Connect with us

China

အမေရိကန်၏ စည်းကြပ်ခွန် အလွဲသုံး အနိုင်ကျင့်ဗိုလ်ကျမှုက ဟေတီနိုင်ငံကိုပင် အလွတ်မပေး ဟု တရုတ်ကိုယ်စားလှယ် ပြောကြား

ကုလသမဂ္ဂ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံက ဟေတီနိုင်ငံအပေါ် ထပ်တိုးကောက်ခံသည့် “အခြေခံစံနှုန်း စည်းကြပ်ခွန်” ၁၀ ရာခိုင်နှုန်း ဆိုသည်မှာ အမေရိကန်၏ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် စီးပွားရေး ဗိုလ်ကျအနိုင်ကျင့်မှုသည် ဟေတီကဲ့သို့ ပြိုလဲခါနီး၊ ပြည်သူ့ဘဝရှင်သန်ရပ်တည်ရေး ခက်ခဲနေကာ ယဲ့ယဲ့သာရှိသော နိုင်ငံကိုပင် အလွတ်မပေးကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဧပြီ ၂၁ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဟေတီနိုင်ငံအရေး တံခါးဖွင့်အစည်းအဝေး၌ ပြောကြားခဲ့သည်။

ဟေတီသည် လွတ်လပ်ရေးကြေညာခဲ့သည့် ပထမဆုံး လက်တင်အမေရိက နိုင်ငံဖြစ်သော်လည်း ကာလကြာရှည် စစ်ရေးသိမ်းပိုက်ခံရမှု၊ ပြည်ပစွက်ဖက်မှုနှင့် စီးပွားရေး အမြတ်ထုတ်ခံရမှုများကြောင့် ကံကြမ္မာဆိုးများစွာနှင့် ကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်း၊ ဤဖြစ်စဉ်တွင် အမေရိကန်သည် အစဉ်အမြဲအားဖြင့် ဟေတီနိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို သက်ရောက်မှုရှိသည့် အကြီးမားဆုံးသော ပြင်ပအကြောင်းရင်း ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

အမေရိကန်သည် အစဉ်အမြဲအားဖြင့် ဟေတီနိုင်ငံရေးအခင်းအကျင်း၏ နောက်ကွယ်က ချုပ်ကိုင်သူဖြစ်ကြောင်း ကိန်းစွမ်က ထောက်ပြ ပြောကြားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း အမေရိကန်သည် ဟေတီကို ပြောင်ပြောင်တင်းတင်း စစ်တပ်စေလွှတ်ပြီး ရုပ်သေးအစိုးရကို ပျိုးထောင်ပေးခဲ့သလို ဟေတီ၏ အခြေခံဥပဒေကို ပြင်ဆင်ကာ ဟေတီနိုင်ငံရေးတွင် ထဲထဲဝင်ဝင် ကြားဝင် ဆောင်ရွက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်က အမေရိကန်၏ ချုပ်ကိုင်မှုအောက်တွင် ဟေတီ၏ လက်ရှိ နိုင်ငံရေး အသွင်ကူးပြောင်းမှုအစီအစဉ် ဖြစ်တည်လာသော်လည်း တစ်နှစ်ကြာပြီးနောက် အမေရိကန်က ၎င်းတို့အစိုးရအပြောင်းအလဲဖြစ်ကာ ဟေတီနိုင်ငံရေးအသွင်ကူးပြောင်းမှုကို လျစ်လျူရှုထားသဖြင့် ဟေတီသည် ပြည်တွင်းအခက်အခဲကြောင့် အင်အားယုတ်လျော့လာမှုနှင့် ရှုပ်ထွေးမှုများ အတွင်း ကျရောက်သွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် အစဉ်အမြဲအားဖြင့် ဟေတီ၏ အဓိက လက်နက်အရင်းအမြစ်နိုင်ငံဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် လုံခြုံရေးကောင်စီတွင် ဟေတီနိုင်ငံတစ်ခုလုံးအပေါ် လက်နက်သယ်ယူပို့ဆောင်မှု တားမြစ်ရေးကို သဘောတူညီခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာ၌ အပေါ်ယံသာ အစဉ်အမြဲ ဆောင်ရွက်ခဲ့ရာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ ဟေတီနိုင်ငံသို့ တရားမဝင် လက်နက်များ စဉ်ဆက်မပြတ် စီးဝင်စေခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်နိုင်ငံသည် ဟေတီနိုင်ငံဆိုင်ရာ နိုင်ငံစုံလုံခြုံရေး ကူညီထောက်ပံ့ရေးအဖွဲ့ကို ဖွဲ့စည်းရန် တွန်းအားပေးပြီး ကူညီထောက်ပံ့ရေးအဖွဲ့အတွက် ငွေကြေး အကူအညီပေးမည်ဟု ဆိုခဲ့ကြောင်း၊ သို့သော် တစ်နှစ်ကျော်ကြာကာလအတွင်း အမေရိကန်၏ ပါဝင်မှုက အလွန်ပင် အကန့်အသတ်ရှိသည့်အပြင် အချိန်အပိုင်းအခြားတစ်ခုတွင် ငွေကြေးမလုံလောက်မှုကို အကြောင်းပြကာ ကူညီထောက်ပံ့ရေးအဖွဲ့ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းသော လှုပ်ရှားမှုအဖြစ် ပြောင်းလဲရန် ကြံစည်ခဲ့ရာ ကုလသမဂ္ဂနှင့် အခြားအဖွဲ့ဝင်နိုင်ငံများကို “အလိုအလျောက်ငွေထုတ်စက် (ATM)” အဖြစ် ပြောင်ပြောင်တင်းတင်း သဘောထားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန်နိုင်ငံသည် အစဉ်အမြဲအားဖြင့် ဟေတီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက အနှောင့်အယှက် ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ အမေရိကန်သည် ဟေတီနိုင်ငံ အကူအညီ အလိုအပ်ဆုံးအချိန်တွင် “မိမိနိုင်ငံ ဦးစားပေးရေး” ကို အကြောင်းပြကာ ပြည်ပသို့ အကူအညီများ များစွာ လျှော့ချခဲ့ပြီး ဟေတီရွှေ့ပြောင်းနေထိုင်သူများကို နေရပ်သို့ အဆက်မပြတ် ပြန်လွှတ်ခဲ့ကြောင်း၊ အံအားသင့်ဖွယ် အကောင်းဆုံးမှာ မကြာသေးမီက အမေရိကန်သည် ကမ္ဘာက အမှားဟု ယူဆထားသည့် ကုန်သွယ်ရေးမိတ်ဖက်အားလုံးအပေါ် စည်းကြပ်ခွန် အလွဲသုံးကောက်ခံမည်ဟု ကြေညာလိုက်ချိန် ကုလသမဂ္ဂက ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းတွင် ထည့်သွင်းထားသည့် ဟေတီနိုင်ငံကိုလည်း “အခြေခံစံနှုန်း စည်းကြပ်ခွန်” ဟုဆိုသည့် အကောက်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံခဲ့ကြောင်း၊ အမေရိကန်၏ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် စီးပွားရေး ဗိုလ်ကျအနိုင်ကျင့်မှုသည် ဟေတီကဲ့သို့ ပြိုလဲခါနီး၊ ပြည်သူ့ဘဝရှင်သန်ရပ်တည်ရေး ခက်ခဲနေကာ ယဲ့ယဲ့သာရှိသော နိုင်ငံကိုပင် အလွတ်မပေးခဲ့ရာ မည်မျှ ရက်စက်ကြမ်းကြုတ်၍ မည်မျှ အဓိပ္ပာယ်မဲ့သလို မည်မျှ ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှကြောင်း၊ ဟေတီ၏ အနာဂတ်ကံကြမ္မာသည် အမေရိကန်က မဟာဗျူဟာ ကိုယ်ကျိုးစီးပွားဖော်ဆောင်ရာတွင် စတေးခံမဖြစ်သင့်ကြောင်း၊ “အမေရိကန်နှင့် သိပ်နီးကပ်ခြင်း” မှာလည်း ဟေတီ၏ကျိန်စာမဖြစ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဟေတီနိုင်ငံပြည်သူများ၏ ခါးသီးလှသည့်အခက်အခဲများကို နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာမိပါကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဟေတီ၏ ယန္တရားနှင့် စွမ်းရည် တည်ဆောက်မှုကို အားဖြည့်ရာတွင် ဆက်လက် ကူညီပံ့ပိုးကာ ဟေတီနိုင်ငံက လွတ်လပ်စွာ ကိုယ့်အားကိုယ်ကိုးခြင်းဖြင့် အင်အားတောင့်တင်းစေသည့် အမှီအခိုကင်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် ဆောလျင်စွာ လျှောက်လှမ်းနိုင်ရေးအား တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ဤဖြစ်စဉ်တွင် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————–
(Chinese Version)
中方代表:美国滥施关税霸凌连海地也不放过
新华社联合国4月21日电 中国常驻联合国副代表耿爽21日在安理会海地问题公开会上发言时说,美国对海地加征10%的所谓“基准关税”,美国的单边主义、保护主义和经济霸凌连海地这样一个濒临崩溃、民不聊生的脆弱国家也不放过。
耿爽表示,海地是第一个宣布独立的拉美国家,却因长期受到军事占领、外部干涉和经济剥削而命运多舛。在此过程中,美国始终是影响海地安全、稳定和发展的最大外部因素。
耿爽指出,美国一直是海地政局的幕后操盘手。过去100多年间,美国悍然出兵海地,扶植傀儡政权,篡改海地宪法,深度介入海地政治。一年前,正是在美国一手操纵下,形成了海地当前的政治过渡安排,但一年后,美国却因自身政府更迭而对海地政治过渡不管不顾,任由其陷入内耗和混乱。
耿爽表示,美国一直是海地武器的主要来源国。美国虽然同意安理会对海地全境实施武器禁运,但在执行上却始终敷衍了事,纵容非法武器从美国佛罗里达州源源不断流入海地。2023年10月,美国一手推动组建海地多国安全支助团,声称将为支助团提供资金支持。但一年多来,美国的投入相对有限,甚至一度以资金不足为由企图将支助团转型为联合国维和行动,赤裸裸地将联合国和其他会员国当作“自动提款机”。
耿爽说,美国一直是海地发展的主要干扰源。美国在海地最需要帮助的时侯以“本国优先”为由大幅削减对外援助,不断遣返海地移民。最令人叹为观止的是,不久前,美国冒天下之大不韪宣布对所有贸易伙伴滥施关税时,居然也对海地这一联合国列名的最不发达国家加征10%的所谓“基准关税”。美国的单边主义、保护主义和经济霸凌连海地这样一个濒临崩溃、民不聊生的脆弱国家也不放过,何其粗暴,何其荒唐,何其悲哀。海地的前途命运不应该成为美国谋求自身战略利益的牺牲品。“离美国太近”也不应该成为海地的诅咒。
耿爽表示,中方对海地人民的苦难深表同情。国际社会应当继续帮助海地加强机制和能力建设,推动海地早日走上独立自强、自主发展的道路。在此过程中,中方愿继续同各方一道发挥建设性作用。(完)