်ငံက ကျင့်သုံးဆောင်ရွက်ခဲ့သည့် တန်ပြန်မှုအစီအမံများမှာ မိမိတို့၏ အချုပ်အခြာအာဏာ၊ လုံခြုံမှု၊ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပုံမှန် နိုင်ငံတကာကုန်သွယ်ရေး စည်းစနစ်ကို ထိန်းသိမ်းရန် ရည်ရွယ်သည့် အပြည့်အဝ တရားဝင်မှုရှိသော လုပ်ဆောင်ချက်များသာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
China will resolutely take countermeasures if U.S. escalates tariff measures: commerce ministry
BEIJING, April 8 (Xinhua) — China will resolutely take countermeasures to safeguard its rights and interests should the United States escalate its tariff measures, the country’s commerce ministry said Tuesday.
The comments were made by a spokesperson with the Ministry of Commerce after the United States threatened to impose an additional 50-percent tariff on Chinese imports, which the spokesperson said China firmly opposes.
The U.S. so-called “reciprocal tariffs” against China are groundless and a typical practice of unilateral bullying, the spokesperson said.
The spokesperson noted that the countermeasures China has adopted are entirely legitimate actions aimed at protecting its sovereignty, security, and development interests, as well as maintaining a normal international trade order.